ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာ ရှင်းလင်းပွဲ ကောက်နုတ်ချက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာ ရှင်းလင်းပွဲ ကောက်နုတ်ချက်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မိန့်ခွန်း
သတင်းစာ ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာ လင်းထွဋ်က ပြည်နယ် နယ်စပ်ဒေသများ အားလုံး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီး ပွားရေး အခြေခံကောင်းများ ရရှိရေး၊ သဘာဝသယံဇာတများ ထိန်းသိမ်းရေး၊ အကျိုးရှိစွာ မျှတစွာ ဆောင်ရွက်စေရေး၊ ပြည်နယ် တွင်း စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်ပြီး ပြည်သူလူထု ဗ ဟိုပြု၍ အားလုံး ပါဝင်ရေးတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း။
.
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံစေ ရေးနှင့် ပိုလျှံစေရေး စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု ဘက်ညီမျှတ စွာ ဖြစ်ထွန်းစေရေး၊ ပြည်နယ်တွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေး အထောက်အကူ ပြုစေရေး အခြေခံ အဆောက်အအုံများ ဦးစားပေး တည်ဆောက်ရေး၊ စီးပွားရေး အထောက်အကူပြုနိုင် စေရေး စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးနိုင်ရေး၊ ပြည်နယ်အတွင်း လူထုတစ်ရပ်လုံး ရရှိခံစားနိုင်စေရေး၊ လူထုစီးပွားရေး ဖွံ့ဖြိုးတိုး တက်စေရေး၊ သဘာဝ ခရီးသွားလုပ်ငန်းကို အခြေခံသော ခရီး သွား လုပ်ငန်းကို မြှင့်တင်နိုင်ရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေ ရေး၊ ပြည်နယ်တွင်း ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်စေရေး၊ စီး ပွားရေး လုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်နိုင်စေရေး၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ တိုးမြင့်စေရေး၊ ရပ်ရွာ အေးချမ်းသာယာရေး ရည်ရွယ်ချက်ထား ဆောင်ရွက် လျက်ရှိပါကြောင်း။
.
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက် အထိ ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ မျိုး၊ အမှု ပေါင်း ၂၇၀ ကျော်၊ အမှုတွဲ ၄၈၀၀ ကျော်၊ ကြိုတင် ကာကွယ်မှု ၃၄၀၀ ကျော်၊ စုစုပေါင်း ၁၄၀၀၀ ကျော်ကို ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၉၀ ကျော်မှ တရားခံ ၃၈၀၀ ကျော်ကို တန်ဖိုးငွေကျပ် ၃၃၁ ဒသမ ၈ ဘီလီယံ ဖမ်းဆီး အရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး (၃၃) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ရောင်း ဝယ်မှု တိုက်ဖျက်ရေး နေ့တွင် မီးရှို့ဖျက်ဆီး ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။
.
One State One Township စီမံကိန်းအရ ရှမ်းပြည်နယ် ဖွံ့ ဖြိုးတိုးတက်စေရေးအတွက် ကလောမြို့နယ်ကို မူးယစ်ဆေးဝါး ကင်းစင်သောမြို့အဖြစ် ဆောင်ရွက်နိုင်ရေး အတွက် အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ လူမှုရေး အသင်း အဖွဲ့များ၊ ပြည်သူ လူထုများနှင့် စီမံချက်ရေးဆွဲပြီး အကောင် အ ထည်ဖော်လျက် ရှိပါကြောင်း။
.
လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရှမ်းပြည်နယ်အတွင်း လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိသော ပြည်ထောင်စု လမ်းပေါင်း ၃၀၊ ပြည်နယ်လမ်း ၂၆၃ လမ်း၊ စုစုပေါင်း ၂၉၃ လမ်းရှိပြီး လမ်းမိုင် အရှည် ၁၃၀၀ ဒသမ ၂၁ မိုင်ရှိကာ တစ်နိုင်ငံလုံး လမ်းစုစုပေါင်းလမ်းမိုင်အရှည်၏ လေးပုံ တစ်ပုံ ရှိပါကြောင်း။
.
ယင်း လမ်းများကို စတုတ္ထတစ်နှစ်တာ ကာလအတွင်း ပြည် ထောင်စု၊ ပြည်နယ်ရန်ပုံငွေဖြင့် AC လမ်းခင်းခြင်း၊ ကတ္တရာလမ်း သစ်ခင်းခြင်း၊ ကွန်ကရစ် လမ်းသစ်ခင်းခြင်း၊ သံကူ ကွန်ကရစ် တံ တားများ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပေ ၁၈၀ အထက် တံတားကြီးများ အနေဖြင့် သံလွင်မြစ်ကူးတံတား တာဆန်း၊ တာကော် တံတား၊ ပွန်ချောင်းတံတား တည်ဆောက်ခြင်း လုပ် ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၊ မိတ်ဘက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် BOT စနစ် ဖြင့် လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ကုမ္ပဏီ ၆ ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။
.
ရှမ်းပြည်နယ် ၂၀၁၉-၂၀၂၀ ပြည်နယ်၊ ပြည်ထောင်စု မူလ ဖြည့်စွက်ရန်ပုံငွေ ဘီလီယံပေါင်း ၃၀ ဒသမ ၃ ဘီလီယံကျော်ဖြင့် ကျေးလက် တံတား လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည် ထောင်စု၊ ပြည်နယ် ရန်ပုံငွေအတွင်း ၃ ဒသမ ၁ ဘီလီယံဖြင့် တောင်ကြီး၊ ပင်းတယ၊ လောက်ကိုင်၊ မိုင်းဆတ်၊ မိုင်းယောင်း၊ လားရှိုး၊ မိုးမိတ်မြို့နယ်များတွင် ဝန်ထမ်းအိမ်ရာများ တည် ဆောက် ပေးခဲ့ပါကြောင်း။
.
ရှမ်းပြည်နယ် နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စု၊ ပြည်နယ် ရန်ပုံငွေ ကျပ် ၃၇ ဒသမ ၂ ဘီလီယံဖြင့် လမ်းတံတား လုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ စီးပွားရေး လုပ်ငန်း၊ သာသနာရေး လုပ်ငန်း၊ အခြား လုပ်ငန်းများကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
.
နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းမှ ငြိမ်းချမ်းရေး ရန်ပုံငွေဖြင့် ဆီဆိုင်မြို့နယ်၊ နောင်ထောဝ် လမ်းပိုင်းကို ကတ္တရာလမ်းအဖြစ် လည်းကောင်း၊ ၎င်းလမ်းပိုင်းမှ ၁၀ ပေ Box Curlvet တံတား၊ ပွန် ချောင်းလမ်းပိုင်း၊ ၆ မိုင်လမ်းပိုင်းကို ၁၀ ပေ Box Curlvet တစ် စင်းတို့ကို ငွေကျပ်သန်းပေါင်း ၃၂၁ သန်းဖြင့် လည်းကောင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ ဘုရားကုန်း ၄ မိုင် ကို ၅ ပေ Box Curlvet ၅ စင်း၊ ၁၀ ပေ Box Curlvet ၁ စင်း ငွေ ကျပ် ၆၆ သန်းဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။
.
ရှမ်းပြည်နယ်အတွင်း မြို့ပြ ဖွံ့ဖြိုးတိုးတက် စည်ပင်သာယာ စေရေး အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း ကတ္တရာ လမ်း၊ ကျောက်ချောလမ်း၊ မြေသားလမ်း စုစုပေါင်း လမ်းအရှည် ၆၈ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်တံတား၊ ‌‌ရေပြွန်တံတား စုစုပေါင်းတံ တား၂၄၈ စင်း၊ ရေပေးဝေရေး လုပ်ငန်း ၂၂၄ ခု၊ အခြား ၄၄၈ ခု၊ စုစုပေါင်း ရန်ပုံငွေကျပ် ၁၆ ဒသမ ၅ ဘီလီယံဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း။
.
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေ ၁၁ ဒသမ ၇ ဘီလီယံနှင့် စည်ပင်သာယာရေး လုပ်ငန်း ၁၈၉ ခုကို ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်တွင် မြို့ ပေါင်း ၆၈ မြို့ ရှိရာ နိုင်ငံတော်ဓါတ်အား ပေး ၅၃ မြို့၊ အခြား စနစ် ဖြင့် ၃၃ မြို့ လျှပ်စစ်ဓါတ်အား ရယူပြီး သုံးစွဲနေပြီဖြစ်ကြောင်း၊ ကျေးရွာ မီးလင်းရေး အနေဖြင့် ကျေးရွာပေါင်း ၁၄၀၀၀ ခန့်ရှိ သည့်အနက် ဓါတ်အား စနစ်ဖြင့် ရွာပေါင်း ၂၀၀၀ ခန့်၊ အခြား စနစ်ဖြင့် ရွာပေါင်း ၂၆၀၀ ကျော်တွင် လျှပ်စစ်မီး ရရှိသုံးစွဲ နေပြီ ဖြစ်ကြောင်း၊ အိမ်ထောင်စု ၁၀ သိန်း ကျော် ရှိရာမှ ၅ သိန်း ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၄၂ ဒသမ ၇ ရာခိုင်နှုန်း ရရှိနေပြီဖြစ် ပြီး အမျိုးသားအဆင့် စီမံကိန်း အနေဖြင့် ကျေးရွာပေါင်း ၁၇၇၂ ရွာ လျှပ်စစ်မီးရရှိရေးအတွက် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း။
.
ကျိုင်းတုံဓါတ်အားခွဲရုံ၊ မိုင်းပျဉ်းဓါတ်အားခွဲရုံ တည်ဆောက် ပေးခဲ့ပြီး ဩဂုတ်လ ၈ ရက်မှ စတင်၍ နိုင်ငံတော် သမ္မတကြီး တက်ရောက် ဖွင့်လှစ်ပေးခဲ့ကာ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသ တွင် ၂၄ နာရီ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ကြောင်း၊ ၎င်း ဓါတ်အားခွဲရုံကို အမှီပြု၍ တာချီလိတ်၊ မိုင်းတုံဒေသများ ကိုလည်း ဓါတ်အားလိုင်းများ တိုးချဲ့ တည်ဆောက်ပေးလျက် ရှိ ကာ ရှမ်းပြည်နယ် တစ်ခုလုံး ဓါတ်အား စနစ်ဖြင့် ဖြန့်ဖြူးပေးနိုင် ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။
.
ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း တိုင်းရင်းသား လူမျိုးများ အ သိအမြင် ဗဟုသုတ ရရှိရေး၊ အစုအဖွဲ့ အချင်းချင်းသော်လည်း ကောင်း၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် သော်လည်းကောင်း ချိတ်ဆက် ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးစုံညီပွဲတော်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်တွင် ပထမဆုံး စည်စည် ကားကား ကျင်းပ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
.
COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကာလအ တွင်း တိုင်းရင်းသား ပြည်သူများ လူစုလူဝေးရှောင်ရှား နိုင်ရန် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လတ်ဆက်သန့်ရှင်း သော ဟင်းသီးဟင်းရွက်များ စားသုံးနိုင်ရေး အတွက် မြို့ပေါ်ရပ် ကွက်နှင့် ကျေးရွာများသို့ Home Gardern အတွက် မျိုးစေ့များ၊ ပျိုးပင်များကိုလည်း ရှမ်းပြည်နယ်အစိုးရ အနေဖြင့် အခမဲ့ ဖြန့် ဝေပေးနိုင်ခဲ့ကြောင်း။
.
ယခု ဘဏ္ဍာရေးနှစ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာနမှ ထိန်းသိမ်း ထားရှိသည့် ဆည်၊ ကန်၊ ကျေးရွာဆည် ၂၉၀ ခု၊ နတလဆည် ၁၃ ခု၊ ဖွံ့ဖြိုးရေးဆည် ၁၃၀ ခု၊ ပုဂ္ဂလိကဆည် ၁၃ ခု၊ အကျိုးပြုဆည် ၆ ခုမှ အကျိုး ပြုဧကပေါင်း ၁ ဒသမ ၉ သိန်းကျော်ရှိ စိုက်ပျိုးမြေ ဧကများကို အကျိုးပြုလျက်ရှိကြောင်း၊
.


.
မြစိမ်းရောင်ကျေးရွာ စီမံကိန်းအနေဖြင့် ကျေးရွာပေါင်း ၂၁၆ ရွာတွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် တွင် နှစ်အလိုက် လူထုဗဟိုပြု ဖွံ့ဖြိုးရေး စီမံချက်အရအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာပေါင်း ၆၀၀ ကျော်၊ လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို စီမံချက်ရေးဆွဲ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
.

COVID-19 Economic Relief Plan အရ စီးပွားရေး ပြန် လည် ထူထောင်ရေးအတွက် ရှမ်းပြည်နယ် အတွင်းရှိ ကျေးရွာ များမှ ကုန်ထုတ်လုပ်ငန်း Cash for Work စီမံကိန်း ကျေးရွာ ပေါင်း ၂၇၀၊ VDP စီမံကိန်းအရ ကျေးရွာပေါင်း ၆၀၀ ကျော်၊ လုပ် ငန်းပေါင်း ၇၀၀ ကျော်ကို စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
.
သိမ်းဆည်း စွန့်လွှတ်မြေများ တောင်သူများလက်ဝယ်သို့ ပြန်လည်အပ်နှံမှု အနေဖြင့် မြေဧက ၄၆၀၀၀ ကျော်ကို ပြန်လည် အပ်နှံနိုင်ခဲ့ပြီး ၎င်းမြေ ၈၀ ရာခိုင်နှုန်းကို လွှဲပြောင်း ပေးအပ်နိုင်ခဲ့ ကြောင်း၊ ကျန်မြေများကို ပြန်လည် လွှဲပြောင်း အပ်နှံနိုင်ရေး စိ စစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊
.
ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများကို လည်း၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရေဝေရေလဲ စိုက်ခင်း ဧက ၆၀၀၊ စိုက်ခင်းမြေ ၄၂၅ ဧက၊ ကျေးရွာထင်း စိုက်ခင်း ဧက ၁၀၀ နှင့် သဘာဝတော ၁၀၂၅ ဧက၊ စုစုပေါင်း ၂၅၉၅ ဧကကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊
.
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း တရားမဝင် သစ် စုစု ပေါင်း တန်ချိန် ၅၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး တရားခံ ၁၅၀ ဦး၊ ယာဉ် ၃၂၃ စီးကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အင်းလေးကန် ရေဝေရေလဲဒေသ ထိန်းသိမ်းရေးအတွက် သစ် ပင် ပေါက်ရောက်မှု မရှိသည့် တောင်ကတုံးများတွင် သစ်စေ့မြေ လုံး Seed Ball များကို ရဟတ်ယာဉ်ဖြင့် ပျိုးချ စိုက်ပျိုးနိုင်ခဲ့ ကြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်တွင် သတ္တုတွင်း ဧကပေါင်း ၁၃၀၀ ကျော်ကို ဖော်ထုတ် ပေးနိုင်ခဲ့ပါကြောင်း။
.
ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်တွင် ရှမ်းပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ကို ဖွဲ့စည်း တာဝန် ပေးအပ်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ Facilities Quarantine Center ၃၀၀ ပြင်ဆင် ထားရှိနိုင်ခဲ့ပြီး စောင့်ကြည့်လူနာ ၄၄၁၄ ဦး၊ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၀ ဦးတို့အား စောင့်ကြည့်ခဲ့ကာ ၎င်း တို့အားလုံး ရောဂါပိုး ကင်းစင်သည့်အတွက် ပြန်လည်စေလွှတ် နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ နယ်စပ် ဝင်ထွက်ပေါက် ဂိတ်များ ဖြစ်သော မူဆယ်၊ လောက်ကိုင်၊ တာချီလိတ်၊ မိုင်းလား ဒေသ များမှ နေရပ်ပြန် ၄၈၀၀၀ ကို နေရပ်သို့ ပြန်လည် ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း။
.
COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအ တွင်း ပုံမှန်ဝင်ငွေ မရှိသော လူတန်းစားများအား အခြေခံ စား သောက်ကုန် ၅ မျိုး၊ တန်ဖိုး ငွေကျပ် ၂ ဒသမ ၅ ဘီလီယံကို ထောက်ပံ့ ပေးခဲ့ပြီးဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ထောက်ပံ့ရန် ကျန်ရှိသော အိမ်ထောင်စု ၆၀၀၀၀ ကျော်ကိုလည်း တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၅၀၀၀ နှုန်း ဖြင့် ငွေကျပ် ၀ ဒသ မ ၉ ဘီလီယံ ထောက်ပံ့ပေးခဲ့ပြီး ယခု ဒုတိယအကြိမ် ထောက် ပံ့ရန်ငွေ ကျပ် ၃ ဒသမ ၄ ဘီလီယံကို စတင် ထောက်ပံ့ဆောင် ရွက်လျက်ရှိပြီး Quarantine Center ရှိ သူများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကျွေးမွေး စရိတ် ငွေကျပ် သိန်းပေါင်း ၄၈၀၀ ကို ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်ကြောင်း။
.
စီမံကိန်း ရည်မှန်းချက်များ အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် အောက်တိုဘာလမှ စက်တင်ဘာလ ကုန်အထိ ဝန်ဆောင်မှု လုပ်ငန်းများ ၆၇၀၀ ဒသမ ၂၀၃ ဘီလီယံအနက် ၄၂၅၆ ဒသမ ၃ ဘီလီယံ ရရှိခဲ့ပြီး စီမံကိန်း ၆၃ ဒသမ ၃ ရာခိုင်နှုန်း အကောင်အ ထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း။
.
ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ကဏ္ဍ အနေဖြင့် ဟို တည်၊ တည်းခိုရိပ်သာ လိုင်စင်များ၊ ဧည့်လမ်းညွှန် လိုင်စင်များ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည် ဝင်ရောက်မှု ၇ ဒသမ ၄ သိန်း ကျော်၊ ပြည်ပဧည့်သည် ၃ သိန်းကျော် ဝင်ရောက် လည်ပတ်ခဲ့ပါကြောင်း။
.
COVID-19 ကပ်ရောဂါဆိုး ကာလတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု အနည်းငယ် နည်းပါးခဲ့ကြောင်း၊ ခရီးသွားမြှင့်တင် ရေး ဆောင်ရွက်ချက်အနေဖြင့် ပင်းတယ၊ ရွာငံ၊ ရပ်စောက် အရှေ့ မြင်အနောက်မြင်တောင် လုပ်ငန်း မှတ်တမ်းတင် ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ရှမ်းပြည်နယ် ခရီးသွားလုပ်ငန်း ဆိုင်ရာ ပံ့ပိုးမှုအနေ ဖြင့် ခရီးစဉ်ဒေသ အသစ်များအဖြစ် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ရွာငံမြို့နယ်၊ ပြဒါးလင်းဂူ ဒေ သဖွံ့ဖြိုးရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
.
မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာအုပ်စု၊ မြေဧရိယာ ၂ ဒသမ ၇ ဧကတွင် နိုင်ငံတော် အဆင့် ကြယ် ၅ ပွင့် ဟိုတယ် ရင်းနှီးမြှုပ် နှံမှု လုပ်ငန်း ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များမှ တင်ပြလာ သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ MoA ရေးထိုး နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက် စေရေး၊ လူထုစီးပွား ခရီးစဉ်ဒေသ အသစ်များ ဖော်ဆောင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း။
.
ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှမ်းပြည် နယ် အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပေး ထားသည့်အတိုင်း မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှု ၄ ခုရှိပြီး ရင်း နှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၀၊ မြန်မာကျပ် ငွေ ၁၆၅ ဘီလီယံ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁ သန်း ကျော်၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပေးထား သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃ ခု၊ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်း ဖြစ်ပါကြောင်း။
.
ရှမ်းပြည်နယ်တွင် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့မှုပေါင်း ၁၆၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ် ကြုံတွေ့မှုကို ထောက်ပံ့ ပေးငွေ အနေဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ပေါင်း ၄၀ ကျော်၊ စေတနာရှင်အဖွဲ့အစည်းများ မှ ငွေကျပ်သန်း ပေါင်း ၃၀၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ငွေကျပ် ၁၁၃ သန်းကျော်၊ စုစုပေါင်း ငွေကျပ် ၁၇၃ သန်းကျော် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း၊ ဘေးအန္တရာယ် ဖြစ်ပွားမှုများ အတွက် ပြည် သူများ နားနေနိုင်ရန် ပင်လောင်းမြို့နယ်တွင် Shelter ၃ ခု၊ ကျောက်မဲမြို့နယ်တွင် Shelter ၃ ခု၊ သီပေါမြို့နယ်တွင် ၃ ခု ဆောက်လုပ်ပေး လျက်ရှိကြောင်း။
.
ရှမ်းပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင် စခန်း ၂၃ ခုမှ အိမ် ထောင်စုပေါင်း ၁၄၀၀ စု၊ လူဦးရေ ၇၄၀၀ အတွက် ရှမ်းပြည်နယ် အစိုးရမှ ထောက်ပံ့ပေးငွေ ၃၀ ဒသမ ၃ သန်းကို ထောက်ပံ့ပေး နိုင်ခဲ့ပြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ စီမံခန့်ခွဲသည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ တန်ဖိုးငွေကျပ် ၀ ဒသမ ၄ ဘီလီယံကို လည်း ထောက်ပံ့ ပေးအပ်နိုင်ခဲ့ကြောင်း။
.
နိုင်ငံတော်အစိုးရမှ ပြည်သူ လူထု၏ အခြေခံ လိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စွာ ဝန်ဆောင်မှု ပေးနိုင်ရန် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) များ ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပြီး ကျေးလက်ဒေသနေ ပြည်သူများ မြို့ပေါ်သို့ လာရောက်ရာတွင် အခက်အခဲ မရှိစေရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ပြည်နယ်တွင်း ရွှေ့ လျား ဝန်ဆောင်မှု Mobile Service များကို ကျေးရွာများအထိ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။
.
ပြည်သူ့ဝန်ထမ်းများ၊ အစိုးရ အဖွဲ့များ ပူးပေါင်းဆောင်ရွက် မှု အားကောင်းလာစေရန် ပြုပြင် ပြောင်းလဲရေးအတွက် အဆင် ပြေစေမည့် ပြည်သူနှင့် အစိုးရအကြား Good Government စ နစ်ကို အကောင်အထည် ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောဆိုခဲ့သည်။
.
DVB သတင်း ဌာနမှ မေးမြန်းခြင်း
လဝက စီမံချက်တွေနဲ့ မှတ်ပုံတင် ရရှိရေး လိုက်လုပ်ပေးနေ တာ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့နေရာမှာ မှတ်ပုံတင် မရသေး တဲ့သူတွေ ရှိနေတယ်လို့ သိရပါတယ်။ မှတ်ပုံတင် ပြုလုပ်ရာမှာ လည်း ငွေကြေး ပေးနေရတယ်လို့ သိရပါတယ်။ ကွင်းဆင်းပြီး မှတ်ပုံတင်ပြုလုပ်ပေးတဲ့အပေါ်မှာ ခရီးစရိတ်တို့ ငွေကြေး ပေး သွင်းရမှု အခြေအနေ သိလိုပါတယ်။
.
ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်မြင့်မှ ဖြေကြားခြင်း
မှတ်ပုံတင် လျှောက်ထားရာမှာ ငွေကြေး ကုန်ကျမှုကို အစိုး ရက စီမံဆောင်ရွက်တဲ့ နေရာမှာ လိုအပ်တဲ့ အထောက်အထား၊ အိမ်ထောင်စု စာရင်းနဲ့ ကိုယ်ရေး အချက်အလက်တွေကို ကာယ ကံရှင်က ယူဆောင်လာပြီး မိတ္တူ ကူးတာ၊ ဓါတ်ပုံရိုက်/သွေးစစ် တာတွေကို ကာယကံရှင်က ကျခံရမှာ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင် ကတ်ပြား ပြုလုပ်ရာမှာ နိုင်ငံတော်မှာ ၆ ကျပ်ပဲ ပေးဆောင်ရမှာဖြစ်ပါတယ်။ ၁၀ နှစ်ပြည့်ကနေ ၁၈ နှစ် ပြည့်လဲရင် ၃ ကျပ်၊ ပျောက်ပျက် လျှောက်ထားရင် တခြား ငွေ ကြေး ကောက်ခံမှု မရှိပါဘူး။
.
တချို့ ပြည်သူလူထုက ကာယကံရှင်ကိုယ်တိုင် လာရောက် ဆောင်ရွက်ခြင်း မရှိဘဲ ကြားပွဲစားများနဲ့ ဆောင်ရွက် ခြင်းကြောင့် ငွေကြေးပေးရခြင်း ဖြစ်ပါတယ်။ လဝက ဝန်ထမ်းများက ငွေ ကြေး တောင်းခံမှု ရှိပါက တိတိကျကျ တိုင်ကြားမှု ရှိခဲ့ရင် အဲဒီ ဝန်ထမ်းကို စုံစမ်း စစ်ဆေးပြီး မှန်ကန်မှု ရှိပါက နိုင်ငံ့ဝန်ထမ်း ဥပ ဒေနဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။
.
ကျေးရွာနေ ပြည်သူလူထုအနေနဲ့ လာရောက်တဲ့ ခရီးစရိတ်၊ နေထိုင်စားသောက်စရိတ်များ မကုန်ကျရအောင်၊ နေ့စဉ်ဝင်ငွေ မဆုံးရှုံးရအောင် နိုင်ငံတော် အကြီးအကဲတွေက ကျေးရွာအ ရောက် ရွေ့လျားဝန်ဆောင်မှု အဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးနေပြီ ဖြစ်ပါတယ်။ ကျေးရွာများကို သွားရောက်ရာမှာ ကုန်ကျစရိတ် လုံးဝ ကောက်ခံခြင်း မရှိပါဘူး။ ဝန်ထမ်းများ အ နေနဲ့ မိမိ အစီအစဉ်နဲ့ သွားရောက် ဆောင်ရွက်ပေးတာဖြစ် ပါ တယ်။
.
DVB သတင်းဌာနမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်အရ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ဆက်စပ်ပြီးတော့ အမျိုးသမီးများရဲ့ လုံခြုံရေး အနေအထားအရ အများစု စားဝတ်နေရေး၊ လုံခြုံရေး ကြုံတွေ့နေရတဲ့အပေါ် ဘယ် လိုမျိုး ဖြေရှင်းပေးနေသလဲ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်တဲ့ အ မျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို သိလိုပါတယ်။
.
ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်း မောင်မှ ဖြေကြားခြင်း
ရှမ်းပြည်နယ် အမျိုးသမီး ကော်မတီရဲ့ အောက်မှာ အသင်း အဖွဲ့အားလုံး ၇ ဖွဲ့ ရှိပါတယ်။ အဲဒီမှာ ဆောင်ရွက်ပေး နေတာရှိပါ တယ်။
.
DVB မှ ဆက်စပ်မေးခွန်း မေးမြန်းခြင်း
ရှမ်းပြည်နယ် အစိုးရရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေကို သိလိုပါတယ်။
.
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ဆက် လက် ဖြေကြားခြင်း
ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး နယ်စပ်ဒေသ မှာရှိတဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက် နေတာ ရှိပါ တယ်။ အစည်းအဝေး ၁၇ ကြိမ်၊ လူထုတွေ့ဆုံပွဲ ၃ ကြိမ်တို့ကို သက်ဆိုင်ရာအဆင့်ဆင့် ပြုလုပ်လျက်ရှိရာ ၁၇ ကြိမ်မြောက် အစည်းအဝေး ပြုလုပ်ပေးနေတာ ရှိပါတယ်။ ငြိမ်းချမ်းရေးကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်။
.
7 Days သတင်းဌာနမှ မေးမြန်းခြင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အင်းလေးဇုန်ဝင်ကြေး ကောက်ခံမှုနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင် တစ်ဦးက ယနေ့အချိန်အထိ ကျပ်သန်းပေါင်း ၁၁၅၀၀ ကျော် ပေးသွင်းဖို့ ကျန်ရှိနေတယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီက ငွေ ပေးသွင်းဖို့ ကာလလည်း ကျော်လွန်သွားပြီဆိုတော့ ဘယ်လိုအ ရေးယူ ဆောင်ရွက်သွားမလဲ သိလိုပါတယ်။
.
ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦးမှ ပြန်လည်ဖြေကြားခြင်း
စည်းကမ်းချက်များနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
.
7 Days သတင်းဌာနမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
ယခင် ရှမ်းပြည်နယ်အစိုးရ သက်တမ်း ကုန်ခါနီးက တောင် ကြီးမြို့၊ ၂ မိုင်ထင်းရှူးတောမှာ ဝန်ကြီးများအိမ်ရာ ဖော်ဆောင် ခဲ့တာ ရှိပါတယ်။ ယခု အစိုးရလက်ထက်မှာ အကောင်အထည် ဖော်ဖို့ ရှိပါသလား။
.
ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ဖြေ ကြားခြင်း
အစီအစဉ် မရှိပါဘူး။ ဒီအစီအစဉ်ကလည်း ဖျက်သိမ်းသွား ဖို့ ရှိပါတယ်။ ဒါကြောင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိတာ ဖြစ်ပါတယ်။
.
Weekly Eleven သတင်းဌာနမှ မေးမြန်းခြင်း
မူဆယ် နယ်စပ်မှာ တရုတ် နိုင်ငံသားတွေက တရားမဝင် ဝင် ရောက်နေတာတွေ၊ ပြည်သူ့စစ် အမည်ခံပြီး လောင်းကစား ရုံတွေ လာဖွင့်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စရပ်ကို အမျိုးသား ရေး တာဝန်တစ်ရပ် အနေနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆောင် ရွက်သွားဖို့ ရှိပါသလား။
.
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုက ဖြေကြားခြင်း
မူဆယ်မှာ တရားမဝင် တရုတ်နိုင်ငံသားတွေ မူးယစ်ဆေးဝါး၊ လောင်းကစား၊ Online ဂိမ်း၊ လက်နက်နဲ့ အုပ်စုဖွဲ့ ဒုစရိုက်မှု ကျူး လွန်တာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ မေလ ၁၅ ရက်ကစပြီး ကျားမင်း စီမံချက်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ တရုတ်နိုင်ငံသားများ မူဆယ်မြို့တွင်း တရားမဝင် ဝင်ရာက်နေ ထိုင်မှုနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ ဆောင် ရွက်လျက် ရှိပါတယ်။ ရှမ်းပြည်နယ်အတွင်း တရားမဝင် တရုတ် နိုင်ငံသားတွေ ဝင်ရောက်မှု မရှိစေရေးအတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ တပ်မတော်နဲ့ ကျန်တဲ့ဌာနဆိုင်ရာတွေ ပူးပေါင်း ဆောင် ရွက်လျက်ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ ထိရောက် တဲ့ ပြစ်ဒဏ်နဲ့ အရေးယူပြီး သယ်ဆောင်ပေးတဲ့ မြန်မာနိုင်ငံ သားတွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ အရ ထိရောက်တဲ့ ပြစ်ဒဏ်ပေး ဆောင်ရွက်လျက် ရှိပါတယ်။
.
တရုတ်နိုင်ငံသား ရာနဲ့ချီ ဝင်ရောက်နေတဲ့ အတွက် အမျိုး သားရေး တာဝန်တစ်ရပ်အနေနဲ့ ဘယ်လိုဖြေရှင်းမလဲ ဆိုတာက မြန်မာနိုင်ငံဘက်က တချို့ စီးပွားရေးသမားတွေက ပိုက်ဆံရရင် ရသလို အခကြေးငွေယူပြီး သယ်ယူ ပို့ဆောင်ပေးတာတွေ၊ တည်းခိုခွင့် ပေးနေတာတွေ တွေ့ရပါတယ်။ တရားမဝင် ဝင် ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေအတွက် အားလုံးမှာ တာဝန် ရှိပြီး ပြည်သူလူထုက ဝိုင်းဝန်း ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ပြည်သူ လူထု ပူးပေါင်းပါဝင် ဆောင်ရွက်မှ သာလျှင် ဖြေရှင်းဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။
.
Weekly Eleven သတင်းဌာနမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
ရှမ်းပြည်နယ်မှာ သိမ်းဆည်းမြေ၊ စွန့်လွှတ်မြေယာ စုစု ပေါင်း ဘယ်လောက်ရှိပြီး ဖြေရှင်းပြီးမြေ ဘယ်လောက် ရှိတယ်၊ ဘယ်လောက် ကျန်တယ်ဆိုတာ သိလိုပါတယ်။ တောင်သူလက် ဝယ်ကို မရောက်ဘူးဆိုတဲ့ အသံတွေလည်း ကြားသိနေ ရပါ တယ်။
.
ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦး စိုင်းလုံကျော်မှ ဖြေကြားခြင်း
လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုနဲ့ ပတ် သက်ပြီး သက်ဆိုင်ရာမြို့နယ်များသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ကြီးဌာန ၈ ခုကနေ အမှုပေါင်း ၁၆၆ မှု၊ ဧကပေါင်း ၁၂၀၀၀ ကို လွှဲပြောင်း ပေးအပ်ပြီး ဖြစ်ပါတယ်။ စွန့်လွှတ်မြေများကို တောင်သူ လက်ဝယ်သို့ ပေးအပ်ခဲ့တဲ့ အမှုပေါင်း ၁၅၅ မှု ရှိပြီး ဧကပေါင်း ၄၅၅၈ ဒသမ ၃၈၅ ဧက၊ လွှဲပြောင်းအမှု ၁၃၃ မှု၊ ဧက အားဖြင့် ၁၃၂၃ ဒသမ ၉၅ ဧကဖြစ်ပါတယ်။ ကျန်တဲ့ ဌာန ဆိုင်ရာကနေပြီး မြေပြင်မှာ ဆောင်ရွက်ရန် ကျန်တာတွေ ရှိပါ တယ်။
.
မြေယာ မှုခင်း ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်မှာ ဖြေရှင်းမှုတွေ ရှိသလို ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဒီလို ဆောင် ရွက်တဲ့အခါမှာ လယ်ယာမြေ ဥပဒေ အခန်း (၈) ပါအတိုင်း မူလ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမှာ ကျေနပ်မှု မရှိပါက မြို့နယ်၊ ခရိုင်၊ ပြည်နယ်မှာ ပြန်လည် ဖြေရှင်းရပါတယ်။ ဖြေရှင်းတဲ့ အ ခါမှာ နှစ်ဘက်သော ပုဂ္ဂိုလ်များကို ကော်မတီဝင် အနည်းဆုံး ၆ ဦးပါတဲ့ ပဏာမကြားနာရေးအဖွဲ့က မျက်နှာစုံညီ တွေ့ဆုံပြီး တော့ ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ရပါတယ်။ ရရှိတဲ့ အပေါ်မှာ သုံးသပ်ချက်၊ အကြံပြုချက်တွေနဲ့ ဆုံးဖြတ်ရပါတယ်။ ဆုံးရှုံး တဲ့သူ အတွက်လည်း နစ်နာမှု မရှိအောင် နိုင်ငံတော်အဆင့် တက်ရောက်ပြီး ဖြေရှင်းနိုင်တဲ့ အခွင့်အရေး ရှိကြောင်း၊ ဒါ ကြောင့် လယ်ယာမြေ ပြဿနာများ ဖြေရှင်းတဲ့အခါမှာ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ် စသည်ဖြင့် အဆင့်ဆင့်သော ကော်မတီဝင်များက လယ်ယာမြေ ဥပဒေနဲ့အညီ စိစစ် ဆောင် ရွက်ပေးလျက် ရှိပါတယ်။
.
Skynet သတင်းဌာနမှ မေးခွန်းမေးမြန်းခြင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အကူးအပြောင်းကာလမှာ နောက် တက်လာမယ့် အစိုးရ အဖွဲ့အတွက် လုပ်ငန်း လွှဲပြောင်းပေးဖို့ ဘယ်လို စီစဉ် ဆောင်ရွက်ထားတယ် ဆိုတာ သိလိုပါတယ်။
.
ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဖြေ ကြားခြင်း
လွှဲပြောင်းပေးဖို့ သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ လွှဲပြောင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
.
Skynet သတင်းဌာနမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
ရှမ်းပြည်နယ်မှာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ အစိုးရ သက်တမ်းအတွင်း ပံ့ပိုးမှု ဘယ်လိုရှိတယ်ဆိုတာ သိလိုပါ တယ်။
.
ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဖြေ ကြားခြင်း
မီဒီယာကျင့်ဝတ်၊ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ မီဒီယာတွေ ကို ရှမ်းပြည်နယ် အစိုးရက တလေးတစား ဆက်ဆံဆောင်ရွက် ပေးပါတယ်။ မီဒီယာနဲ့ ပတ်သက်လာရင် ရှမ်းပြည်နယ် အစိုးရ က ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်အနေနဲ့ ဖြေလျှော့ ဆောင် ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
.
One News Myanmar သတင်းဌာနမှ မေးမြန်းခြင်း
ရှမ်းပြည်နယ်မှာ Clean and Green City မြို့တွေ ဆောင် ရွက်ဖို့ ရှိတယ်လို့ သိရပါတယ်။ ဘယ်နှစ်မြို့ ဆောင်ရွက်မလဲ၊ လက်ရှိမှာ ဆောင်ရွက်နေတဲ့ မြို့၊ ပြီးစီးတဲ့မြို့ ဘယ်လောက် ရှိ ပါသလဲ။ ဘယ်လို ဘတ်ဂျက်တွေနဲ့ သုံးစွဲမှာလဲ၊ ဘယ်လောက် သုံးသွားမှာလဲ သိလိုပါတယ်။
.
ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဖြေ ကြားခြင်း
၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ ဘတ်ဂျက် ၃ ခုနဲ့ ဟိုတယ် ခရီးရန်ပုံငွေ၊ စည်ပင် ရန်ပုံငွေအပေါ် မူတည်ပြီး သွားရ တဲ့အတွက် သီးသန့်ခွဲဝေပြီး မြို့ကြီး ၁၂ မြို့ကို ဆောင်ရွက်နေတာ ရှိပါတယ်။ ၂၀၂၀-၂၀၂၁ ကစပြီး Smart City ကို ၃ နှစ်အတွင်း ဖော်ဆောင်သွားမယ်။ ခရီးသွားလုပ်ငန်း ရှိတဲ့ မြို့တွေမှာ Tourism City ဖော်ဆောင်သွားဖို့ ရှိပါတယ်။ အခုဆိုရင် တောင် ကြီးမြို့ရဲ့ ရေပေးဝေရေး စနစ်တွေ ကွင်းဆင်းပြီး ပညာရှင်တွေ နဲ့  ဆောင်ရွက်နေပါတယ်။ ရေကြီးရေလျှံမှု မဖြစ်ဖို့၊ တစ်ပြည် နယ်လုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖော်ဆောင်သွား မှာ ဖြစ်ပါတယ်။ Master Plan လေးတွေ ရေးဆွဲပြီး အကောင်း ဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
.
One News Myanmar သတင်းဌာနမှ ဒုတိယမေးခွန်း မေးမြန်း ခြင်း
အင်းလေးကန် ထိန်းသိမ်း ကာကွယ်ဖို့ အခုထိ အုပ်ချုပ်ရေး အဖွဲ့ မဖွဲ့စည်းရသေးဘူး။ နည်းဥပဒေ ရေးဆွဲထားခြင်း ရှိ/မရှိ သိလိုပါတယ်။
.
ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင် မောင်ဝင်းက ဖြေကြားခြင်း
အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေး နောက်ဆုံးအဆင့် ဆွေးနွေးမှု ဆောင်ရွက်ဖို့ ရှိပါတယ်။ COVID-19  ကြောင့် လူစုလူ ဝေး မဖြစ်ပေါ်စေရေး ရက်ရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အမြန်ဆုံး ထုတ်ပြန်ပြီး ကျင့်သုံးနိုင်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။
.
Right Way News သတင်းဌာနမှ မေးမြန်းခြင်း
ရှမ်းပြည်နယ်မှာ အစိုးရအဖွဲ့အနေနဲ့ ၄ နှစ်တာ ကာလအ တွင်းမှာ အဓိက စိန်ခေါ်ချက် အခက်အခဲက ဘာဖြစ်မလဲ။ ဖြေ ရှင်းနိုင်ခဲ့တဲ့ အခက်အခဲတွေထဲက ဘယ် အချက်ကို ကျေနပ်အား ရမှု ရှိသလဲ သိလိုပါတယ်။
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဖြေကြားခြင်း
ပြည်နယ်တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးက ရှမ်းပြည်နယ်အစိုးရ အဖွဲ့အတွက် အကြီးဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲ ဖြစ်ပါတယ်။ ပြည်ထောင်စုနဲ့တကွ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံး ငြိမ်း ချမ်းမှ ဖွံ့ဖြိုးတိုးတက်မှုက လျင်မြန်ချောမွေ့စွာ အကောင်အ ထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာ ခံကနေ တစ်ဆင့် ပြည်ထောင်စုကြီး တစ်ခုလုံး ရင်ကြားစေ့ ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ တိုက်ပွဲ ရှောင်ပြည်သူတွေရဲ့ သောကကို ဖြေရှင်းဆောင်ရွက်ရတဲ့ အခါ မှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ အကြီးမားဆုံး အခက်အခဲ ဖြစ် ပါတယ်။ ဖြေရှင်းဆောင်ရွက် ခဲ့တဲ့အထဲမှာ ကျေနပ်နှစ် သိမ့်မှုနဲ့ ပီတိ ခံစားရတဲ့ ကိစ္စကတော့ ဒီနှစ်မတ်လမှာ စတင် ကြုံတွေ့ခံ စားရတဲ့ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဖြည့်ဆည်း ကူညီ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ပြည်ပပြန် ပုဂ္ဂိုလ်များကို Quarantine ထားပြီး စောင့် ရှောက်နိုင်ဖို့၊ ပြန်ပို့ပေးနိုင်ဖို့ ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ထွက် ပြေးတဲ့သူတွေ ရှိတာလည်း အားလုံး အသိပဲ ဖြစ်ပါတယ်။
.
Right Way News သတင်းဌာနမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
စစ်ရှောင်စခန်းတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ၂၀၂၀ မှာ မဲပေးနိုင်ဖို့ ဘယ်လို ဆောင်ရွက်ထားတယ် ဆိုတာ သိ လိုပါတယ်။
.
ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင် ကျော်မှ ဖြေကြားခြင်း
တိုက်ပွဲရှောင် ဒုက္ခသည် စခန်းမှ ဒုက္ခသည်များ အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် မြို့ နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မြို့နယ် အုပ်ချုပ် ရေးမှူးကနေ စာရင်း ရရှိထားပြီး ဖြစ်ပါတယ်။ မဲပေးနိုင်ဖို့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက စီစဉ်‌ ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် မဲပေးပိုင်ခွင့် ရှိပါတယ်။
.
ကမ္ဘောဇတိုင်းမီဒီယာမှ မေးမြန်းခြင်း
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ကြီးကနေ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူအပါ အဝင် ကျန်ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေကို ဖုန်းနဲ့ဖြစ်စေ၊ SMS နဲ့ဖြစ်စေ ဆက်သွယ် သတင်းမေးမြန်းဖို့ လမ်းညွှန်ထားတာ ရှိပါ တယ်။ ဒါပေမဲ့ ဌာနဆိုင်ရာ တချို့က သတင်းနဲ့ ပတ်သက်ရင် ဖြေ ကြားခြင်း မရှိတာ တွေ့ရပါတယ်။ အဲဒီအတွက် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှု အပေါ် မရှိတဲ့ ဌာနဆိုင်ရာတွေကို ဘယ်လို ထိန်း ကျောင်းပေးသွားမယ် ဆိုတာ သိပါရစေ။
.
ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ဖြေကြားခြင်း
ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ဖူးပါတယ်။ ဝန် ကြီးတွေအနေနဲ့ကလည်း မအားရင် မအားသေးတဲ့အကြောင်း မီဒီယာတွေကို ပြန်ဖြေတာ ရှိပါတယ်။ သို့သော် ဌာနဆိုင်ရာတွေ က အမှားပါသွားမှာ ကြောက်တယ်။ သက်ဆိုင်ရာဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဌာနဆိုင်ရာ တွေကို မီဒီယာတွေနဲ့ ပတ် သက်ရင် ဖြေကြားပေးဖို့ ကြပ်မတ် လမ်းညွှန်ထိန်းကျောင်းပေး သွားပါမယ်။
.
ကမ္ဘောဇတိုင်းမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ကနေ ကျောက်တလုံးကြီး မြို့အထိ လယ်ယာမြေတွေပေါ်မှာ လူနေအိမ်မြေကွက် ဖော် ထုတ်ပြီး အရောင်းအဝယ် ပြုလုပ်နေတာဟာ တရားဝင်မှုရှိ/မရှိ နဲ့ လက်ရှိ မြေကွက် ဝယ်ယူထားသူတွေ အတွက် ဘယ်လိုစီမံပေး မယ်ဆိုတာ သိပါရစေ။
.
ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနမှူး ဦးဆန်းဝင်းမှ ဖြေကြားခြင်း
လယ်ယာမြေတွေ၊ သစ်တော ကြိုးဝိုင်းတွေ ပါရှိပါတယ်။ အကွက်ရိုက်ပြီး ကွန်ကရစ်တိုင် စိုက်တာ၊ ခြံစည်းရိုး ခတ်တာတွေ ကို သစ်တောဥပဒေတွေနဲ့ တားတယ်။ တားလို့ မရရင် သက် ဆိုင်ရာ ဥပဒေနဲ့ အရေးယူပါတယ်။
.
Myanmar Now သတင်းဌာနမှ မေးမြန်းခြင်း
နွားမှောင်ခိုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မေလက သယ်ခွင့်ပါမစ် ပိတ်လိုက်တယ်။ ပိတ်ပြီးတော့ မှောင်ခိုသယ် ကြတယ်။ သား သတ်လိုင်စင်နဲ့ သယ်တယ်လို့ အကြောင်းပြပါတယ်။ အနည်းဆုံး ဌာနဆိုင်ရာတွေကို လမ်းကြေး သိန်း ၂၀ ကနေ သိန်း ၁၀၀ အ ထိပေးပြီး သွားရတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ် လို အရေးယူ ဆောင်ရွက်သွားမယ်ဆိုတာ သိလိုပါတယ်။
.
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုမှ ဖြေကြားခြင်း
နွားမှောင်ခိုနဲ့ ပတ်သက်ပြီး ဩဂုတ်လ ၈ ရက်မှာ ၃၆ ဦး ကို ခေါ်ယူ စစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်မှာ တရားမဝင် နွားတွေ သယ်ဆောင်လာကြောင်း သတင်းအရ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လားရှိုးမြို့မရဲစခန်းမှူး ပူး ပေါင်း အဖွဲ့က လားရှိုးမြို့၊ တိုးလ်ဂိတ်အနီးမှာ ၁၂ ဘီးယာဉ်ကို ရှာဖွေ စစ်ဆေးခဲ့ပါတယ်။ သယ်ဆောင်လာသူကို လားရှိုးမြို့မရဲ စခန်းမှာ အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ နဲ့ အရေးယူ ထားပါတယ်။ တိုင်ကြားချက် ၁၇ ကြိမ်မှာ မှန်ကန်မှု မရှိကြောင်း စစ်ဆေးပေါ်ပေါက်ပါတယ်။ ရှမ်းပြည်နယ် ရဲတပ် ဖွဲ့အနေနဲ့ ၂၀၁၈ ခုနှစ်မှာ နွားမှောင်ခို အမှုပေါင်း ၁၄ မှုကနေ နွားကောင်ရေ ၃၆၈ ကောင်၊ ၂၀၁၉ ခုနှစ်မှာ အမှုပေါင်း ၈ မှု ကနေ နွားကောင်ရေ ၂၇၀ ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ၂၀၂၀ ပြည့် နှစ်အတွင်းမှာ အမှုပေါင်း ၄၃ မှုကနေ ကျွဲနွား ကောင်ရေ ၃၆၅ ကောင်ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
.
BNI သတင်းဌာနမှ မေးမြန်းခြင်း
ခိုလမ်မြို့၊ ခိုနောင်ကျေးရွာအုပ်စုရှိ စိုက်ပျိုးမြေ ၁၃၅၃ ဒသမ ၃ ဧကကို ခလရ ၆၀၆ က သိမ်းဆည်းထားပြီး လက်ရှိ တောင်သူ ၁၇ ဦးကို တရားစွဲဆိုထားပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ် အစိုးရအနေနဲ့ ဘယ်လို စီမံသွားဖို့ ရှိပါသလဲ။
.
ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနမှူး ဦးဆန်းဝင်းမှ ဖြေကြားခြင်း
မြို့နယ်/ခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီကနေ ဗဟိုမြေစစ် ကော် မတီ စွန့်လွှတ်မြေကို သက်ဆိုင်ရာ မြေလွှဲဥပဒေနဲ့အညီ ဆောင် ရွက်ပေးနေပါတယ်။
.
BNI သတင်းဌာနမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေမှာရှိတဲ့ မဲဆန္ဒ ရှင်တွေကို အစိုးရနဲ့ ကော်မရှင် ပူးပေါင်းပြီး ဘယ်လို ဆောင်ရွက် သွားဖို့ ရှိပါသလဲ။
.
ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးထင်ကျော်မှ ဖြေကြားခြင်း
တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာရှိတဲ့ မဲဆန္ဒရှင် တွေ မဲပေးတာနဲ့ပတ်သက်ပြီး အားလုံး အေးအေးချမ်းချမ်းနဲ့ မေးပေးခွင့် ရရှိမှာပါ။
.
ရွှေတြိဂံဒေသသတင်းလွှာမှ မေးမြန်းခြင်း
IDP စခန်းများ ပိတ်သိမ်းရေး ပြည်ထောင်စုအဆင့်မှာ ဆွေး နွေးထားတာ သိရပါတယ်။ ပြည်နယ် ၄ ခု၊ မြို့နယ်ပေါင်း ၁၅ ခု မှာ IDP စခန်းပေါင်း ၁၄၀ ကျော် ရှိပြီးတော့ ဒုက္ခသည်၁၆၀၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ် IDP စခန်း ၂၃ ခုကို ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ ပြည်ထောင်စုအဆင့်က IDP စခန်းတွေ ပိတ်သိမ်းရေးမှာ ရှမ်းအစိုးရက ဘယ်လိုအခန်း ကဏ္ဍမှာ ရှိမလဲ သိချင်ပါတယ်။
 .
ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်း မောင်မှ ဖြေကြားခြင်း
ရှမ်းပြည်နယ်အတွင်းမှာ IDP စခန်း ၂၃ ခု ရှိပါတယ်။ IDP စ ခန်းတွေ ပိတ်သိမ်းရေးကို ပြည်ထောင်စုကလည်း ဆောင်ရွက် နေသလို ကျွန်တော်တို့လည်း ဆောင်ရွက်နေပါတယ်။ သက်ဆိုင် ရာဌာနတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်။
.
ထပ်ဆင့်မေးခွန်း မေးမြန်းခြင်း
သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ဆောင်ရွက်ပေးနေမှုကို သိလိုပါတယ်။
.
ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်း မောင်မှ ဖြေကြားခြင်း
သူတို့ရဲ့ ကျန်းမာရေး၊ သန့်ရှင်းရေး၊ နေထိုင်ရေးတွေ၊ အလုပ် အကိုင် အခွင့်အလမ်း ရရှိရေးတွေကိုလည်း ထည့်သွင်းဆောင် ရွက်ပေးလျက် ရှိပါတယ်။
.
မဲခေါင်သတင်းဌာမှ မေးမြန်းခြင်း
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသက စာတတ်မြောက်မှု အနည်း ဆုံးလို့ သိရပါတယ်။ အောင်ချက် ရာခိုင်နှုန်းလည်း အနည်းဆုံးဖြစ် တာ တွေ့ရပါတယ်။ ဒီဒေသမှာ စာတတ်မြောက်မှု တိုးတက်လာ ဖို့ အစိုးရအနေနဲ့ ဘယ်လို စီမံဆောင် ရွက်သွားမယ်ဆိုတာ သိ ချင်ပါတယ်။
.
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖြေကြားခြင်း
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသက ကျိုင်းတုံအပါအဝင် မြို့ နယ် ၁၀ ခုမှာ ပညာရေး ဝန်ထမ်းတွေ အပြောင်းအရွှေ့ လုပ်တာ နည်းတယ်။ ဒေသခံ ဆရာ/ဆရာမတွေ နည်းတယ်။ လက်ရှိ အ စိုးရ စတင် တာဝန်ထမ်းဆောင် ကတည်းက ပညာရေးဝန်ကြီး ဌာနနဲ့ ညှိနှိုင်းခဲ့ပါတယ်။ ပညာရေး ကောလိပ်ဆင်း ဆရာ/ဆ ရာမ ၁၂၀ ဦးကို စီမံချက် ရေးဆွဲထားတာ ရှိပါတယ်။ ဒေသတွင်း ဆောင်ရွက်ဖို့ စီမံထားတာ COVID-19 ကြောင့် မဆောင်ရွက် နိုင်ခဲ့ပါဘူး။ နှစ်စဉ် ပါမောက္ခကြီးတွေနဲ့ စီမံဆောင်ရွက်လျက် ရှိပါတယ်။
.
မဲခေါင် သတင်းဌာမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
အစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိတဲ့ မြေ၊ သစ်တောမြေ၊ မြေလွတ် မြေရိုင်းတွေမှာ ကျူးကျော်နေထိုင်သူတွေနဲ့ ပတ်သက်ပြီး‌ဆောင် ရွက်ထားတဲ့ အခြေအနေကို သိလိုပါတယ်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းမှ ဖြေကြား ခြင်း
တောင်ကြီးတက္ကသိုလ် တိုးချဲ့မြေပေါ်က တရားမဝင် ကျူး ကျော်နေသူ တွေကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ရှင်းလင်းဆောင် ရွက်ပြီး ဖြစ်ပါတယ်။ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ ခွင့်ပြု ချက်မရှိဘဲ အဆောက်အဦ ဆောက်လုပ်မှုနဲ့ ပတ်သက်လို့လည်း တားမြစ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။
.
The People’s Voice သတင်းဌာနမှ မေးမြန်းခြင်း
ဆီဆိုင်မြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ မြေယာအငြင်းပွားမှု ပြဿ နာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရက ဘယ်လို စီမံဆောင် ရွက်ပေးနေတယ်၊ တပ်မတော်က သိမ်းဆည်းထားတဲ့မြေတွေ ကို ပြန်လည် စွန့်လွှတ်ပေးဖို့ အစီအစဉ် ရှိ/မရှိ၊ အခုနှစ်မှာ တောင် သူတွေ စိုက်ပျိုး လုပ်ကိုင်ခွင့် မရတဲ့အတွက် သူတို့စားဝတ်နေ ရေးတွေကို ရှမ်းအစိုးရက ဘယ်လိုမျိုး ပြန်လည် ကုစားပေး သွားမယ် ဆိုတာရယ် မြေယာပြဿနာကြောင့် တရားစွဲဆိုခံရတဲ့ တောင်သူတွေကို ပြန်လည်ဖြေ လျှော့ပေးဖို့ရှိ/မရှိ သိလိုပါတယ်။
.
ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦး စိုင်းလုံကျော်မှ ဖြေကြားခြင်း
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအနေနဲ့ ကာ ကွယ်ရေး ဝန်ကြီးဌာနကို တောင်းဆိုထားတာ ရှိပါတယ်။ လက် ရှိ စိုက်ပျိုးနေတဲ့ မြေတွေကို ဖြေလျှော့ပေးဖို့ ဗဟိုမြေစစ်ကော် မတီကို တင်ပြပြီး တောင်းဆိုထားတာ ရှိပါတယ်။ တောင်းဆို ထားတဲ့ အပေါ်မှာ ကာကွယ်ရေး ဝန်ကြီး ဌာနနဲ့ ညှိနှိုင်းထားပါ တယ်။ ကုစားတဲ့ အစီအစဉ်အနေနဲ့ ရှမ်းပြည်နယ်အစိုးရက စိုက် ပျိုးတဲ့ တောင်သူတွေကို မြေ လွတ်မြေရိုင်း ဧက ၂၃၀ စိုက်ပျိုးဖို့ ဆောင်ရွက်ခွင့်ပြုတဲ့အပေါ်မှာ ရွာတွေမှာ ညှိနှိုင်းခဲ့ပါတယ်။ ဌာနမှာ ရှိတဲ့ စက်တွေနဲ့ ဆောင်ရွက်ပေးခဲ့တာ ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ကန့်ကွက်မှုတွေ ရှိတဲ့အတွက် ဆိုင်းငံ့ထားရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီမြေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် မြေစစ်ကော်မတီ၊ ဗဟိုမြေစစ်ကော်မတီ၊ ရှမ်းပြည်နယ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တွေ့ဖို့ရှိပြီး ရက်အတိအကျ မရှိသေး ပါဘူး။
.
သံလွင်သွေးချင်း သတင်းဌာနမှ မေးမြန်းခြင်း
ရွာငံမြို့နယ်၊ မြို့ကြီးဒေသမှာ ရွှေမိုးဟိန်းကုမ္ပဏီက သံ ကျောက် ထုတ်ယူမှု၊ သလင်းကျောက်ထုတ်ယူမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ဘယ်လောက်အထိ ဆောင်ရွက်ထားသလဲ။ အဲဒီဒေသမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူထု စီးပွားထိန်းသိမ်း မှုတွေ ဘယ်လောက်အထိ ဆောင်ရွက်ထားတယ် ဆိုတာ သိလို ပါတယ်။
.
ရှမ်းပြည်နယ် သတ္တုတွင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့် ထူးက ဖြေကြားခြင်း
ရွာငံမြို့နယ်၊ မြို့ကြီးဒေသမှာ သံကျောက် ထုတ်ယူမှုနဲ့ ပတ် သက်ပြီး ရွှေမိုးဟိန်းကုမ္ပဏီက အကြီးစား လုပ်ကွက် ရရှိထား ပါတယ်။ စမ်းသပ် တိုင်းတာခွင့် ချပေးဖို့ ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေနဲ့အညီ ရေးဆွဲ တင်ပြထားတာ ရှိပါတယ်။ ပြည်ထောင်စုဝန်ကြီးက တိုက်ရိုက်ကြီးကြပ်ဆောင်ရွက်ပြီးမှသာ ထွက်လာတဲ့ သတ္တုရိုင်းတွေနဲ့ ပတ် သက်ရင် အမျိုးအစား၊ ပါဝင်တဲ့ အချိုးအစား တွေကို ဓါတ်ခွဲဖို့ သယ်ဆောင်ခွင့် ရရှိမှာပါ။ လောလောဆယ် ခွင့်ပြုမှုနဲ့ လုပ် ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်းနဲ့ ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ပတ်သက်လို့ ပညာရှင်တွေနဲ့ စိစစ်ပြီး တာနဲ့ အစီရင်ခံစာကို ဝန်ကြီးဌာနက ပညာရှင်တွေနဲ့ ဆန်းစစ် ပြီးမှ ဆက်ပြီး လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
.
သံလွင်သွေးချင်း သတင်းဌာနမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
တချို့ မဲ ဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းတွေကို ခြိမ်းခြောက်တာတွေ ရှိနေတယ်။ ရှမ်းပြည်နယ် မှာ ကိုယ်စားလှယ်လောင်း တွေရဲ့ လုံခြုံရေး၊ လွတ်လပ်စွာ မဲ ဆန္ဒပေးခွင့် ရရှိရေးကို ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာ သိ လိုပါတယ်။
.
ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ဖြေ ကြားခြင်း
ကိုယ်စားလှယ်လောင်းတွေက ဥပဒေနဲ့အညီ ကော်မရှင်ကို တိုင်ကြားလာမယ်ဆိုရင် ဖြေရှင်းပေးပါမယ်။
.
ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးထင်ကျော်မှ ဖြည့်စွက်ဖြေကြားခြင်း
အဲဒီလို မကြားသေးပါဘူး။ ဖြစ်စဉ် ရှိလာတယ်ဆိုရင် ရွေး ကောက်ပွဲ ကော်မရှင်က တိုင်းရင်းသား လက်နက်ကိုင် တွေကို တိုက်ရိုက် ကိုင်တွယ်လို့ မရတဲ့အတွက် သက်ဆိုင်ရာတွေနဲ့ အ ဆင့်ဆင့် ဆောင်ရွက်ရပါမယ်။
.
သျှမ်းသံတော်ဆင့် သတင်းဌာနမှ မေးမြန်းခြင်း
COVID-19 ကာလအတွင်းမှာ ရှမ်းပြည်နယ်အတွက် စီးပွား ရေး ထိခိုက်နစ်နာ ဆုံးရှုံးမှု၊ ကုန်သွယ်မှု ဘယ်လောက်အထိ နစ် နာခဲ့သလဲ၊ ထိခိုက်နစ်နာသူတွေကို ဘယ်လို အစီအမံတွေနဲ့ ကု စား ဆောင်ရွက်ပေးသွားမယ် ဆိုတာ သိလိုပါတယ်။
.
ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ဖြေ ကြားခြင်း
အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ထိခိုက်တာ ရှိပါတယ်။ ကုစားဖို့ အတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ Economic Relief Plan ကို ဖော်ဆောင်နေပါတယ်။ အပ်ငွေအပေါ်မှာ အတိုးနှုန်း လျှော့ ချတာ ရှိပါတယ်။ ချေးငွေ ထုတ်ပေးခြင်းဖြင့် လျှော့ချတာ ရှိပါတယ်။ နိုင်ငံတွင်းမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အ ဓိက အသေးစား စက်မှုလက်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေ ကို ပထမအကြိမ်မှာ အတိုး ၁ ရာခိုင်နှုန်းနဲ့ ချေးငွေ ထုတ်ချေး ပေးပါတယ်။ ဒုတိယ အကြိမ်မှာ စားသောက်ဆိုင်၊ လက်ဘက် ရည်ဆိုင်နဲ့ အသေးစား ချေးငွေ ကုမ္ပဏီတွေကတစ်ဆင့် ရှမ်းပြည် နယ်အတွင်းမှာ လုပ်ဆောင်ပေးနေပါတယ်။ ရှမ်းရှေ့မှာတော့ အသေးစားချေးငွေကုမ္ပဏီ မရှိသေးပါဘူး။
.
Eastern Review သတင်းဌာနမှ မေးမြန်းခြင်း
ယခင် အစိုးရလက်ထက်က ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ချေးထား တဲ့ ချေးငွေတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာလည်း မေးထား တာ ရှိပါတယ်။ ဒါပေမဲ့ ဒေသဖွံ့ဖြိုးရေး ချေးငွေထဲက ဘယ် လောက် ပြန်ရပြီး ဘယ်လောက် ကျန်သေးတယ် ဆိုတာရယ် ဘယ်ကုမ္ပဏီဆိုတာ သိလိုပါတယ်။
.
ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ဖြေ ကြားခြင်း
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ချေးယူထားတာ ဖြူစင်ကုမ္ပဏီ ရှိပါတယ်။ သူက ဆပ်ပြီးသွားပါပြီ။ မင်းကျန်စစ်ကုမ္ပဏီက သိန်း ပေါင်း ၄ သောင်း ချေးယူခဲ့ပြီး စုစုပေါင်း အတိုးနဲ့ ၁၆ ဘီလီယံ‌ ပေးရမှာဖြစ်ပါတယ်။ ရှမ်းအစိုးရကို ၂ ဒသမ ၄ ဘီလီယံ ဆပ်ပြီး ပါပြီ။ ၁ ဒသမ ၆ ဘီလီယံ ရှမ်းအစိုးရကို မတ်လမှာ ပေးရမှာ ဖြစ်ပါတယ်။
.
Eastern Review သတင်းဌာနမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ ဘဏ်တွေ၊ ဓါတ်ဆီဆိုင်တွေ၊ ကားဂိတ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဆက်ကြေး ကောက်တာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှမ်း ပြည်နယ်အစိုးရ အနေနဲ့ ဘယ်လို ကာကွယ် စောင့်ရှောက်ထား တာ ရှိပါသလဲ။
.
ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ဖြေ ကြားခြင်း
အချက်အလက် ခိုင်မာမယ် ဆိုရင် ရှမ်းပြည်နယ် ဝန်ကြီး ချုပ်ကို တိုင်ကြားပါ။ ဝန်ကြီးချုပ်က ညွှန်ကြားလာရင် သက်ဆိုင် ရာနဲ့ အစည်းအဝေး လုပ်ပြီး ဒီလို အမှုမျိုး နောက်ထပ် မပေါ် ပေါက်အောင် ညွှန်ကြားချက် ပေးပြီး ဖြေရှင်းဆောင်ရွက်သွားရ မှာ ဖြစ်ပါတယ်။ သတင်း အချက်အလက် ခိုင်မာပါက မြန်မာနိုင် ငံ ရဲတပ်ဖွဲ့၊ ဝန်ကြီးချုပ်ရယ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရယ် အ ကောင်းဆုံး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
.
Cherry FM သတင်းဌာနမှ မေးမြန်းခြင်း
ရှမ်းပြည်နယ်အတွင်း အစိုးရဝန်ထမ်းများ အဂတိ လိုက် စားမှု ပေါင်း ဘယ်လောက်ရှိပြီး ဘယ်လောက်အရေးယူ ခဲ့သလဲ။ ဘယ်ဌာနတွေ၊ ဘယ်မြို့နယ်တွေမှာ အများဆုံး ဖြစ်သလဲဆိုတာ သိလိုပါတယ်။
.
ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ဖြေကြားခြင်း
တိုင်ကြားမှု ၆၃ မှု ရှိပါတယ်။ အဂတိလိုက်စားမှုပေါင်း ၃ မှု ရှိခဲ့ပြီး ဝန်ထမ်း ၃ ဦးကို ပြောင်းရွှေ့စေခဲ့ပါတယ်။
.
Cherry FM သတင်းဌာနမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
ရှမ်းပြည်နယ်လွှတ်တော်အတွင်းမှာ အတည်ပြုပြီး အဆို များနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေကို သိလိုပါတယ်။
.
ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦး စိုင်းလုံကျော်မှ ဖြေကြားခြင်း
လွှတ်တော်အတွင်း အတည်ပြုခဲ့တဲ့အဆို ၃၆ ခုရှိပြီး ရှမ်း ပြည်နယ် အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ တဲ့ အဆို ၃၃ ခု ရှိပါတယ်။
.
MRTV-4 သတင်းဌာနမှ မေးမြန်းခြင်း
လက်ရှိ အစိုးရ လက်ထက်မှာ ဘတ်ဂျက်ကျပြီး အကောင် အထည်မဖော်နိုင်တဲ့ စီမံကိန်း ဘယ်လောက်ရှိသလဲ။ အကောင် အထည် ဖော်နိုင်တဲ့ စီမံကိန်း ဘယ်လောက်ရှိသလဲ သိလိုပါတယ်။
.
ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ဖြေ ကြားခြင်း
ဘတ်ဂျက်ကျပြီး အကောင်အထည် မဖော်ရသေးတဲ့ စီမံ ကိန်းကတော့ မရှိပါဘူး။ လွှတ်တော်ထဲမှာ မေးထားတဲ့ ဂုံးကျော် တံတား ကိစ္စတော့ ရှိပါတယ်။ အဲဒီ ဘတ်ဂျက်ကို ပြန်အပ် ပြီး အထွေထွေ ပိုလျှံ ရန်ပုံငွေနဲ့ မြို့ရှောင်လမ်းအဖြစ် အကောင်အ ထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်မှာ ပြည်ထောင်စုဘတ်ဂျက် ရော၊ ပြည်နယ်ဘတ်ဂျက် ကော အားလုံး အကုန်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
.
MRTV-4 သတင်းဌာနမှ ဒုတိယမေးခွန်း မေးမြန်းခြင်း
ရှမ်းပြည်နယ်မှာ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီး ဘတ်ဂျက် ဘယ်လောက် သုံးစွဲခဲ့တယ်၊ ဘယ်နေ ရာတွေမှာ အဓိကထား သုံးစွဲခဲ့တယ်ဆိုတာ သိလိုပါတယ်။
.
ရှမ်းပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဖြေကြားခြင်း
ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန အနေနဲ့ ၄ နှစ်တာ အတွင်းမှာ ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော် ထောက်ပံ့ ပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထိ ပြည်နယ်/ပြည်ထောင်စု ရန်ပုံငွေ ဖြစ်ပါတယ်။

Journal Download

Photo of three cats