ကမ္ဘောဇတိုင်း
.
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယခင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိသူ ၁၃ ဦး၌ COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဩဂုတ်လ
၂၄ ရက်၊ နံနက် ၈ နာရီ အချိန် ထုတ်ပြန်ချက်များအရ သိရသည်။
.
.
အဆိုပါ COVID-19 ပိုးတွေ့လူနာ အသစ် ၁၃ ဦးသည် လူနာအမှတ်
(၃၉၇)၊ (၃၉၈)၊ (၃၉၉)၊ (၄၃၀) တို့နှင့် ထိတွေ့မှု ရှိခဲ့သည့် စစ်တွေမြို့မှ အမျိုးသား
၉ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ဖြစ်ပြီး အသက်အရွယ်အားဖြင့် အသက် ၁၁ နှစ်မှ ၉၂ နှစ် အထိ
ပါဝင်ကြောင်း သိရသည်။
ဩဂုတ်လ ၂၃ ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန
(ရန်ကုန်) (NHL) မှ (ပထမ +
ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၆၅၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၂၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)
(PHL, Mandalay) မှ
ဓာတ်ခွဲနမူနာ ၁၆၈ ခုနှင့်
ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ မှ ဓာတ်ခွဲနမူနာ ၄၁ ခု၊ စုစုပေါင်း ၁၀၉၂ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
သို့ဖြစ်၍ ယနေ့ ဩဂုတ်လ ၂၄ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင်
COVID-19
ပိုတွေ့အတည်ပြုလူနာ ၄၆၃ ဦး ရှိလာပြီ ဖြစ်ပြီး ၎င်းတို့အနက် ၆ ဦးသေဆုံး၍
၃၄၁ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.