စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့တော်ခန်းမတွင် ဩဂုတ်လ
၁၄ ရက်၊ နံနက်ပိုင်းက Bawdwin
Joint Venture (BJV) ကုမ္ပဏီမှ ဘော်တွင်း သတ္တုတွင်း စီမံကိန်း ပတ်ဝန်းကျင်
နှင့် လူမှုရေး ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းများဆိုင်ရာ (ESIA) လူထု တွေ့ဆုံ
ဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
.
.
တွေ့ဆုံပွဲတွင် Bawdwin Joint Venture (BJV) ကုမ္ပဏီမှ စီမံကိန်း မန်နေဂျာ Saw Benjamin Thulay Phaw က
ဘော်တွင်း သတ္တုတွင်း စီမံ ကိန်း၏ နောက်ခံအကြောင်းအရာ များ၊ စီမံကိန်း၏
နောက်ဆုံးတိုးတက် မှု အခြေအနေများ၊ ပြန်လည်နေ ရာ ချထားပေးခြင်း ဆောင်ရွက်မည့် အခြေအနေများ၊ (ESIA) လုပ်ငန်းစဉ်များ၊
အခြေခံ အချက်အလက် လေ့လာမှု များမှ တွေ့ရှိချက်များ၊ ဆက်လက် လုပ်ဆောင်မည့် အဆင့်များအား
အ သေးစိတ် ရှင်းလင်း ဆွေးနွေး ပြော ကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက် ရောက်လာသော ဒေသခံပြည်သူများ က
သိရှိလိုသည့် အချက်အလက် များဖြစ်သော စီမံကိန်းစတင်နိုင်မည့် အခြေအနေ၊
ပြန်လည်နေရာချထား ပေးမည့် အခြေအနေများ၊ စီမံကိန်း ကြောင့် ရရှိမည့်အလုပ်အကိုင်
အခွင့်အလမ်း၊ လူနေမှုအဆင့်အတန်း မြင့် မားလာနိုင်မှု၊ သဘာဝ ပတ်ဝန်း ကျင် ထိခိုက်
ဆုံးရှုံးနိုင်မှုအခြေအနေ၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမည့်အခြေအနေများနှင့်
ဒေသအတွက် အကျိုးအမြတ်ခံစားခွင့်ရရှိနိုင်မည့် အခြေအနေများအားမေးမြန်းရာ Bawdwin Joint Venture (BJV) ကုမ္ပဏီမှ စီ မံကိန်း မန်နေဂျာ Saw Benjamin Thulay Phaw နှင့် Safety Environment မန်နေဂျာ MR. Andy Witcamb တို့က
ရှင်းလင်းဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည် နယ်လွှတ်တော်
ကိုယ်စားလှယ် ဦး တင်လှိုင်၊ ဒေါ်နန်းစံဟွမ်၊ နမ္မတူမြို့ နယ် ဒုတိယ
အုပ်ချုပ်ရေးမှူး ဦးစိုးရာ ဇာလင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊
လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့သည်။
.