ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊
အနောက်မြို့ပတ်လမ်းရှိ ပုလဲကွမ်းယာဆိုင် အနီး အကွေ့တွင် ညစဉ် ယာဉ်ကြော ပိတ်ဆို့မှုများ
မကြာခဏ ဖြစ်ပွားနေပြီး ဒေသခံများ သွားလာရေး ခက်ခဲနေလျက် ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အပိုင်း
(၂) အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် အတွက် ကုန်တင် ယာဉ်ကြီးများ၊ တွဲယာဉ်များအား
ညနေ ၆ နာရီ နောက်ပိုင်းမှသာ ဖြတ်သန်းခွင့် ပြုထားသဖြင့် ယင်းကုန်တင်ယာဉ်များ ဖြတ်သန်းချိန်တွင်
အနောက်မြို့ပတ်လမ်း တစ်လျှောက် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း
သိရသည်။
.
“ကားတွေက နေ့တိုင်းလိုလို ပိတ်နေတာပါ။ ညနေ
၆ နာရီ နောက်ပိုင်း တွဲကားတွေ ဖြတ်လာတဲ့အချိန် ပိုဆိုး ပါတယ်။ ပုလဲ အကွေ့ နေရာက လမ်းလည်း
တော်တော် ကျဉ်းတယ်။ တစ်ခါလေ ဈေးဝယ်တဲ့ ကား၊ ဆိုင်ကယ်တွေကလည်း လမ်းမပေါ် အထိ တက် ရပ်ထားတော့
ကားကြီးတွေ လာတဲ့အချိန်ဆို လမ်းပိတ်ဆို့တာတွေ ဖြစ်ကုန်တယ်” ဟု ရဲဘော်ဈေးအတွင်း ဈေးရောင်းချသူ
တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်မှု
လုပ်ငန်း ဆောင်ရွက်နေစဉ် ကာလအတွင်း ယာဉ်ကြော ပိတ်ဆို့မှု အပြင် ရေမြောင်း ပလက်ဖောင်း
လုပ်ငန်းများ ဆောင်ရွက်မှု မပြီးစီးမီ ရေမြောင်း ပလက်ဖောင်းများအား ကာရံထားခြင်း
မရှိသည့်အတွက် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မော်တော်ယာဉ် ၂ စီး လမ်းဘေး ရေမြောင်း
အတွင်းသို့ ဘီးချော် ထိုးကျမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
No comments:
Post a Comment