ကမ္ဘောဇတိုင်း
.
COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၆ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ ယနေ့ ဩဂုတ်လ ၂၈ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
ဩဂုတ်လ ၂၇ ရက်အတွက် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ
အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန
(ရန်ကုန်) (NHL) မှ
(ပထမ+ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၁၁၂၇ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၃၅၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(မန္တလေး) မှ ဓာတ်ခွဲနမူနာ ၁၈၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ
ဓာတ်ခွဲနမူနာ ၂၅၆ ခု၊
ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၇ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ
၃၂ ခုနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး
ကုတင် ၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၆ ခု၊ စုစုပေါင်း ၁၉၇၆ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ခွဲစစ်ဆေးပြီးစီးချိန်နှင့်သတင်းထုတ်ပြန်ချိန်အကြားအချိန်တိုတောင်းခြင်းကြောင့်
ဓာတ်ခွဲအတည်ပြုလူနာသစ် များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၂၈ ရက်)၊ နံနက်
၈ နာရီထိ COVID-19 ပိုးတွေ့
အတည်ပြုလူနာ ၆၂၈ ဦး ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် ၆ ဦး သေဆုံး၍ ၃၄၉ ဦးမှာ ပြန်လည်
သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.