မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့ရှိ ခရိုင်
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် ဇူလိုင် လ ၃၀ ရက်၊ နံနက်ပိုင်းက
ကျေးရွာ မတည်ငွေ (VRFP) ရန်ပုံငွေ
ပေးအပ် ပွဲနှင့် Cash for
Work စီမံကိန်း တာ ဝန်ပေးအပ်ပွဲကို ပြုလုပ်ခဲ့သည်ဟု သိ ရသည်။
.
.
COVID-19
ကပ်ရောဂါကာကွယ် ထိန်းချုပ် ကုသရေးကာလအတွင်း စီးပွားရေးထိခိုက်မှုများကို ပြန်လည်
ကုစားရေးစီမံချက် Cash for
Lending Support အစီအစဉ်အရကျေးရွာ မ တည်ငွေ(VRFP) ရန်ပုံငွေများကို ပေး အပ်ခြင်းဖြစ်သည်ဟု သိရသည်။
“ဒီစီမံကိန်းက
COVID-19 ရောဂါ ကာလ
စီးပွားရေးကုသမှု အစီအစဉ် ကို အထောက်အကူ ဖြစ်စေဖို့၊ စိုက် ပျိုး ထုတ်လုပ်သူတွေ
လိုအပ်တဲ့ သွင်း အားစုနဲ့ ငွေကြေး အရင်းအနှီးတွေ ရရှိစေနိုင်ဖို့၊ လုပ်ကွက်ငယ်
တောင်သူ တွေနဲ့ ဆင်းရဲနွမ်းပါးသူတွေ ငွေကြေး အရင်းအနှီး ရရှိစေပြီး အလုပ်အ
ကိုင်အခွင့်အလမ်း ရရှိစေဖို့၊ မိသားစု ဝင်ငွေ တိုးပွားလာစေဖို့၊ တိုးပွားလာ တဲ့
ရန်ပုံငွေနဲ့ ကျေးရွာပိုင် မတည်ရန် ပုံငွေထူထောင်ပြီး စဉ်ဆက်မပြတ်
ငွေကြေးအရင်းအမြစ် ရရှိနိုင်ဖို့ရည် ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”ဟု
ကျိုင်းတုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဝဏ္ဏစိုးက
ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အဆိုပါ စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်
နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ၁၇၀၀ ၌ အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်
ပြီး စီမံကိန်းတွင် အိမ်ခြေ ၁၀၁ အိမ် နှင့်အထက်လျှင် ကျပ် သိန်း ၃၀၀၊ အိမ်ခြေ ၅၁
အိမ်နှင့် ၁၀၀ ကြားကို ကျပ်သိန်း ၂၀၀ နှင့် အိမ်ခြေ ၅၀ အောက် ကို ကျပ်သိန်း ၁၀၀
ထုတ်ချေး သည့် အစီအစဉ်လည်း ပါဝင်ပြီး စီး ပွားရေး တိုးချဲ့လုပ်ကိုင်လိုသူ အိမ်
ထောင်စုများကို တစ်ပိုင်တစ်နိုင် လုပ် ငန်း စတင် လုပ်ဆောင်ရန် ဦးစား ပေးဆောင်
ရွက်ထားကာ လုပ်ငန်း စတင် လုပ်ကိုင်လိုသူ အိမ်ထောင်စု များကိုမူ စီမံကိန်း၏
ဒုတိယနှစ်တွင် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိ ရသည်။
.
ကျိုင်းတုံမြို့နယ်တွင် အဆိုပါ စီမံကိန်းအရ ကျေးရွာ ၆
ရွာကို ရွေး ချယ်ကာ ရန်ပုံငွေပေးအပ်ခဲ့ခြင်း ဖြစ် သည်ဟု သိရသည်။
.
“ရွာတွေမှာ
လမ်းလုပ်ရင် ရွာသား တွေကိုယ်တိုင်လုပ်ခြင်းနဲ့ ဝင်ငွေ ရရှိ တာမျိုး၊
သောက်သုံးရေကန်တွေပြု ပြင်တာ၊ ခြံစည်းရိုးကာတာ၊ ရေနုတ် မြောင်း၊ ရေကန်တူးတာ တွေကို
ကျေး ရွာတွေက ကိုယ်တိုင် ရွေးချယ် လုပ် ကိုင်စေပြီး ဝင်ငွေရရှိစေ တဲ့ စီမံကိန်း
ဖြစ်ပါတယ်” ဟု ဒေါက်တာဝဏ္ဏစိုး က ပြောသည်။
.
စီမံကိန်းအဆင့် ၈ ဆင့်ရှိပြီး ပစ္စည်းဝယ်ယူမှု ၄၀
ရာခိုင်နှုန်းနှင့် လုပ်အားခ ၆၀ ရာခိုင်နှုန်း အချိုး မျှော် မှန်းချက် ဖြင့်
ကျေးရွာရှိ အိမ်ထောင် စုများ ဝင်ငွေရရှိရေး ခံစားစေသည့် စီမံကိန်းဖြစ်ကာ
မြန်မာတစ်နိုင်ငံလုံး တွင် ကျေးရွာပေါင်း ၂၄၈၈ ရွာမှ လုပ်သား ၂ ဒသမ ၇ သန်းအတွက်
လုပ်အားခ စုစုပေါင်း ကျပ် ၁၄၉၂၈ သန်းခန့် အကျိုး ခံစားခွင့် ရရှိမည် ဖြစ်ပြီး
ကျိုင်းတုံမြို့နယ်တွင် ကျေး ရွာ ၉ ရွာမှ ကော်မတီဝင်များကို စီ မံကိန်း တာဝန်များ
ပေးအပ်ကာ သင် တန်းပို့ချပြီး ဖြစ်ကြောင်း သိသည်။
.