မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီ ပေါမြို့နယ်၏ အရှေ့ဘက်
ဒုဋ္ဌဝတီ မြစ်ကို ဖြတ်သန်း တည်ဆောက်ထား သည့် ကုန်းသာ-ဆွန်လုံ Fly Ferry ဖောင်တံတားအား
ဩဂုတ်လ ပထမပတ် အတွင်းက စမ်းသပ် မောင်းနှင်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
.
.
“လွန်ခဲ့တဲ့
၃ နှစ် ၂၀၁၇ က ပြည် နယ်မှာ တင်ခဲ့တာ ၃ နှစ်နီးပါးပေါ့။ အခုတော့ ဖွင့်လှစ်နိုင်
တော့မှာ ဖြစ်ပါ တယ်။ နှစ်ဘက် ကျေးရွာအုပ်စုတွေ ကုန်စည်က အစ သွားလာဖို့ အဆင် ပြေ
သွားမှာဖြစ်တဲ့အပြင် လူမှုဘဝ စီးပွားရေးလည်း တိုးတက်မှာ ဖြစ်ပါ တယ်။
နောက်တစ်လအတွင်း ဖွင့်မှာ ဖြစ်ပြီး ဆွန်လုံကျေးရွာ ကော်မတီကို အပ်နှံသွားမှာ
ဖြစ်ပါတယ်။ ကူးခက တော့ ရွာက အစည်းအဝေးထိုင်ပြီး သတ်မှတ်မှာ ဖြစ်ပါတယ်”ဟု သီပေါ
မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ရှမ်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဒေါ်နန်းစမ်းစမ်းအေးက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
သီပေါမြို့နယ်၊ ဆွန်လုံကျေးရွာ အုပ်စုမှ ဒေသခံများအနေဖြင့်
ပေ ၃၀၀ ခန့် ကျယ်သည့် ဒုဋ္ဌဝတီမြစ်ကိုစက် တပ်လှေများဖြင့်သာ ကူးနေရာမှ ယ ခု
ဖောင်တံတား ပြီးစီးပါက ကား၊ ဆိုင်ကယ်များဖြင့် ကူးလူးသွားလာ
နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖောင်တံတားမှာ တန်၂၀ ခန့် နိုင်သော်လည်း ခွင့်ပြုတန်
၁၃ တန်သာ တင်ဆောင်သွားမည်ဖြစ်ပြီး ကမ်းကူးကြာချိန် ၁ မိနစ်ခွဲသာ ကြာ မြင့်မည်
ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ကျေးလက် တံတား ဦးစီးဌာနမှ
စမ်းသပ်မောင်းနှင်ကြည့် ရာ အဆင်ပြေချောမွေ့စွာ မောင်းနှင် နိုင်သည်ကို
တွေ့ရကြောင်းနှင့် ကုန်း သာဖက်ကမ်းရှိ jetty ကမ်းကပ်ရန် နေရာ ကွန်ကရစ်အုတ်ခုံများ၊ မတ် စောက်သည့်နေရာ
များအား မြေပြန် ညှိ ပြီးပါက လာမည့် တစ်လအတွင်း
ဆွန်လုံကျေးရွာ ကော်မတီသို့ အပ်နှံ နိုင်မည်ဖြစ်ကြောင်း သိရသည်။
.
တံတား
အသုံးပြုနိုင်ရေးအတွက် ကျေးရွာခန့် ဝန်ထမ်း ၅ ဦးကို ဆွန်လုံ ကျေးရွာ
ကော်မတီမှ ဖောင်နှင့် ဆိပ် ကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းကိုင်တွယ်
မောင်းနှင်မှု သင်တန်းသင်ကြား
ပေးလျက်ရှိကြောင်း သိရသည်။
.
ဆွန်လုံကျေးရွာသည် အရှေ့ ဘက်တွင် မန်ဆန်ရေကျသို့ မိုင် ၂၀
ခန့်ကွာဝေးပြီး ဒုဋ္ဌဝတီမြစ်ကိုကူး၍ ရောင်းဝယ်ဖောက် ကားမှုများ ပြုလုပ် နေရာမှ
ယခုဖောင်တံတားကို အသုံး ပြု၍ ဒေသတွင်း စိုက်ပျိုးသည့် ထွက် ကုန်
အစေ့ထုတ်ပြောင်းများကို ယခင် ကထက် ပိုမိုလွယ်ကူ လျှင်မြန်စွာ ရောင်းဝယ်
ဖောက်ကားနိုင်တော့ မည်ဖြစ်သည့်အပြင် အခြား လူမှုရေး၊ ကျန်းမာရေး များလည်းတိုးတက်
ကောင်းမွန်လာတော့မည် ဖြစ်သည့် အတွက် ဒေသခံများက ဝမ်းမြောက် လျက်ရှိကြောင်း သိရသည်။
.