ရှမ်းပြည်နယ်အတွင်း ကလေးလုပ်သား ပပျောက်စေရေးအတွက် စစ်တမ်း ကောက်ယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း ကလေးလုပ်သား ပပျောက်စေရေးအတွက် စစ်တမ်း ကောက်ယူ


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်း ကလေး လုပ်သား ပပျောက်ရေးနှင့် ကလေး လုပ်သားများ အခွင့်အရေး ရရှိနိုင်စေ ရန် ရည် ရွယ်၍ ကလေး လုပ်သားများ စာရင်း ကောက်ယူသွားမည်ဖြစ် ကြောင်း သိရသည်။
.

.
ယင်းကဲ့သို့ ကလေးလုပ်သား စစ်တမ်းကောက်ယူနိုင်ရေးသင်တန်းကို တောင်ကြီးမြို့၊ စားသုံးသူရေးရာဦးစီး ဌာန၊ ကမ္ဘောဇကုန်သွယ်မှု ခန်းမတွင် ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ် သည်ဟု သိရသည်။
.
ကဏ္ဍအသီးသီးမှာ ကလေး လုပ်သားတွေ ရှိနေတယ်။ အစားအ စာထုတ်လုပ်ရေး၊ လက်လီလက် ကား ရောင်းဝယ်၊ မော်တော်ဆိုင်ကယ်/မော်တော်ယာဉ် ပြုပြင်ရေးပေါ့။ အဲ ဒီ ကဏ္ဍတွေကို အဓိက စစ်တမ်း ကောက်မယ်။ အဲဒီ ကဏ္ဍတွေမှာ ပါ ဝင်နေတဲ့ အသက် ၁၈ နှစ်အောက် က လေး အလုပ်သမားတွေ လျော့နည်း ပပျောက်စေရေးကို အခြေခံပြီး ကောက်မယ်။ နောက် ကလေးအလုပ် သမားတွေ ရသင့်ရထိုက်တဲ့ အခွင့် အရေးတွေ ဘယ်လို ရနိုင်မလဲ၊ ဘယ် လို ကာကွယ်ပေးရမလဲ ဆိုတာ ရည် ရွယ်ပြီး ကောက်တာပါ”ဟု တောင် ကြီးမြို့နယ် ဗဟို စာရင်းအင်း အဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ် ဖြူဖြူခိုင်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ကလေး အလုပ်သမားများ အ ရေးကို ထိရောက်စွာ ကာကွယ်မှုပေး နိုင်သော မူဝါဒများ၊ လိုအပ်သည့် ညွှန်းကိန်း အခြေအနေများကို သိရှိ နိုင်ရန်နှင့် ကလေး လုပ်သားများ၏ သတ်မှတ်ချက်၊ ရှမ်းပြည်နယ်အတွင်း ကလေးလုပ်သား အရေအတွက် စာ ရင်း ကောက်ယူမည့်ပုံစံ စသည်တို့ကို ၃ ရက်တာ သင်တန်းတွင် သင်ကြားပို့ ချပေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းထံက သိရသည်။
.
ထိုသို့ စာရင်း ကောက်ယူရာတွင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသရှိ မြို့ ၃၁ မြို့မှ လုပ်ငန်းပေါင်း ၁၃၀၄ ခု၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသရှိ မြို့ ၉ မြို့မှ လုပ်ငန်းပေါင်း ၂၀၄ ခုနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ မြို့ ၁၇ မြို့မှ လုပ် ငန်းပေါင်း ၇၁၈ ခု၊ စုစုပေါင်း မြို့ ၅၇ မြို့မှ လုပ်ငန်း ပေါင်း ၂၂၂၆ ခုတို့ကို ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် က လေးလုပ်သားပေါင်း ၁ ဒသမ ၁၃ သန်းရှိပြီး ယင်းတို့အထဲမှ ၆ သိန်း ကျော်သည် အန္တရာယ်ရှိသော လုပ် ငန်းခွင်တွင် လုပ်ကိုင် နေရကြောင်း သိရသည်။
.

Journal Download

Photo of three cats