အိန္ဒိယမှပြန်လာသူ အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့၊ စုစုပေါင်း ပိုးတွေ့လူနာ ၃၆၁ ဦး ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အိန္ဒိယမှပြန်လာသူ အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့၊ စုစုပေါင်း ပိုးတွေ့လူနာ ၃၆၁ ဦး ရှိလာ


ကမ္ဘောဇတိုင်း
.
အိန္ဒိယနိုင်ငံမှ ပြန်လာသူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဩဂုတ်လ ၁၂ ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ ပိုးတွေ့လူနာ အမျိုးသားသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး COVID-19 ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့်ရာဇဝင် မရှိသော်လည်း ပြည်ပ (အိန္ဒိယ) နိုင်ငံမှ ပြန်လာသူဖြစ်ကာ ဒဂုံမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။
.
ယနေ့ ဩဂုတ်လ ၁၂ ရက်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၅၇၉ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၀၅ ခု၊ ပြည်သူ့ကျန်း မာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၃၁ ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၅၄ ခု စုစုပေါင်း ၁၁၆၉ ခု အား စစ်ဆေးခဲ့ရာ ဓါတ်ခွဲအတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ယနေ့ ဩဂုတ်လ ၁၂ ရက်၊ ည ၈ နာရီအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၃၆၁ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက် ၆ ဦးသေဆုံး၍ ရောဂါပိုးကင်းစင်လာသူ ၃၁၈ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats