တောင်ကြီးမှ COVID-19 အတည်ပြုလူနာ အမှတ် (၆၅၂) နှင့် ထိတွေ့ဆက်စပ်မှုရှိသူများအား ဆက်သွယ်ရှာဖွေနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမှ COVID-19 အတည်ပြုလူနာ အမှတ် (၆၅၂) နှင့် ထိတွေ့ဆက်စပ်မှုရှိသူများအား ဆက်သွယ်ရှာဖွေနေ


ကိုစိုး (ကမ္ဘောဇတိုင်း)
.
တောင်ကြီးမြို့မှ COVID-19 အတည်ပြုလူနာ အမှတ် (၆၅၂) နှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူများအား ဆက်သွယ်ပြီး Facilities Quarantine ထားရှိနိုင်ရေးနှင့် ဓါတ်ခွဲနမူနာရယူနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
.
“လူနာနဲ့အတူ လေယာဉ်စီးလာတက ၃၃ ယောက် ရှိပါတယ်။ သူ့မိသားစု ၅ ယောက် ရှိပါတယ်။ အဲဒီ ၅ ယောက် ကတော့ Negative ဖြစ်ပြီးသားပါ။ လေယာဉ်ပေါ်က ၃၃ ယောက်ကတော့ ဆက်သွယ်ပြီးတော့ Facilities Quarantine ထားပြီး ဓါတ်ခွဲနမူနာ ရယူသွားမှာပါ။ အဲဒီထဲမှာ ရှမ်းတောင်မှာ ကျန်ခဲ့တာ ၂၅ ယောက်ပါ။ ၈ ယောက်ကတော့ ရန်ကုန်ကို ပြန်သွားပါပြီ။ လူနာရဲ့ ကျန်းမာရေးအခြေအနေကလည်း ကောင်းနေပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူနာအမှတ် (၆၅၂) သည် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ၎င်းသည် ဩဂုတ်လဆန်းပိုင်းက လူနာအမှတ် (၄၇၇) နှင့်အတူ ရန်ကုန်မြို့သို့ မော်တော်ယာဉ်ဖြင့် အတူ သွားရောက်ခဲ့သူဖြစ်ကာ ဩဂုတ်လ ၁၆ ရက်တွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ တောင်ကြီးသို့ ပြန်လည် ရောက်ရှိလာသူဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ယင်းလူနာအမှတ် (၆၅၂) နှင့် ထိတွေ့မှုရှိခဲ့သည့် ဟဲဟိုးလေဆိပ် တာဝန်ကျ ဟဲဟိုးတိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ၂ ဦးအားလည်း Home Quarantine ထားရှိ၍ ဩဂုတ်လ ၃၀ ရက်တွင် ဓါတ်ခွဲနမူနာ ရယူ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
.


Journal Download

Photo of three cats