မင်းဇော်မင်း
.
တရုတ်နိုင်ငံအရှေ့ပိုင်းတွင် မွှားကောင်များမှတစ်ဆင့် ဗိုင်းရပ်ပိုးတစ်မျိုး
ကူးစက်ကာ လူ ၁၀ ဦး သေဆုံးပြီး ၆၇ ဦး ရောဂါ ကူးစက်ခံနေရကြောင်း သိရသည်။
.
တရုတ်နိုင်ငံအရှေ့ပိုင်း၊ အန်ဟွေ့၊ ချန်ဇုပြည်နယ်များတွင် အဆိုပါဗိုင်းရပ်စ်
ကူးစက်မှု ဖြစ်ပွားနေခြင်းဖြစ်ပြီး အန်ဟွေ့ ပြည်နယ်တွင် လူပေါင်း ၂၃ ဦး ရောဂါကူးစက်ခံထားရကာ
ချန်ဇုပြည်နယ်တွင် ၃၇ ဦး ကူးစက်ခံထားရကြောင်းနှင့် ယင်းရောဂါ ကူးစက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး
၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ရောဂါကူးစက်မှု ဖြစ်ပွား နေခြင်းဖြစ်ကြောင်း သိရသည်။
ချန်ဇုပြည်နယ်၊ နန်ကျင်းရှိ အမျိုးသမီးတစ်ဦးတွင် ချောင်းဆိုး၊
ခေါင်းကိုက်ရာမှ အနီးစက်များ ထွက်ပေါ်လာသဖြင့် ဆေးရုံတက်ရောက်ကုသရာမှ အဆိုပါဗိုင်းရပ်စ်
(Severe Fever with
Thrombocytopenia Synderome-SFTS) ရောဂါ ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရကာ တစ်လခန့်အကြာ
ဆေးကုသမှုခံယူသွားခဲ့ပြီးနောက် ဆေးရုံမှ ဆင်းသွားပြီး ဖြစ်ကြောင်းနှင့် အန်ဟွေးပြည်နယ်တွင်မူ
လူပေါင်း ၁၀ ဦးအထိ သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
SFTS ဗိုင်းရပ်စ်သည်
၂၀၁၁ ခုနှစ်ကတည်းက တရုတ်သိပ္ပံပညာရှင်များမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး Bunyarvirus အမျိုးအစား အုပ်စုဖြစ်ကြောင်းနှင့်
ကျွမ်းကျင်သူများ၊ ဓါတ်ခွဲခန်းရလဒ်များအရ မွှား (Tick) ကိုက်ခံရခြင်းမှ တစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်းသို့
ဝင်ရောက်ခြင်းဖြစ်ပြီး လူနာ၏ ခန္ဓာကိုယ်မှ ထွက်သည့်အရည်များမှတစ်ဆင့် လူသို့ ကူးစက်နိုင်သည်ဟု
သိရသည်။
.
SFTS ရောဂါဖြစ်ပါက
ကုသမှုခံယူခြင်းနှင့် အခြားသို့ ကူးစက်ခြင်းမရှိစေရန် ဆင်ခြင်နေထိုင်ကြရန်နှင့်
ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ Pandemic ဖြစ်ပွားရန် အလားအလာမရှိကြောင်း တရုတ်ရောဂါဗေဒပညာရှင်
ဒေါက်တာရှန် ကပြောဆိုခဲ့သည်ဟု တရုတ်သတင်းများတွင် ဖော်ပြထားသည်။
.