လွိုင်လင်မြို့တွင် ကျပ်သိန်း ၇၀၀၀ ​ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို ပိုင်ရှင်မဲ့ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်လင်မြို့တွင် ကျပ်သိန်း ၇၀၀၀ ​ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို ပိုင်ရှင်မဲ့ဖမ်းမိ

နန်းထက်ထက်
.
လွိုင်လင်မြို့တွင် ​ငွေကျပ်သိန်း ၇၀၀၀ ​ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သြဂုတ်လ ၂၄ ရက်၊ ည​နေပိုင်းက ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိခဲ့ကြောင်း သိရသည်။
.
Photo - IPRD

လွိုင်လင်မြို့ အထွက်ရှိ တိုးဂိတ်တွင် လွိုင်လင် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖြတ်သန်းသွားလာနေသောယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသော ​မော်​တော်ယာဥ်သည် ​နောက်ဘက် (လွိုင်လင်မြို့တွင်း)သို့ ပြန်လည် မောင်းနှင်သွားသဖြင့် မသင်္ကာ၍ ပူး​ပေါင်းအဖွဲ့က လိုက်လံစစ်ဆေးရာ တိုးဂိတ်နှင့် တစ်မိုင်ခန့် အကွာတွင်ယာဉ်အား ကားလမ်းဘေးတွင် ရပ်တန့်ထားသည်ကိုတွေ့ရှိရခြင်း ဖြစ်​ကြောင်း သိရသည်။
.
အဆိုပါယာဉ်အား စစ်​ဆေးရာ ယာဥ်​မောင်းအား ​တွေ့ရခြင်း မရှိဘဲ ယာဥ်ပေါ်တွင် WY စာတန်းပါ ပန်းရောင်ရူးသွပ်ဆေးပြား ၇၁၂၅၀၀ ပြား (​ဒေသ ကာလတန်ဖိုး​ငွေ ၇၁၂၅၀၀၀၀၀ ကျပ်)အား ​တွေ့ရှိ၍ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ယင်း သက်သေခံ မူးယစ်ဆေးဝါးများနှင့်၊ သက်သေခံပစ္စည်းများအား လွိုင်လင်မြို့မရဲစခန်းမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး အမှုဖွင့်၍ သယ်ဆောင်လာသူအား စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats