နန်းထက်ထက်
.
ရှမ်းပြည်နယ်အတွင်း ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး
ဌာနမှ ဆောင်ရွက်လျက်ရှိသည့် Cash
for Work စီမံကိန်းလုပ်ငန်းများ ၄၄ ရာခိုင်နှုန်းခန့်
ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
.
.
“လတ်တလော COVID-19 ကြောင့်
ထိခိုက်သွားတဲ့ ရွာတွေ၊ စီးပွား ရေးလုပ်ငန်းတွေ ရပ်တန့်သွားတယ်၊ ဝင်ငွေ
ထိခိုက်သွားတယ် ဆိုတဲ့ရွာ တွေအတွက် သူတို့ လုပ်အားခရမယ်။ ပြီးရင် ရွာမှာလည်း
ဒေသဖွံ့ဖြိုးရေး တစ်ခုခု ကျန်ခဲ့မယ်။ အဲဒီအတွက် Cash for Work စီမံကိန်းကို ဆောင် ရွက်တာပါ”ဟု
ရှမ်းပြည်နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး
ဦးညွန့်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ရှမ်းပြည်နယ် တစ်ခုလုံးတွင် Cash for Work စီမံကိန်း ဆောင်ရွက် မည့်ကျေးရွာ ၂၇၀ ရွာ
ရှိပြီး လုပ်ငန်း စတင်ဆောင်ရွက်မှုမှာ ၂၆၈ ရွာသာ ရှိသေးကာ ယင်းကျေးရွာများအနက်
စီမံကိန်း ၄၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း ၎င်းထံက သိရသည်။
.
Cash for Work စီမံကိန်းသည်
ကျေးရွာအတွင်းရှိ တစ်လအတွင်း ပြီးနိုင်သော လုပ်ငန်းများဖြစ်သည့် ရေ
နုတ်မြောင်းများ တူးဖော်ခြင်း၊ကျေး ရွာတွင်း လမ်းခင်းခြင်း၊ တံတားပြုပြင် ခြင်း၊
ရေတွင်းရေကန် တူးဖော်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ အား ကစားကွင်း တည်ဆောက်ခြင်း၊
ဆေး ပေးခန်း တည်ဆောက်ခြင်းစသည့် အလုပ်များကို ကျေးလက်ဒေသနေ ပြည်သူများကိုယ်တိုင်
ပါဝင်လုပ်ကိုင် စေပြီး လုပ်အားခ ပြန်လည်ပေးစေ သော စီမံကိန်း ဖြစ်ကြောင်း သိရ သည်။
.