စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်း ယောင်းမြို့နယ် ဒေသထွက်
သနမျှစ် (နော်လိန်း)ကို လူကြိုက်များပြီး စျေး ကောင်း ရရှိလျက် ရှိကြောင်း သိရ
သည်။
.
.
သနဝါးပင်သည် ပေ ၃၀ ကျော် အမြင့်ရှိပြီး တောင်စောင်း
တောင်စွန်း များတွင် သဘာဝအလျောက် ပေါက် ရောက်လေ့ရှိကြောင်း သိရသည်။
ဈေးကွက်အတွင်း သနမျှစ် ၇ ချောင်းပါ တစ်စည်းလျှင် ကျပ် ၁၅၀၀
မှ ကျပ် ၂၀၀၀ အထိ ရောင်းရကြောင်း သနမျှစ် ရှာဖွေရောင်းချသူအမျိုးသမီး တစ်ဦးထံမှ
သိရသည်။
.
မျှစ်တွင် ပါဝင်သော ဖိုင်ဘာဓာတ် သည်
ရေရှည်ဝမ်းချုပ်ခြင်းကို ကာ ကွယ်ပေးပြီး အူမကြီးကင်ဆာကို လည်း ကာကွယ်ပေးနိုင်သည့်
အပြင် မျှစ်တွင် ပါဝင်သည့် ပိုတက်စီယမ် သည် ခန္ဓာကိုယ်တွင်းက သွေးပေါင် နှင့်
နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေရန် ထိန်းညှိပေးကြောင်း သိရသည်။
.