ကမ္ဘောဇတိုင်း
.
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ
အမျိုးသား ၂ ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏
ယနေ့ ဩဂုတ်လ ၇ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက် အရ သိရသည်။
.
.
အဆိုပါ ပိုးတွေ့လူနာ ၂ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နေ
အသက် ၂၈ နှစ်အရွယ် အမျိုးသား နှင့် ချင်းပြည်နယ်၊ တီတိန်မြို့နယ်နေ အသက် ၂၄ နှစ်အရွယ်အမျိုးသားတို့ဖြစ်ပြီး
၂ ဦးလုံးမှာ အိန္ဒိယနိုင်ငံမှ ပြန်လာသူများ ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆ ရက်တွင် COVID-19 ရောဂါ ဓါတ်ခွဲစမ်းသပ်မှုများ အနေဖြင့် အမျိုးသားကျန်းမာရေး
ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)
မှ ဓာတ်ခွဲနမူနာ ၈၁၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၃၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(မန္တလေး) (PHL, Mandalay) မှ
ဓာတ်ခွဲနမူနာ ၁၅၈ ခု၊
ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၈၀
ခုနှင့် ရန်ကုန်မြို့၊
အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၁၉ ခု၊ စုစုပေါင်း ၁၃၀၈
ခုအား စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ယနေ့ ဩဂုတ်လ ၈ ရက်အထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၃၅၉ ဦး ရှိလာနေပြီ ဖြစ်ပြီး ယင်းတို့အနက် ၆ ဦး သေဆုံး၍
ရောဂါပိုး ကင်းစင်လာသူ ၃၀၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
.