ငြိမ်းသူ
.
COVID-19 ကာလ
စီးပွားရေး ကု စားမှု အစီအစဉ်အရ ရှမ်းပြည်နယ် တောင်ပိုင်း အတွင်းရှိ မြို့နယ် ၂၁
မြို့နယ်မှ ကျေးရွာပေါင်း ၁၁၂ ရွာတွင် Cash for Work စီမံကိန်းဖြင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းပေါင်း
၁၄၀ ခုအား ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည် နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး
ဦးစီးဌာနမှ သိရသည်။
.
.
ထိုသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင်
ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာများ၏ နည်းပညာအ ကူအညီဖြင့်
ကျေးရွာသူ/သားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး
နိုင်ငံတော် မှ ချမှတ်ထားသော COVID-19 ကာ လ
စီးပွားရေးကုစားမှုအစီအစဉ် (COVID-19
Econominf Relief Plan) အရ ကျေးလက်ဒေသနေ မိသားစု များ ဝင်ငွေလျော့နည်းလာမှုနှင့်
စား ဝတ်နေရေး အခက်အခဲများကို ကုစား ပေး နိုင်ရန်အတွက် Cash for Work စီမံကိန်းမှ
ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးထားပြီး ကျေးရွာမှ ပါ ဝင်ဆောင်ရွက်သူ
အားလုံးကိုလုပ် အားခ အနေဖြင့် အနည်းဆုံး ၄၈၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိဒေသပေါက်
ဈေးအတိုင်း ပေးချေ၍ ကျေးရွာသူ/သားများ အလုပ်အကိုင် အခွင့်အ လမ်း ရရှိစေရန်
ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် ကျေး လက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး
ဌာနမှ ပြည်နယ် ဦးစီးမှူး ဦးမောင် မောင်ဝင်းထံက သိရသည်။
အဆိုပါ မြို့နယ် ၂၁ ခုတွင် ဒေ သ ဖွံ့ဖြိုးရေး
လုပ်ငန်းများအဖြစ် လမ်း ပန်းဆက်သွယ်ရေး လုပ်ငန်း ၁၁၄ ခု၊ ရေ ရရှိရေးလုပ်ငန်း ၆ ခု၊
အဆောက် အဦလုပ်ငန်း ၁ ခု၊ ပညာရေးလုပ်ငန်း ၄ ခု၊ အခြားဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၁၅
ခု၊ စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၁၄၀ ခုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှင့်
ခွင့်ပြုရန်ပုံငွေကျပ် ၁၁၂၀ သန်းဖြင့် ယခုနှစ်၊ ဇူလိုင်လအတွင်း စတင်အ
ကောင်အထည်ဖော် ဆောင်ရွက်နေ ခြင်းဖြစ်ပြီး ဩဂုတ်လကုန်တွင် လုပ် ငန်းများ
ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။
.