COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဘာသာရေးဆိုင်ရာ ကျောင်းများ ပြန်လည် ဖွင့်လှစ်ရာ၌ လိုက်နာရမည့် စည်းကမ်းများ ညွှန်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဘာသာရေးဆိုင်ရာ ကျောင်းများ ပြန်လည် ဖွင့်လှစ်ရာ၌ လိုက်နာရမည့် စည်းကမ်းများ ညွှန်ကြား


မင်းမင်း
.
ဘုန်းတော်ကြီးကျောင်းများ၊ Church ကျောင်း၊ ဗလီကျောင်း၊ ဟိန္ဒူဘုရားကျောင်းများ ပြန်လည်ဖွင့်လှစ်ရာ၌ လိုက်နာ ဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီက ညွှန်ကြားထားသည်ဟု သိရသည်။
.

.
အဆိုပါ ဘာသာရေးကျောင်းများ ပြန်လည်ဖွင့်လှစ်ရာ၌ တစ်ဦးနှင့် တစ်ဦးကြား ၆ ပေ ပတ်လည်ခွာ၍ ဝတ်ပြုနိုင်ရေးအတွက် နေရာသတ်မှတ်ထားရန်၊ ဝင်ပေါက်များတွင် အပူချိန်တိုင်းခြင်း၊ လက်ဆေးဘေစင်များ၊ ဆပ်ပြာများ၊ လက်သန့်စင်ဆေးရည်များ အလွယ်တကူနှင့် လုံလောက်စွာ ရရှိသုံးစွဲနိုင်ရေး စီစဉ်ထားရှိရန်၊ လူဦးရေ များပြားပါက အလှည့်ကျစနစ်ဖြင့် ဝတ်ပြုနိုင်ရေး၊ ဝတ်ပြုသည့်အချိန်တိုင်းတွင် လူဦးရေ ၃၀ ထက်မပိုစေရန်နှင့် Social Distancing သေချာစွာလိုက်နာရန် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သတ်မှတ် ထုတ်ပြန်ထားသည်ဟု သိရသည်။
.
ထို့အပြင် လူဦးရေများပြားသဖြင့် အကြိမ်အရေအတွက်တိုးပြီး ဆောင်ရွက်ရမည်ဆိုပါက တစ်ကြိမ်နှင့် တစ်ကြိမ် အနည်းဆုံး ၁ နာရီခြားကာ ဆောင်ရွက်ရန်၊ ဘုန်းကြီးကျောင်း၊ Church ကျောင်း၊ ဗလီများနှင့် ဟိန္ဒူကျောင်းများ အတွင်း ဝင်ပေါက်ထွက်ပေါက်များကို ၆ ပေအကွာနေရာများ သတ်မှတ်ထားရန်၊ ပြင်ပတွင် စောင့်ဆိုင်းနေသူများ ကိုလည်း လူစုလူဝေးမဖြစ်စေရေး စီစဉ်ဆောင်ရွက်ထားရန် ညွှန်ကြားထားကြောင်းသိရှိရသည်။
.
ဘုန်းကြီးကျောင်း၊ Churchကျောင်း၊ ဗလီများနှင့် ဟိန္ဒူဘုရားရှိခိုးကျောင်းများရှိ တာဝန်ရှိသူများလိုက်နာရမည့် အချက် ၁၀ ချက် သတ်မှတ်ထားကာ ဝတ်ပြုဆုတောင်းသူများ လိုက်နာရမည့်အချက်များမှာ ဝတ်ပြုရန်အခင်းများကို မိမိအစီအစဉ်ဖြင့် တစ်ပါတည်းယူဆောင်လာရန်၊ ဝတ်ပြုမည့်သူများအနေနှင့် အိမ်တွင်ကိုယ်လက်သန့်စင်ပြီးမှ လာရောက်ကြရန်နှင့် ဝတ်ပြုခန်းမအတွင်းသို့ မဝင်ရောက်မီ လက်ကို ရေနှင့် ဆပ်ပြာ သို့မဟုတ် လက်သန့်စင်ဆေးရည် များဖြင့် ဆေးကြောရန် ညွှန်ကြားထားကြောင်း သိရသည်။
.
အလားတူ ဝတ်ပြုသူများအနေနှင့် ဝတ်ပြုပြီးတိုင်း လက်သန့်စင်နိုင်ရန် လက်သန့်စင်ဆေးဘူးများ ယူဆောင်လာကြရန်၊ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုကျပ်ခြင်း စသည့်ရောဂါလက္ခဏာများ ခံစားနေရပါက လုံးဝသွားရောက်ခြင်း မပြုရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာရန်လည်း ညွှန်ကြားထားကြောင်းသိရှိရသည်။
.

Journal Download

Photo of three cats