ခေတ်ဟောင်းက ခေတ်ကောင်းလို့ ဆိုကြသလား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခေတ်ဟောင်းက ခေတ်ကောင်းလို့ ဆိုကြသလား


မင်းဇော်မင်း
.
အရင်တုန်းကပေါ့ မြန်မာပြည်ကြီးဟာ ထိုင်းထက်၊ စင်္ကာ ပူထက် ချမ်းသာခဲ့ကြတယ်၊ အခုကျတော့ ငါတို့ကအဲဒီ နိုင်ငံ တွေကို အမီလိုက်ဖို့ ကြိုးစားနေကြရတယ်။ အဲဒါဘာကြောင့် လဲ၊ ဘယ်သူတွေကြောင့်လဲ။ ဘာဖြစ်ခဲ့လို့လဲ။
.
သမိုင်းကို မအအောင် သိထားဖို့ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက ပြောခဲ့တာ တကယ်သမိုင်းဝင်စကား
အရ သမိုင်းကိုသိဖို့ တစ်ကွက် တစ်ခုလောက်ကို သိထားဖို့ မျှ ဝေခြင်းပါ။ အတွေးအမြင် ကွဲလွဲနိုင်ပါတယ်။ စဉ်းစားဆင်ခြင် တွေးဆနိုင်ဖို့ပါ။
.
ယခင်က ပုဂ္ဂိုလ်များကိုယ်တိုင် နောက်ကြောင်းပြန် အရေး မယူရဆိုသော သတ်မှတ်ချက်ဖြင့် နောက်ကြောင်းပြန်တာကို မကြိုက်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်။
.
သို့သော် အချို့သော ရွှေထီးဆောင်းခဲ့စဉ်က အရသာကို ပြန် လည်တမ်းတလိုချင်သည့်စိတ်ဖြင့် နောက်ကြောင်းပြန်ခေတ်ကို တမ်းတနေသည်ကို တွေ့မြင်နေရသည်။
.
တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်များကို ပြန် အသက်သွင်းလို နေသလားဟု မေးချင်ပါသည်။ အချို့သော သူများအတွက်မူ ယခင်ခေတ်ကိုပဲ နောက်ကြောင်းပြန်လိုချင် သည်ဟု ဆိုချင်မည်ဖြစ်သော်လည်း ယခင်ခေတ်က လူများ လိုပင် ယခုလူများသည်လည်း နောက်ကြောင်း ပြန်ခေတ်ကို မရောက်ခဲ့ မခံစားခဲ့ရပေမယ့် လိုချင်နေသလားဟု ထင်မြင် ယူဆမိခြင်းကြောင့် ဤဆောင်းပါးပေါ်ပေါက် လာရခြင်းဖြစ် သည်။
.
အဘယ့်ကြောင့်ဆိုသော် အာဏာရှင်ဆိုသည် တစ်သွေး တစ်သံတစ်မိန့်နှင့် အထက်ကကျလာသည့် အမိန့်အရ ဆိုသည် ကိုသာ ဦးထိပ်ရွက်ဆင် အလေးအမြတ်ပြုပြီး ပကတိအခြေအ နေမှတောင်းဆိုမှုများကို ဥပက္ခာပြုကာ လုပ်ဆောင်နေသည့် သဘောကို ယခုတွင်လည်း အချို့သောနေရာများတွင် ကျင့် သုံးနေခြင်း တွေ့ရှိရခြင်းကြောင့် ဖြစ်ပါသည်။
.
ဗျူရိုကရေစီ ဆိုသည်ကို ရာနှုန်းပြည့်ကျင့်သုံးမှုသည် ဖက် ဆစ်၊ သို့မဟုတ် အာဏာရှင်စနစ်တွင် ကျင့်သုံးသည့် ဆက်ဆံ ရေးပင် ဖြစ်သည်ဟု ဆိုလျှင် ဒီမိုကရေစီဆိုသည် အခွင့်တူညီမျှ ဖြင့် ကျင့်သုံးသည့် ဆက်ဆံရေးဟုဆိုပါက ပြဒါးတစ်လမ်း။ သံ တစ်လမ်း ဖြစ်နေသည်ဖြစ်သဖြင့် ယခုကြွေးကျော်နေသည့် ဒီမို ကရေစီ၊ ဖက်ဒရယ် ပြည်ထောင်စုဆိုသည့် ရှေ့ရည်မှန်းချက် ကို မရောက်နိုင်ဘဲ နောက်ကြောင်းပြန်နေသည်ဟု မြင်မိခြင်း ကြောင့်ပင်။
.


.
ခေတ်ကောင်း၊ ခေတ်ဆိုး ဆိုသည်မှာ ဘယ်အပေါ်မှာ အ ခြေတည်သနည်း ခေတ်ကောင်းတုန်းကပေါ့ကွာဟု ပြောတတ် ကြသည်။ ဘယ်လိုခေတ်ကို ခေတ်ကောင်းဟု ခေါ်သနည်း လွတ်လွတ်လပ်လပ် ခိုး၍ရ၊ အခြားသူများအပေါ် တရားလက် လွတ် အနိုင်ကျင့်၍ရ၊ ငွေများတရားနိုင်၊ လုပ်ချင်တာလုပ် အ ထက်နှင့်ပိုင်လျှင် မပြုတ်ဆိုသည့် ခေတ်ကို ဆိုလိုသလား။
လေ့လာကြည့်ရအောင်ပါ-
.

Kleptocracy ဆိုသည် လွန်ခဲ့သည့် နှစ် ရာပေါင်းများစွာက ပေါ်ထွန်းခဲ့သည့် ဂရိဘာသာစကားဖြစ်သည်။ Klepto ဆို သည်မှာ ခိုးခြင်းဟု အဓိပ္ပါယ်ရသည့်အတွက် Kleptocracy ဆို သည်မှာ အဂတိများဖြင့် အုပ်ချုပ်သောအစိုးရ၊ ရှင်းရှင်းပြောရ လျှင် သူခိုးအစိုးရဟု ခေါ်ခြင်းဖြစ်သည်။
.
နိုင်ငံတော်ဆိုသည် ဖွဲ့စည်းမှုသဘာ၀ သယံဇာတများ၊ နယ်နိမိတ်များ၊ ပြည်သူများ၊ ဥပဒေများ၊ အစိုးရများ ပါဝင်ရာ Kleptocracy အစိုးရတွင် သဘာဝသယံဇာတများကို ကြိုက် သလို ကြိုက်တဲ့သူကို သူခိုးဈေးဖြင့်ဖြစ်စေ ရောင်းခြင်း၊ ခရို နီများကို ပွဲစားအဖြစ် ကြားခံထားခြင်း၊ နိုင်ငံ၏နယ်နိမိတ်ကို စောင့်ရှောက်သည်ဟု ပြောသော်လည်း တစ်ဖက်နိုင်ငံများသို့ အညံ့ခံ ပေးလိုက်ခြင်း၊ ဥပဒေသည် လူထုကို ကာကွယ်ရမည့် အစား ဖိနှိပ်ရေး ကိရိယာအဖြစ် အသုံးချခြင်း၊ ပြည်သူကို အာ ဏာတည် ဆောက်ရေးအတွက် ရက်စက်စွာ နှိပ်ကွပ်ခြင်းတို့ကို ကြိုက်သလို လုပ်ဆောင်ခဲ့ကြသည်။
.
အမှန်တကယ်တော့ Kleptocracy အစိုးရသည် ပြည်သူ များ၏ ရန်ပုံငွေကို ခိုးယူခြင်းပင်ဖြစ်ပြီး ကိုယ်ပိုင်ကုမ္ပဏီများ ထောင်ကာ နိုင်ငံခြား offshore ဘဏ်များတွင် သိမ်းဆည်း ကြသည်။ သက်သေရှိပါသည်-
.
၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ဂျာမန်အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့NGO Transparency International စာရင်းအရ မြန်မာနိုင်ငံသည် နံပါတ်စဉ် ၄ တွင် ပါဝင်ခဲ့သည်ကိုတွေ့ရသည်။
.
ထိပ်ဆုံး အဆင့် ၁ တွင် အင်ဒိုနီးရှားသမ္မတဟောင်း ဆူ ဟာတိုက (ဒေါ်လာ ၁၅ ဘီလျံမှ ၃၅ ဘီလျံအထိ)၊ ဖိလစ်ပိုင် သမ္မတဟောင်း ဖာဒီနန်မားကို့စ်က ၁၉၈၆ ခုနှစ်တွင် အနည်းဆုံး ဒေါ်လာ ၁၀ ဘီလျံ။ Zairian သမ္မတ Mobutu Sese Seko က ဒေါ်လာ ၅ ဘီလျံ။ မြန်မာမှ ဦးနေဝင်းက ဒေါ်လာ ၄ ဘီလျံ။ နိုင် ဂျီးရီးယား ပြည်နယ်အကြီးအကဲဟောင်း Sani Abacha က ဒေါ် လာ ၂ ဘီလျံမှ ဒေါ်လာ ၅ ဘီလျံအထိ။ ယူဂိုဆလားဗီးယား သမ္မ တဟောင်း Slobodan Milosevic က ဒေါ်လာ ၁ ဘီလျံ။ မလေး ရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ဒေါ်လာ ၈၀၀ မီလျံ။ ဟေတီ သမ္မတဟောင်း Jean-Claude Duvalier (အမည်ပြောင်-Baby Doc) က ဒေါ်လာသန်း ၃၀၀ မှ ၈၀၀ အထိ)။ ပီရှုးသမ္မတ ဟောင်း Alberto Fujimori က ဒေါ်လာသန်း ၆၀၀။ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း Pavlo Lazarenko  က ဒေါ်လာသန်း ၁၁၄ သန်းမှ သန်း ၂၀၀ အထိ။ နီကာရာဂသမ္မတဟောင်း အာနိုးဒို အမ်မန်က ဒေါ်လာသန်း ၁၀၀ တို့ ရှိခဲ့ပါသည်။
.
ယင်းကြောင့်ပင် ယင်းနိုင်ငံများ စီးပွားရေး ကျဆင်းခဲ့ရ သည်မှာ သူခိုးအစိုးရဖြစ်၍ဟု ကောက်ချက်ချနိုင်ပါသည်။ အ
ကျင့်ဆိုးဆိုသည် ကူးစက်ရောဂါတစ်ခုလိုပင် ကူးစက်တတ် သည်ဖြစ်ရာ မြန်မာနိုင်ငံ အခြေအနေတွင် အကျင့်ဆိုးတစ်ခုကို အမွေခံရနေခဲ့ခြင်းဖြစ်သည်။
.
အသေးအဖွဲ အကျင့်ပျက်ခြစားမှု (Petty corruption) ဆိုသည့် အမွေသည် မြန်မာပြည်တွင်  နေရာကောင်းရသော အထူးသဖြင့် ဌာနဆိုင်ရာများတွင် ကောင်းမွေဟု ယူဆကာ ပျော်ပျော်ကြီးဆက်ခံခဲ့ကြသည်။ ဆက်ခံနေချင်ကြဆဲ၊ တောင့် တဆဲဖြစ်သည်။ မြန်မာပြည် ဆင်းရဲရသည်ကလည်း ဤအ ကြောင်းကြောင့်ပင်ဖြစ်သည်။
.
တိုင်းပြည်ပျက်စီးရခြင်းသည် စစ်ပွဲများထက် လာဘ်ပေး လာဘ်ယူ စနစ်ကသာ ပိုမိုများပြားစွာ ဖျက်ဆီးခဲ့သည်ဟု နိုင်ငံ ရေးပညာရှင်များက ဆိုခဲ့သလို Kleptocracy အစိုးရကို ပြန် လည် တမ်းတနေကြသည်လားဟု အမေးရှိချင်ပါသည်။
.
နိုင်ငံပိုင် ပစ္စည်း ငါ့ပစ္စည်းဆိုကာ အရာရာကို အဂတိ တ ရားများဖြင့် ဆက်ဆံရေး တည်ဆောက်ကြတော့သည်။ ပေး မှ ရသည်။ ပေးမှလုပ် ပုဒ်မ ၄ ဟု စကားတွင်လာခဲ့ရသည်။ အရင်ခေတ်ပျက်များက Kleptomaniac စောရနက္ခတ်နှင့် ယှဉ်မွေးလာကြသူများသည် Kleptomania အကျင့်ပါနေ သည့် ခိုးတတ်သည့် စိတ်ဝေဒနာ ခံစားနေရမှုကို သာယာနေ ကြသည်ဖြစ်သဖြင့် ယင်းခေတ်ကိုပဲ ပြန်သွားမလား၊ အပြီးအ ပိုင် ရုန်းထွက်ကြမလား စဉ်းစားလုပ်ဆောင်ခွင့်ကို ဒီမိုကရေ စီစံနှုန်းပြည့် အထွေထွေ ရွေးကောက်ပွဲများက ကြိုဆိုနေပါ သည်။
.
စာရေးဆရာ နောင်ကျော်နှင့် ယင်းကိစ္စ ဆွေးနွေးစဉ်အခါက သူပြောသည့် စကားတစ်ခုကို ပြောပြချင်ပါသည်။အစိုးရဖြစ် တာတောင် ခိုးရမှကျေနပ်ကြတာ၊ စနစ်တစ်ခုလုံးက သူခိုးစနစ် တစ်ခုလုံး ဖြစ်နေလို့ လစာထက် ဘေးဝင်ငွေကို ကြွားခဲ့တဲ့ ခေတ်ဟု ၎င်းက ဆိုသည်။
.
ယင်းနှင့်ဆက်နွယ်၍ ဆွေမျိုးကောင်းစားရေးဝါဒ Napo tisim က တစ်နွယ်ငင်တစ်စင်ပါ ထွန်းကားလာခဲ့သည်ကို မျက် မြင်သိနိုင်ပါသည်။ ယင်းကို ဥပမာပြလိုသည်မှာ-
.
မွန်ပြည်နယ်မှ မော်လမြိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန်က  ၎င်း၏လူမှုကွန်ရက်တွင် `အောက်ခြေ ပါတီဝင်တွေက ပြည်သူ့ဘ၀ ပြောင်းလဲဖို့အ တွက် မရှိမဲ့ ရှိမဲ့ ငွေလေးစု လူအား၊ ငွေအားဖြင့် အောင်နိုင်ရေး ကိုလုပ်၊ နိုင်လဲနိုင်ရော ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ဝန်ကြီး အမျိုးတွေက ကုမ္ပဏီထောင် တင်ဒါရ ဝန်ကြီး အမျိုးတွေပဲ ဘ၀ ပြောင်းကုန်တယ်၊ တချို့အမတ်တွေကလည်း ပွဲစားသူဌေး ကြီးတွေကို ဖြစ်လို့၊ ပြည်သူရဲ့ ဘဝကတော့ နင်းပြားပါပဲ`ဟု ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်က ရေးခဲ့သည်ကို သိရသည်။
.
မြန်မာပြည်၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာလို ဖြစ်လာကာ လွယ်နေတာကို ခက်အောင်လုပ်သည့် ဗျူရိုကရေစီ ယန္တရားကို လည်ပတ်စေခြင်းဖြင့် လာဘ်ယူမှ ထမင်းစားနိုင်မည့်ဘဝများကို အစိုးရများကိုယ်တိုင်က ကျင့်သုံးကာ လူထု၏အကျင့်စာရိတ္တကို စနစ်တကျ ဖျက်စီးကြသည်မှာ ယနေ့တိုင် ယင်းလာဘ်ရောဂါက ကူးစက်ဆဲ၊ ကူးစက်ခံနေရဆဲဟုသာ။
.
ယင်းအပြင် Kitchen cabinet ဆိုတာရှိသေးသည်။ သမ္မ တဝန်ကြီးချုပ်များအား ဘေးမှ အကြံပေးခြင်း၊ နိုင်ငံရေး ခေါင်း ကိုင်ဖခင်(Godfather) များက တရားမဝင် ပြင်ပမှ အစိုးရမူဝါဒ များအပေါ် သြဇာလွမ်းမိုး ထိန်းကျောင်းသည့် အနေအထားကို သုံးသပ်သည်။ ကန့်လန့်ကာနောက်ကွယ်မှ အစိုးရ(Behind the Cartain Government) ဟူ၍လည်း ခေါ်ကြသည်။ ယ ခင်ခေတ်က 11 Giants ဆိုသည့် နိုင်ငံရေး ပဲ့ကိုင်သူများ ရှိ ခဲ့သည်ကို သိမီသူများ ရှိခဲ့ဖူးကြောင်းပါ။ ကျားလဲကြောက်ရ ကျားချေးလည်း ကြောက်ရအနေအထားမျိုးဖြစ်သည်။ 
.
နောက် K တစ်လုံးက Kakistocracy ဖြစ်သည်။ Kakistos  အရည်အချင်းမပြည့်ဝသော အုပ်ချုပ်မှုဖြစ်သည်။ အရည်အ ချင်းနည်းသူများ လူညံ့များပါဝင်သည့် အစိုးရဖြစ်သဖြင့် အ ရှင်းဆုံးပြောရလျှင် လူညံ့အစိုးရ ဖြစ်သည်။
.
သမိုင်းတွင် ရောမ၏နောက်ဆုံးဧကရာဇ် Romulus Augustus (AD 475-476)၊ ရုရှား၏နောက်ဆုံးဘုရင် Nicholas
2 of Russia( 1894-1917) ။ မြန်မာမှ နောက်ဆုံး သီပေါဘု ရင်များသည် လူညံ့ဘုရင်များဖြစ်ကြသည်။ ယခု အမေရိကန်မှ
ဒေါ်နယ်ထရန့်ကိုလည်း သမုတ်နေကြသည်။ သမုတ်နေခြင်း သာ ဖြစ်သည့်အတွက်  သူ့သက်တမ်း မကုန်မီအထိတော့ ပေါက်ဖော်ကြီးနှင့် အခြေအနေကို စောင့်ကြည့်စေချင်ပါသည်။
.
အမေရိကန်သမ္မတများသမိုင်းတွင် သမ္မတ ဂျိမ်းစ်ဘူခါ နင်(၁၈၅၈-၁၈၆၁) သည်လည်း အမေရိကန်၏ အညံ့ဆုံး သမ္မ တဟု သတ်မှတ်ကြသည်။ ကျွန်စနစ်နှင့် ပတ်သက်သဖြင့် ကွဲ သွားသည့် နိုင်ငံကို ပေါင်းစည်းဖို့လည်း လုပ်မပေးနိုင် အရေး ယူ ဆောင်ရွက်ခြင်းလည်း မရှိနှင့် ပြည်တွင်းစစ်ကို ဦးတည်နေ သည်ကိုလည်း တားဆီးရန် မည်သည်မျှ မလုပ်ပေးနိုင်ခြင်းဖြင့် တိုင်းပြည်အတွက် လူညံ့သမ္မတအဖြစ် သမိုင်းဝင်ခဲ့သည်။
.
မြန်မာ့သမ္မတများ သမိုင်းတွင်ရော စာရှုသူသာ ကိုယ်ကြိုက် သည့်ဖက်မှ ဝေဖန်သုံးသပ်စေလိုကြောင်းပါ။
.
လူထုကတော့ အထက်က Kelptocracy သူခိုးအစိုး ရစနစ်ထဲ ပြန်မရောက်ဖို့၊ Kakistocracy လူညံ့အစိုးရများ လက်ထဲ နိုင်ငံမအပ်မိဖို့ ဒီမိုကရေစီ မဲဆန္ဒရှင်ပြည်သူများ မ ဖြစ်မနေ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင် ရပေလိမ့် ဦးမည်။ တိုင်းပြည်၏ အနာဂတ်အတွက် လူထုလမ်းပေါ် ထွက် လာခဲ့ကြပြီးပေပြီ။ လာမည့် ရွေးကောက်ပွဲများတွင် လည်း ထည့်ဝင်မည့် လူထု၏ ဆန္ဒမဲအစစ် အမှန်မဲသည်လည်း တိုင်း ပြည်အတွက် အနာဂတ်ပင် ဖြစ်ပေသည်။ ခေတ်ပြောင်း ဖို့တော့ အမှန်လိုပါပြီ။
.
ယခုတွင်လည်း ယခင်ခေတ် လူဟောင်းများ ရာခိုင်နှုန်း များပြားစွာ ပါဝင်နေသည့် အခင်းအကျင်းကို လူထုက နှာခေါင်း ရှုံ့နေကြသည်ကို Political Maker များ အထူး သတိပြုရန် လိုအပ်နေပေသည်။ အထူးသဖြင့် ရှမ်းပြည်နယ် ဖြစ်သည်။ စိန် နားကပ်ရောင်နှင့် ပါးပြောင်သည် ဆိုသော်လည်း ဥဿဖရား လောက်တော့ လင်းဖို့ လိုပေမည်။

Crd = Kleptocracy and Kakistocracy  By ဒေါ်ရွှေမိုး (ကိုရီးယား)(August 3,2020)
Consequences of Kleptocracy By Datuk Seri Akhbar Satar (October 6,2019)
Kleptocracy and Kakistocracy BY MOISES NAIM (June 18,2018)
The Kelptocrats (2018) Google, U TUBE

Journal Download

Photo of three cats