အင်းလေး ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ အပူဇော်ခံတော့မည် မဟုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေး ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ အပူဇော်ခံတော့မည် မဟုတ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်၏ အထင်ကရ ပွဲတော်တစ်ခု ဖြစ်သည့် အင်းလေးဖောင်တော်ဦး ဗုဒ္ဓ ရုပ်ပွားတော်များ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံခြင်းကို ယခုနှစ်တွင် ပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။
.

အင်းလေးဖောင်တော်ဦး ဗုဒ္ဓ ရုပ်ပွားတော်များ ဒေသစာရီ ကြွချီ ပူဇော်ခံရေးနှင့် ပတ်သက်၍ ဩဂုတ်၁၆ ရက်နံနက်ပိုင်းက ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦးဘုရား ထိန်ထိန်လင်းကျောင်း၌ ကျင်းပသည့် ဩဝါဒစရိယဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့များ ပြုလုပ်သည့် အစည်းအဝေး အပြီးတွင် ယင်းကဲ့သို့  ဒေသစာရီ ကြွချီ ပူဇော်ခံခြင်း မပြုတော့ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
.
အင်းလေးဖောင်တော်ဦး ဗုဒ္ဓ ရုပ်ပွားတော်များသည် နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၃ ရက်ထိ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံခဲ့သော်လည်း ယခုနှစ်တွင် COVID-19 ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နေသည့် ကာလဖြစ်ခြင်း၊ လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ရှောင်ကြဉ်ခြင်း စသည်တို့ကြောင့် ဒေသစာရီ ကြွချီ ပူဇော်ခံခြင်း မပြုတော့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats