ကမ္ဘောဇတိုင်း
.
ဆူဒန်နိုင်ငံမှ ပြန်လာသူ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင်
COVID-19
ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဩဂုတ်လ
၅ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ အမျိုးသမီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတန်ခွန်မြို့နယ်တွင်
နေထိုင်သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူတစ်ဦးဖြစ်ကြောင်း
သိရသည်။
ဩဂုတ်လ ၄ ရက်အတွက် ဓါတ်ခွဲစမ်းသပ်မှု အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(ရန်ကုန်) (NHL) မှ (ပထမ +
ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၅၄၄ ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၀၄ ခု၊ စုစုပေါင်း ဓါတ်ခွဲနမူနာ ၇၄၈ ခုအား
စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဩဂုတ်လ ၅ ရက် အထိ
COVID-19
ပိုးတွေ့အတည်ပြုလူနာ ၃၅၆ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက် ရောဂါပိုး
ကင်းစင်လာသူ ၃၀၂ ဦး ရှိကာ သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.