COVID-19 အတည်ပြုလူနာ အသစ် ၈ ဦး ထပ်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, August 13, 2020

COVID-19 အတည်ပြုလူနာ အသစ် ၈ ဦး ထပ်တွေ့

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၈ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၁၃ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.


အဆိုပါ အတည်ပြု လူနာများမှာ ဂျပန်နိုင်ငံနှင့် ယူ​အေအီးနိုင်ငံများသို့ ခရီးသွား ရာဇဝင်ရှိ၍ ရန်ကုန်တိုင်း​ဒေသကြီး၊ လှိုင်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကာ၊ ၄င်းတို့အနက် လူနာအမှတ်(၃၆၈)မှာ ​နောင်ချိုမြို့နယ်မှ အသက် ၃၃ နှစ်အရွယ် အမျိုးသမီး ဖြစ်​ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တ​လေး)နှင့် (​မော်လမြိုင်) တို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၃၅၅ ခုအနက် ၈ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၁၃ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၆၉ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၂၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About