ကမ္ဘောဇတိုင်း
.
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်ပသို့ ခရီးသွားရာဇဝင်နှင့်
ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် မရှိသူ ၃ ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဩဂုတ်လ
၁၉ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်များအရ သိရသည်။
.
.
အဆိုပါ ပိုးတွေ့လူနာ ၃ ဦးမှာ အသက် ၂၃ နှစ်အရွယ်၊ အသက် ၅၀ အရွယ်နှင့်
အသက် ၄၅ နှစ်အရွယ် အမျိုးသမီးများ ဖြစ်ကြပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် အသွားအလာ
ကန့်သတ်စောင့်ကြည့်နေသူ ၂ ဦးနှင့် စောင့်ကြည့်လူနာ ၁ ဦးတို့ ဖြစ်ကြကြောင်း သိရသည်။
ဩဂုတ်လ ၁၈ ရက်အတွက် COVID-19 ရောဂါ ဓါတ်ခွဲစမ်းသပ်မှုများအနေဖြင့်
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ ၁၂၂၃
ခု၊ ဆေးသုတေသနဦးစီးဌာန(DMR)
မှ ဓာတ်ခွဲနမူနာ ၂၂၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၇၈
ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၅၆
ခုနှင့် ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၂၁၆
ခု၊ စုစုပေါင်း ၁၉၉၃ ခုအား စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ ဩဂုတ်လ ၁၉ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင်
COVID-19
ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၇၉ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက်
ရောဂါပိုး ကင်းစင်လာသူ ၃၃၁ ဦးနှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။
.