COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအသစ် ၇၀ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအသစ် ၇၀ ဦး ထပ်မံတွေ့ရှိ


ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအသစ် ၇၀ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၂၆ ရက်၊ နံနက် ၈ နာရီအချိန်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
ဩဂုတ်လ ၂၅ ရက်တွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန  (ရန်ကုန်) (NHL)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၇၁၈ ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ ၁၀၇ ခု၊စုစုပေါင်း ၈၂၅ ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၀ ဦး တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
ဓာတ်ခွဲစစ်ဆေးပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ် များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြေညာထားသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ပထမဆုံး COVID-19 အတည်ပြုလူနာ တွေ့ရှိခဲ့သည့် မတ်လ ၂၃ ရက်မှ ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်း အထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၅၇၄ ဦး ရှိလာနေပြီဖြစ်ပြီး နေ့စဉ် ဓါတ်ခွဲ အတည်ပြုလူနာသစ် တွေ့ရှိမှုများအနက် ယနေ့ တွေ့ရှိမှုသည် အများဆုံးဖြစ်ကာ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်မှ ယနေ့ အထိ ၂၄ နာရီအတွင်း လူနာအသစ် ၁၀၀ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats