စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင် ကြီးမြို့၊
စဝ်စံထွန်းအထွေထွေရောဂါ ကုဆေးရုံဝင်းအတွင်းရှိ ပြည်သူ့ကျန်း မာ
ရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင် ကြီး) ဓါတ်ခွဲခန်းတွင် COVID-19 ရော ဂါ
ဓါတ်ခွဲစမ်းသပ် စစ်ဆေးနိုင်သည့် စက် တပ်ဆင်မှု ရာနှုန်းပြည့်နီးပါး ပြီး စီးနေပြီ
ဖြစ်သော်လည်း ဓါတ်ခွဲစမ်း သပ် စစ်ဆေးပေးနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
.
.
“အမျိုးသားကျန်းမာရေး
ဓါတ်ခွဲ မှုဆိုင်ရာဌာန (ရန်ကုန်)က နေပြီး တော့ ထပ်မံလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်
ပေးနေတယ်။ ပစ္စည်း ဝယ်စဉ် ကာလပဲ ရှိသေးတယ်။ ဓါတ်ခွဲစမ်းသပ် လို့ မရသေးပါဘူး။
ပစ္စည်းတွေ ရပြီး သွားရင် Quality
Control Test တွေ ဖြေပြီးတဲ့အခါမှ စပြီး စမ်းသပ်နိုင် မှာပါ။ စပြီး
စမ်းသပ်လို့ရရင် PHL-
Taunggyi Page ကနေ ကြေညာပေး သွားမှာပါ”ဟု ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု
ဆိုင်ရာဌာန (တောင်ကြီး)မှ အထူးကုဆရာဝန်ကြီး (အဏုဇီဝ) ဒေါက်တာပိုးပိုးလင်းက ကမ္ဘောဇ
တိုင်းသို့ ပြောသည်။
အဆိုပါ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန
(တောင်ကြီး)တွင် အထူးကုဆရာဝန်ကြီး ဒေါက်တာ ပိုးပိုး လင်းနှင့်အတူ ဦးစီးအရာရှိ တစ်
ဦး၊ ဆေးပညာဆိုင်ရာ နည်းပညာ ကျွမ်းကျင်ပညာရှင် ၂ ဦး၊ စုစုပေါင်း ၄ ဦးဖြင့် ဓါတ်ခွဲ
စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ်
လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်း “နောက် က လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်း က
လစဉ်အတွက် အများကြီးဖြစ်နေ တယ်။ ပြည်နယ်အစိုးရက အဲဒီရန်ပုံ ငွေနဲ့ ပတ်သက်ပြီး
ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနကို တင်ပြ ထားတယ်။ ကျန်းမာရေးနဲ့ အားက စား
ဝန်ကြီးဌာနက ဘယ်လို ဖြေမယ် ဆိုတာ မသိရသေးဘူး။ အဓိက က တော့ ရန်ပုံငွေပါပဲ”ဟု
ပြောဆိုခဲ့ သည်။
.
အဆိုပါ တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံရှိ ဓာတ်ခွဲခန်းကို
ရှမ်းပြည် နယ်အစိုးရ ရန်ပုံငွေဖြင့်ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ဓါတ်ခွဲခန်းတွင်
အသုံး ပြုမည့် စက်ကို ဝေအောင်ကမ္ဘာ ကျောက်မျက် ကုမ္ပဏီမှ လှူဒါန်းထား ခြင်းဖြစ်
ကြောင်း သိရသည်။
.