ကမ္ဘောဇတိုင်း
.
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ပိုးတွေ့လူနာ ၁၀ ဦး ထပ်မံတွေ့ရှိကြောင်း
ကျန်းမာရေးနှင့် အားကစာ ဝန်ကြီးဌာန၏ ယနေ့ ဩဂုတ်လ ၂၁ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ
သိရသည်။
.
.
အဆိုပါ အတည်ပြုလူနာများမှာ ပြည်ပသို့ ခရီးသွားရာဇဝင်နှင့် COVID-19 ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ ခဲ့သည့် ရာဇဝင် မရှိသော်လည်း ဓါတ်ခွဲအတည်ပြုလူနာများနှင့်
တိုက်ရိုက်ထိတွေ့သူများ၏ ဆက်နွယ်သူများ ဖြစ်ကြကာ စစ်တွေမြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူများ
ဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၂၀ ရက်အတွက် COVID-19 ရောဂါ ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုများ
အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၁၀၉၆
ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)
မှ ဓာတ်ခွဲနမူနာ ၁၆၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၇၉
ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၁၇၆
ခု၊ စုစုပေါင်း ၁၆၁၁ ခုအား စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် ယနေ့ ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၄၀၉ ဦး ရှိလာ နေပြီဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး သေဆုံး၍
၃၃၃ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် စစ်တွေမြို့နယ်အတွင်းရှိ
ပြည်သူများအား နေအိမ်တွင် နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ဩဂုတ်လ
၂၀ ရက်၊ ညပိုင်းတွင် အမိန့်အမှတ် (၉၃/၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာထားသည်။
.