စုလှိုင်
.
မြန်မာနိုင်ငံတစ်ဝှမ်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ်
မိန်းကလေး ငယ်များကို စက်တင်ဘာလ ၂၀ ရက်မှ စတင်၍ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး
ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ကာကွယ်ဆေးထိုး လုပ် ငန်းတွင် ၂၀၁၀ ပြည့်နှစ်၊ စက်တင်
ဘာလမှ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လအ တွင်း မွေးဖွားသည့် မိန်းကလေးငယ် များကို
တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် တစ်ပြိုင်နက် ထိုးနှံပေးသွားမည် ဖြစ်ပြီး
ရှမ်းပြည်နယ်တွင် ကာကွယ် ဆေး ထိုးနှံပေးနိုင်ရေးအတွက် စာ ရင်းကောက်ယူလျက်ရှိကာ ယခုထိုး
နှံပြီး တစ်နှစ်အကြာတွင် ဒုတိယအ ကြိမ် ကာကွယ်ဆေး
ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ
သိရသည်။
“ကာကွယ်ဆေး ထိုးလိုက်ရင် တော့ မိန်းကလေးတွေက သားအိမ်
ခေါင်းကင်ဆာကို ကာကွယ်နိုင်တယ်။ ကြွက်နို့ တို့ကိုလည်း ကာကွယ်ပေး တယ်။
သားအိမ်ခေါင်းကင်ဆာ အ များဆုံး ဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်ကိုလျော့ ကျအောင်
လုပ်ပေးတာပါ။ မြန်မာ နိုင်ငံမှာတော့ မိန်းကလေးတွေမှာ သားအိမ်ခေါင်း
ကင်ဆာဖြစ်တဲ့နှုန်း က တော်တော်လေးမြင့်တယ်။ အမျိုး သမီးတွေမှာဖြစ်တဲ့ ကင်ဆာတွေထဲ
မှာ အမြင့်ဆုံးပေါ့”ဟု ရှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး
ဒေါက်တာ သူဇာ ချစ်တင်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
၂၀၁၈ ခုနှစ်အတွင်း အမျိုးသမီး များတွင် ဖြစ်သည့် ကင်ဆာရောဂါ
များအနက် သားအိမ်ခေါင်းကင်ဆာ ကြောင့် သေဆုံးမှုမှာ ၂၃ ဒသမ ၅ ရာ
ခိုင်နှုန်းအထိရှိကြောင်း သိရသည်။
.