COVID-19 ပိုးတွေ့လူနာ အမှတ် (၃၇၅) နှင့် လေယာဉ်အတူစီးနင်းခဲ့သည့် အမျိုးသမီး အပါအဝင် ရှမ်းတောင်မှ ဓါတ်ခွဲ နမူနာများပို ယနေ့ ပေးပို့စစ်ဆေးသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ အမှတ် (၃၇၅) နှင့် လေယာဉ်အတူစီးနင်းခဲ့သည့် အမျိုးသမီး အပါအဝင် ရှမ်းတောင်မှ ဓါတ်ခွဲ နမူနာများပို ယနေ့ ပေးပို့စစ်ဆေးသွားမည်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ COVID-19 ပိုးတွေ့လူနာ အမှတ် (၃၇၅) နှင့်အတူ လေယာဉ်စီးနင်းခဲ့သည့် အမျိုးသမီး တစ်ဦး အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ဓါတ်ခွဲနမူနာများကို ယနေ့ ဩဂုတ်လ ၂၂ ရက်၊ ညနေတွင် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ‌ပေးပို့စစ်ဆေးသွားရန်ရှိသည်ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
.

.
Case-375 နဲ့ လေယာဉ်အတူစီးလာတာက တစ်ယောက်၊ သူနဲ့အတူ ပါလာတဲ့ ၂ ယောက်နဲ့ သူတို့ ငှားစီးလာတဲ့ ကားဆရာ စုစုပေါင်း ၄ ဦးရဲ့ ဓါတ်ခွဲနမူနာတွေကို ပေးပို့စစ်ဆေးသွားမှာပါ။ နောက်ထပ် ဓါတ်ခွဲပေးပို့ဖို့လည်း ရှိပါသေးတယ်။ အဖြေကတော့ မနက်ဖြန်ည သို့မဟုတ် သဘက်ခါမနက်လောက်တော့ ရမယ်လို့ ခန့်မှန်းပါတယ်။ ပုံသေပြောလို့တော့ မရပါဘူး” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပိုးတွေ့လူနာ အမှတ် (၃၇၅) နှင့် လေယာဉ်အတူ စီးနင်းခဲ့သည့် အမျိုးသမီးမှာ ဩဂုတ်လ ၁၄ ရက်က တောင်ကြီးမြို့သို့ အလုပ်ကိစ္စဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ပါလာသူ ၂ ဦးနှင့် ယာဉ်မောင်းတို့ကို တောင်ကြီးမြို့ရှိ Quarantine Center တစ်ခုတွင် သီးခြားထားရှိ စောင့်ကြည့်နေလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats