တောင်ကြီးမြို့၊ City Square မြေအောက်ထပ်ရှိ သား၊ ငါးရုံတွင် လျှပ်စစ်မီး ပြတ်တောက်ချိန်များ၌ အနံ့အသက်ဆိုး ထွက်ပေါ်နေသဖြင့် ကျန်းမာရေး ထိခိုက်လာစေနိုင်ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ City Square မြေအောက်ထပ်ရှိ သား၊ ငါးရုံတွင် လျှပ်စစ်မီး ပြတ်တောက်ချိန်များ၌ အနံ့အသက်ဆိုး ထွက်ပေါ်နေသဖြင့် ကျန်းမာရေး ထိခိုက်လာစေနိုင်ဟု ဆို


မင်းမင်း
.
တောင်ကြီးမြို့၊ မြို့မဈေးအရှေ့၊ City Square Shopping Center မြေ အောက်ထပ်ရှိ သားငါးရုံတွင် လျှပ် စစ်မီး ပြတ်တောက်ချိန်များ၌ အနံ့ အသက်ဆိုးများ ထွက်ပေါ်နေသဖြင့် ဈေးရောင်းချသူများအတွက် အဆင် မပြေမှုများ ကြုံတွေ့နေရပြီး ကျန်းမာ ရေးထိခိုက်လာစေနိုင်ကြောင်း အဆို ပါ ဈေးအတွင်း သား၊ ငါး ရောင်းချသူ များထံက သိရသည်။
.

.
“City Square နဲ့ ဈေးသည်နဲ့ စည်ပင်က ညှိနှိုင်းလို့မရဘူး ဖြစ်နေ တယ်။ မီးပျက်တဲ့အချိန်မှာ City Square က မီးစက်မောင်းပြီးသားငါး ရုံကို မီးပေးရလို့ ကုန်ကျတဲ့ ပိုက်ဆံကို ဈေးသည်တွေဆီက ကောက်တယ်။ ဈေးသည်တွေက ကျသင့်သလောက် ပေးပြီးပြီ။ အရင်လ ကလည်း မီး ပျက်တဲ့အချိန် မီးစက်မောင်းပြီးကုန် ကျစရိတ်ကို ဈေးသည်တွေက မျှခံ ပေးမယ်လို့ ညှိနှိုင်းထားတာကို အခု လမှာလည်း မီးပျက်တော့ သူတို့က မီးမပေးလို့ ဒီလို အနံ့အသက်ဆိုးတွေ ထွက်နေတာပါ”ဟု အသားငါးရောင်း ချသူ ကိုပြည့်စုံက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ တောင်ကြီး ဒေသခံတစ် ဦးကလည်း “သားငါးရုံထဲ ဝင်လိုက် တာနဲ့ မှိုစော်လိုလို၊ အောက်သက် သက် အနံ့ဆိုးကြီး ရနေပြီ။ အနံ့က တအားဆိုးတော့ Mask တပ်ထား တာတောင် အဲဒီအနံ့ကို မခံနိုင်ဘူး။ အသက်ရှူကြပ်လာတယ်။ အဲဒီနား က ဈေးသည်တွေလည်းနောင်မှာ ကျန်းမာရေး ထိခိုက်လာနိုင်တယ်။ စားသုံးသူတွေနဲ့ ရောင်းချသူတွေကို ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကဈေး သည်နဲ့ ဈေးဝယ်ပြည်သူ တွေအခက် အခဲမရှိအောင် ဦးစားပေးဆောင်ရွက် ပေးရမှာပါ”ဟု ၎င်း၏ အမြင်ကို ပြော ဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့မဈေး၊ သားငါးရုံတာ ဝန်ခံ ဦးနန်းအောင်ထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် “အဲဒီကိစ္စက အဆင်ပြေသွားပါပြီ။ ဒီနေ့ မနက်ပဲ မီးချောင်းတွေရော အကုန် လဲပေးလိုက် တယ်။ အနံ့ထွက် တယ် ဆိုတာကလည်း စက်တွေပြင် ပေးလိုက်လို့ ကောင်းသွားပါပြီ။ City Square နဲ့ ဈေးသည်တွေ အဆင် ပြေအောင်လည်း ညှိနှိုင်းပေးလိုက် ပါတယ်”ဟု ပြန်လည် ဖြေကြား ခဲ့ သည်။
.
အဆိုပါ City Square မြေညီထပ်ရှိ သား၊ ငါးရုံတွင် လေဝင်လေထွက် မ ကောင်းသဖြင့် အနံ့ သက်ဆိုးများ ထွက်ပေါ်နေသည်ဟု ယခင်က တောင်ကြီးမြို့ဒေသခံများမှ ဝေဖန် ပြစ်တင် ပြောဆိုခြင်းများ ရှိခဲ့ရာ လေ ဝင်လေထွက်စနစ် ပြန်လည်ပြုပြင် တပ်ဆင်ပြီးနောက် ယခုကဲ့သို့ လျှပ် စစ်မီး ပြတ်တောက်၍ ဒီဇယ်မီးစက် ခုတ်မောင်းချိန်၌ City Square မှ သား၊ ငါးရုံအား မီးအသုံးပြုခွင့်မပေးသည့် အတွက်ကြောင့် အနံ့သက်ဆိုးများ ထပ်မံ၍ ထွက်ပေါ်လာခြင်း ဖြစ် ကြောင်း သိရှိရသည်။
.

Journal Download

Photo of three cats