COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၂ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၂ ဦး ထပ်မံတွေ့ရှိ


ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံတစ်တစ်ဝှမ်းတွင် COVID-19 ရောဂါ ဓါတ်ခွဲ အတည်ပြုလူနာ ၁၂ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ပိုးတွေ့လူနာ ၇၈၇ ဦး အထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဩဂုတ်လ ၃၁ ရက်၊ နံနက် ၈ နာရီ အချိန် ထုတ်ပြန်ချက်အရ သိရသည်။
.

.
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာများမှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၄ ဦး၊ စစ်တွေမြို့နယ်မှ ၃ ဦး၊ ကျောက်ဖြူ မြို့နယ်မှ ၃ ဦး၊ ကျောက်တော်မြို့နယ်မှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ ၁ ဦးတို့ဖြစ်ကာ COVID-19 ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် ရှိသူများနှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများ ဖြစ်ကြောင်း သိရသည်။
.
ဩဂုတ်လ ၃၀ ရက်၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၁၀၀၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၃၇ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၉ ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၉၈ ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁၁၇၂ ခုအား ထပ်မံစစ်ဆေးခဲ့ရာ လူနာအသစ် ၁၂ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ယနေ့ ဩဂုတ်လ ၃၁ ရက်အထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၇၈၇ ဦး ရှိလာပြီ ဖြစ်ပြီး ယင်းတို့အနက် ၆ ဦး သေဆုံး၍ ၃၅၂ ဦးမှာ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats