COVID-19 အတည်ပြုလူနာ အသစ် ၁၅ ဦး ထပ်မံ တွေ့ရှိ၊ ရှမ်းတောင်မှ အဖြေများ မရရှိသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၁၅ ဦး ထပ်မံ တွေ့ရှိ၊ ရှမ်းတောင်မှ အဖြေများ မရရှိသေး


COVID-19 ပိုးတွေ့လူနာအသစ် ၁ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဩဂုတ်လ ၂ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ယင်း ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ် တောင်ပိုင်းမှ ပေးပို့ထားသည့် ဓါတ်ခွဲအဖြေများ မပါရှိသေးကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို ထံက သိရသည်။
.
အဆိုပါ အတည်ပြုလူနာများမှာ ရခိုင်ပြည်နယ်မှ အသွားအလာ ကန့်သတ်ထားသူ ၁၀ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ၅ ဦး တို့ ဖြစ်ကာ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊(မော်လမြိုင်)နှင့် အမှတ်(၁) တပ်မတော်ဆေးရုံတို့မှ ဓာတ်ခွဲနမူနာ ၁၃၃၄ ခုအနက် ၁ ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဩဂုတ်လ ၂ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၆၄၃ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၄၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။





Journal Download

Photo of three cats