တောင်ကြီးဓါတ်ခွဲခန်းတွင် စက်တင်ဘာ လဆန်းမှ စတင်၍ COVID-19 ရောဂါပိုး ဓါတ်ခွဲစစ်ဆေး နိုင်တော့မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, August 31, 2020

တောင်ကြီးဓါတ်ခွဲခန်းတွင် စက်တင်ဘာ လဆန်းမှ စတင်၍ COVID-19 ရောဂါပိုး ဓါတ်ခွဲစစ်ဆေး နိုင်တော့မည်


စုလှိုင်
.
တောင်ကြီးမြို့၊ စဝ်စံထွန်း အထွေထွေရောဂါကုဆေးရုံ၊ ၅ ထပ်ဆောင်ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာ ဌာန(တောင်ကြီး) ဓါတ်ခွဲခန်းတွင် စက်တင်ဘာ လဆန်းမှ စတင်၍ COVID-19 အပါအဝင် အခြား ရောဂါ များကို ဓါတ်ခွဲ စမ်းသပ်စစ်ဆေးပေး နိုင် တော့မည်ဖြစ်သည်ဟု သိရသည်။
.
.
စက်တင်ဘာလ ၄ ရက် ၅ ရက် လောက်မှာ စစ်နိုင်ဖို့တော့ ကြိုးစား နေပါတယ်။ အခုက စက်ပစ္စည်း တစ် ခု အဆင်မပြေ ဖြစ်နေတဲ့အတွက် အ လှူရှင် ဆီကနေ တောင်းခံထားပါ တယ်။ အဲဒါ ရောက်ပြီဆိုရင် စစ်လို့ရ ပါပြီ။ ပစ္စည်းကတော့ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာနနဲ့ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေက ဆက် တိုက် ပေးပို့ပေးနေပါတယ်။ COVID -19 ကာလမှာ နိုင်ငံတကာလေ ကြောင်းလိုင်းတွေက ပစ္စည်းမှာတဲ့ အ ခါမှာ ကြန့်ကြာမှုတွေ ရှိနေပါတယ်။ ခု ရက်အတွင်းမှာ ပစ္စည်းတွေကို ရ သ လောက် ဖြည့်ဆည်းပေးနေပါတယ်။ တင်ဒါအောင်တဲ့ ပစ္စည်းတွေ မရခင် စပ်ကြားမှာ NHL ကနေ ပေးပို့ နေပါ တယ်”ဟု ပြည်သူ့ ကျန်းမာရေးဓါတ် ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)မှ အထူး ကုဆရာဝန်ကြီး (အဏုဇီဝ)ဒေါက် တာ ပိုးပိုးလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
COVID-19 ရောဂါပိုး ဓါတ်ခွဲ စစ် ဆေးမှု ပြုလုပ်ရာတွင် တစ်ဦးလျှင် တစ်ကြိမ် ငွေကျပ် ၂ သိန်းကျော် ကုန် ကျမည် ဖြစ်ပြီး Quarantine ဝင် ရောက်နေချိန်တွင် တစ်ကြိမ်၊ ထွက် ခါ နီးတွင် တစ်ကြိမ်၊ တစ်ဦးကို ၂ ကြိမ် စစ်ဆေးပေးရမည် ဖြစ်သောကြောင့် ၄ သိန်းကျော် ကုန်ကျမည် ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) နှင့် ပြည်သူ့ ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန (PHL)များ အားလုံးအတွက် လုံလုံ လောက်လောက် စစ်ဆေးပေးနိုင်ရန်  စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
.
ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာနရဲ့ ညွှန်ကြားချက် အတိုင်းပဲ စစ်ဆေး ပေးရမှာပါ။ အထက်ကညွှန် ကြားတဲ့အပေါ်မှာ မူတည်ပြီး လက်ခံ စစ်ဆေးရမှာဖြစ်ပါတယ်။ဘယ်မြို့ နယ်ကိုတော့ လက်မခံဘူး၊ ဘယ်မြို့ နယ်ကိုတော့ ပို့ ဆိုပြီး ညွှန်ကြား ပိုင် ခွင့် မရှိပါဘူး”ဟု ဒေါက်တာ ပိုးပိုး လင်းက ဆက်လက် ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေး ရုံရှိ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင် ရာဌာန (Public Health Laboratory- PHL)တွင် အထူးကုဆရာဝန်ကြီး ဒေါက်တာ ပိုးပိုးလင်းအပြင် ဦးစီးအ ရာရှိတစ်ဦး၊Medical Technologic ၂ ဦး၊ စုစုပေါင်း ဆရာဝန် ၄ ဦးဖြင့် စစ် ဆေးပေးသွား မည်ဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ ဓါတ်ခွဲစမ်းသပ် စက် ထားရှိနိုင်ရန်အတွက် ဓါတ်ခွဲခန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် သဘာဝဘေး ရန်ပုံငွေ ကျပ် ၁၂၆၄ သိန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့် စက်ကိရိယာ ၁၄ မျိုးကို ဝေအောင်ကမ္ဘာ ကျောက်မျက်ကုမ္ပ ဏီလီမိတက်မှ လှူဒါန်းထားခြင်းဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats