စစ်တွေတွင် COVID-19 ပိုးတွေ့လူနာ ၂ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်တွေတွင် COVID-19 ပိုးတွေ့လူနာ ၂ ဦး ထပ်တိုး


ကမ္ဘောဇတိုင်း
.
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ပိုးတွေ့အတည်ပြုလူနာ ၂ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဩဂုတ်လ ၂၀ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ ပိုးတွေ့အတည်ပြုလူနာ ၂ ဦး အနက် တစ်ဦးမှာ COVID-19 အတည်ပြုလူနာ အမှတ်စဉ် (၃၇၅) နှင့် ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့် အသက် ၄၀ အရွယ် အမျိုးသားဖြစ်ပြီး ကျန်တစ်ဦးမှာ ခရီးသွားရာဇဝင်နှင့် အတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသူ အသက် ၂၉ နှစ်အရွယ် စောင့်ကြည့်လူနာ အမျိုးသမီးဖြစ်ကြောင်း သိရသည်။
.
ဩဂုတ်လ ၁၉ ရက်အတွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၅၆၄ ခုနှင့် ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ကုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၉၅ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၆၅၉ ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအသစ် ၂ ဦး တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ ဩဂုတ်လ ၂၀ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၉၆ ဦးရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် သေဆုံးသူ ၆ ဦးနှင့် ရောဂါမှ ပြန်လည်သက်သာလာသူ ၃၃၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats