ကမ္ဘောဇတိုင်း
.
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ COVID-19 ပိုးတွေ့အတည်ပြုလူနာ ၃ ဦး ထပ်မံတွေ့ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်း တွင် စုစုပေါင်း
ပိုးတွေ့လူနာ စုစုပေါင်း ၄၄၄ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ယနေ့ ဩဂုတ်လ ၂၃ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ ပိုးတွေ့လူနာ အသစ် ၃ ဦးအနက် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ
အသက် ၂၄ နှစ်အရွယ် အမျိုးသားသည် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး ရခိုင်ပြည်နယ်၊
သံတွဲမြို့နယ်မှ အသက် ၅၈ နှစ်အရွယ်နှင့် အသက် ၂၀ နှစ်အရွယ် အမျိုးသားတို့သည် ပြည်ပသို့
ခရီးသွားရာဇဝင်နှင့် ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် မရှိ သော်လည်း
လွန်ခဲ့သည့် ၁၄ ရက်အတွင်း စစ်တွေမြို့သို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင် ရှိသူများ
ဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၂၂ ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ
ဌာန (ရန်ကုန်)(NHL) မှ
ဓာတ်ခွဲနမူနာ ၅၉၂ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ ၁၂၇ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)
(PHL, Mandalay) မှ
ဓာတ်ခွဲနမူနာ ၂၇၆ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၁၀၉
ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၃၉ ခုနှင့် ရန်ကုန်မြို့၊
တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၄၇ ခု၊ စုစုပေါင်း ၁၂၉၀ ခုအား
စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ယနေ့ ဩဂုတ်လ ၂၃ ရက်၊ နံနက်ပိုင်းအထိ
COVID-19
ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၄၄၄ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက်
၆ ဦး သေဆုံး၍ ၃၃၈ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.