ကမ္ဘောဇတိုင်း
.
COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၆ ဦး ထပ်မံ
တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သြဂုတ်လ ၃၀ ရက်၊ နံနက် ၈
နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ
၃ ဦး၊ တာမွေမြို့နယ်မှ ၂ ဦး၊ မြောက်ဥက္ကလာမြို့နယ်မှ ၂ ဦး၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှ
၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာ၊ ပဲခူးတိုင်း၊
ရွှေတောင်၊ ရခိုင်ပြည်နယ်၊ မင်းပြား၊ ကျောက်ဖြူမြို့နယ်များမှ တစ်ဦးစီ စုစုပေါင်း
၁၆ ဦးတို့ဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၂၉ ရက်အတွက် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများအနေဖြင့်
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ ၁၀၈၄
ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ ၂၄၅
ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)
မှ ဓာတ်ခွဲနမူနာ ၁၁၀ ခု၊
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ ၂၇၂
ခု၊ ပြည်သူ့ဆေးရုံကြီး၊
စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၁၀၀ ခု၊ ပြည်သူ့ ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၈ ခု၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး
ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၃ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခုနှင့် ရန်ကုန်မြို့၊
အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၂၀၁ ခု၊ စုစုပေါင်း ၂၀၅၄
ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၃၀ ရက်)၊
နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၇၄၉ ဦး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက်
၆ ဦး သေဆုံး၍ ၃၅၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.