တာချီလိတ်တွင် အမျိုးသား တစ်ဦးက အရက် မူးလွန်ကာ မော်တော်ယာဉ်အား မီးရှို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် အမျိုးသား တစ်ဦးက အရက် မူးလွန်ကာ မော်တော်ယာဉ်အား မီးရှို့


စိုင်းသိင်္ခသူ
.
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ မြို့ပတ်လမ်းရှိ RED Bar စားသောက်ဆိုင်၌ ဩဂုတ်လ ၂၇ ရက်၊ ညနေ ၄ နာရီခွဲကျော်ခန့်တွင် အမျိုးသား တစ်ဦးသည် အရက် မူးလွန်ကာ မော်တော်ယာဉ်အား မီးရှို့ခဲ့သဖြင့် ယာဉ်နှင့် အဆောက်အဦ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
RED Bar စားသောက်ဆိုင် ပိုင်ရှင် အိုက်သိုက် (ခ) စိုင်းအောင်ခမ်းသည် အရက်သေစာ သောက်စားပြီးနောက် အမူးလွန်ကာ မော်တော်ယာဉ်အား မီးရှို့ခဲ့ခြင်း ဖြစ်ပြီး မော်တော်ယာဉ်မှ တဆင့် အဆောက်အဦအား မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်စောင့် ဖြစ်သူက ပြောကြားခဲ့ကြောင်း သိရသည်။
.

“ မီးရှို့တဲ့ သူကိုတော့ မဖမ်းမိသေးပါဘူး။ အမှု ဖွင့်ထားပါပြီ။” ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများက မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် မော်တော်ယာဉ်နှင့် အဆောက်အဦ ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
.
အဆိုပါ မော်တော်ယာဉ်အား မီးရှို့ခဲ့သူ အိုက်သိုက် (ခ) စိုင်းအောင်ခမ်းမှာ ထွက်ပြေး တိမ်းရှောင်နေလျက် ရှိပြီး ၎င်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၂၃/၂၀၂၀၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats