ကျိုင်းတုံနာရီစင် တည်ဆောက်မှု ရာနှုန်းပြည့် နီးပါး ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, August 4, 2020

ကျိုင်းတုံနာရီစင် တည်ဆောက်မှု ရာနှုန်းပြည့် နီးပါး ပြီးစီး


မယ်စု
.
ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့ တော် ကျိုင်းတုံမြို့၊ စည်ပင်သာယာ ရေး ဝင်းအတွင်း တည်ဆောက်လျက် ရှိသည့် နာရီစင် တည်ဆောက်မှုလုပ် ငန်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်ပြီး ဖွင့်ပွဲ ပြုလုပ်သွားရန် မရှိ ကြောင်း ကျိုင်းတုံမြို့နယ်စည်ပင် သာယာရေး ဌာနမှ သိရသည်။
.

.
အစကတော့ ဖွင့်ပွဲလုပ်ဖို့ ရှိပေ မဲ့ အခု COVID-19 ကာလနဲ့ဆိုတော့ ဖွင့်ပွဲ မလုပ်ပါဘူး။ အများပြည်သူတွေ ကြည့်ရှုလို့ရအောင်တော့ ဖွင့်ပေးမှာ ပါ။ နောက်တစ်ပတ်လောက်မှာ လုပ် ငန်းတွေ အပြီးသတ်မှာပါ။ ကော်မ တီ လူမှုကွန်ရက်ကနေလည်း ကြေ ညာပေးပါမယ်”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှု ဆောင်အရာရှိ ဦးကျော်မင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ နာရီစင် တည်ဆောက် မှုမှာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေ ပြီဖြစ်ပြီး တပ်ဆင်မည့် နာရီအတွက် ငွေကျပ် သိန်း ၁၄၀ ကျော်တန်ဖိုးရှိ ဆွီဒင်နိုင်ငံထုတ် နာရီများကို ဝယ်ယူ ထားပြီး ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံ မြို့ပေါ်ရှိ ထင်ရှားသော အဆောက်အုံများမှာ အထက်တန်း ကျောင်း၊ ဗရင်ဂျီသာသနာပြုများ၏ စိန်လူးဝစ် အလယ်တန်းကျောင်း၊ အ မေရိကန် ဗက်ပတစ်စာသင်ကျောင်း၊ တရုတ်ဘုံ ကျောင်းနှင့် ဗုဒ္ဓအယူဝါဒီ များ ဖြစ်ကြသော ဂုံလူမျိုးနှင့် မြန်မာ လူမျိုးတို့ ကိုးကွယ် ဆည်းကပ်သော ဘုန်းတော် ကြီးကျောင်းများ တည် ရှိပြီး ယခုနာရီစင်ပြီးစီးပါက ကျိုင်းတုံ မြို့၏ အထိမ်းအမှတ် ထင်ရှားသည့် အမှတ်အသားတစ်ခု ဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About