ဘုရားဖြူရပ်ကွက်၊ ဧရာဝတီလမ်းရှိ COVID-19 လူနာအမှတ် (၄၇၇) နေအိမ်အား အသွားအလာ ကန့်သတ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘုရားဖြူရပ်ကွက်၊ ဧရာဝတီလမ်းရှိ COVID-19 လူနာအမှတ် (၄၇၇) နေအိမ်အား အသွားအလာ ကန့်သတ်ထား


ကိုစိုး (ကမ္ဘောဇတိုင်း)
.
COVID-19 ပိုးတွေ့လူနာအမှတ် (၄၇၇) နေထိုင်ရာ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ဧရာဝတီလမ်းရှိ နေ အိမ်အား အသွားအလာ ကန့်သတ်မှုများ ပြုလုပ်ထားသည်ဟု သိရသည်။
.

.
“သူ့နေအိမ်ကို Lock Down ချထားပါတယ်။ လမ်းတော့ မချပါဘူး” ဟု တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးခွန်ညွန့်မောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ကလည်း “လမ်းကို Lock Down မချပါဘူး။ လောလော ဆယ်မှာတော့ ကိုယ့်ဒေသအတွင်း ကူးစက်မှုမရှိအောင် Mask တပ်ဖို့ လှုပ်ရှားမှု လေးတွေ လုပ်တယ်။ နောက်ပြီးတော့ စစ်တွေတို့၊ တခြားနေရာတို့ကနေ ပြန်လာသူတွေကို စစ်ဆေးတာတွေ သတင်းပို့တာ ရှိ/မရှိ ရပ်ကွက် အလိုက် စိစစ် တာတွေတော့ လုပ်နေပါတယ်” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ လူနာအမှတ် (၄၇၇) သည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ပြည်ပသို့ ခရီးသွား ရာဇဝင်နှင့် ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် မရှိသူဖြစ်ကာ ဩဂုတ်လ ၂၂ ရက်တွင် ရောဂါလက္ခဏာများ ပြသသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှု ခံယူခဲ့သူဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ယင်းလူနာအမျိုးသမီးနှင့် ရန်ကုန်တွင် ထိတွေ့မှုရှိခဲ့သည့် တောင်ကြီးမြို့နေ အမျိုးသမီး တစ်ဦးနှင့် မိသားစုဝင် ၅ ဦး၊ စုစုပေါင်း ၆ ဦးကိုလည်း အသွားအလာ ကန့်သတ်ထားရှိပြီး ၎င်းတို့၏ ဓါတ်ခွဲနမူနာ များကို ပေးပို့စစ်ဆေး လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats