COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိ


ကမ္ဘောဇတိုင်း
.
ရခိုင်ပြည်နယ်မှ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ ၅ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ စောင့်ကြည့်လူနာ ၁ ဦး၊ စုစုပေါင်း ၆ ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဩဂုတ်လ ၂၇ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်များအရ သိရသည်။
.


.
အဆိုပါ ပိုးတွေ့လူနာများမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင်အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ ၃ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူ ၂ ဦးနှင့် စစ်တွေမြို့သို့ ခရီးသွားရာဇဝင် ရှိသူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် နေ စောင့်ကြည့်လူနာ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
.
ဩဂုတ်လ ၂၆ ရက်တွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၁၂၈၄ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၃၁၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၇၃ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၄၃၂ ခု၊ ပြည်သူ့ ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၂၃ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၄ ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၁၄၂ ခု၊ စုစုပေါင်း ၂၂၉၆ ခုအား စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဩဂုတ်လ ၂၇ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၅၈၆ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး သေဆုံး၍ ၃၄၅ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats