လျှပ်စစ်မီတာယူနစ် ပိုမိုကောက်ခံနေဟု ဆိုကာ ဒေသခံများ ဝေဖန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လျှပ်စစ်မီတာယူနစ် ပိုမိုကောက်ခံနေဟု ဆိုကာ ဒေသခံများ ဝေဖန်


စုလှိုင်
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ မြန်မာ့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်မီတာ ခများ ကောက်ခံရာတွင် ကျသင့်ယူ နစ်ထက် ပိုမိုကောက်ခံမှုများ ရှိနေ သည်ဟု ဒေသခံများထံမှ သိရသည်။
.

.
“အေးသာယာ လျှပ်စစ်ရုံးကနေ မီတာတွေကို ဇူလိုင်လအတွက် ကောက်တဲ့အခါမှာ ဩဂုတ်လ ၂၀ ရက်မှာ ဖတ်တဲ့ မီတာယူနစ်ရဲ့ ပမာ ဏထက် ပိုရေးထားတာ တွေ့ရတယ်။ မီတာခတွေ ပိုသွင်းနေရတယ်။ ကျွန် တော် သွားပြောတဲ့အခါမှာတော့ သူ တို့မှားလို့ပါ ဆိုပြီး စိုက်ပေးမယ် ပြော တယ်။ ကျွန်တော် လိုက်မပြောပေးရ တဲ့  သူတွေကျတော့ ဒီတစ်ကြိမ် တော့ မှားသွားလို့ပါဆိုပြီး ငွေ ကောက်တယ်။ ဒါတွေကို ၈ လပိုင်းမှ ခုနှိမ်ပေးမယ်လို့ ပြောတယ်။ အဓိ ကကတော့ ပြည်သူတွေ မနစ်နာစေ ချင်ပါဘူး။ နိုင်ငံတော်က ၈ လပိုင်း ကနေ ၁၂ လပိုင်းအထိ လစဉ် ယူနစ် ၁၅၀ လျှော့ ပေးမယ်ဆိုလို့ ကုမ္ပဏီ နဲ့ ဝန်ထမ်းနဲ့ ပေါင်းပြီး ဒါကို လုပ်နေ သလားလို့ သုံးသပ်မိပါတယ်”ဟု တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်နေ ဒေသခံ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့နယ်အတွင်း လျှပ် စစ်မီတာခ ကောက်ခံခြင်း လုပ်ငန်း ကို မြန်မာ့လျှပ်စစ်ဓါတ်အား ဖြန့်ဖြူး ရေး လုပ်ငန်းနှင့် လင်းသီဟ ကုမ္ပဏီ လီမိတက်တို့မှ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီ ယာမှူး ဦးဝင့်ကျော်ကျော်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်း ရာတွင် “တောင်ကြီးက ကောက်တာ အဲဒီဘက် မပါပါဘူး။ အေးသာယာ မှာ ရုံးရှိတယ်။ ကုမ္ပဏီကိုပဲ ဆက် သွယ် မေးမြန်းလိုက်ပါ။ ငွေကောက် ခံတာရော အကုန်လုံး ကုမ္ပဏီက တာ ဝန် ယူထားတာပါ”ဟု ပြန်လည်ဖြေ ကြားခဲ့သည်။
.
ထို့အတူ လင်းသီဟ လျှပ်စစ်နှင့် အထွေထွေ ဝန်ဆောင်မှု ကုမ္ပဏီမှ ဦး နေမျိုးအောင်အား ဆက်သွယ်မေး မြန်းရာတွင် “အဲဒီမှာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ရှိပါတယ်။ သူ့ကိုတိုက် ရိုက် မေးလိုက်တာ ပိုကောင်းပါတယ်။ အဓိက တာဝန်ရှိတာက မြို့နယ် လျှပ် စစ်အင်ဂျင်နီယာပါ”ဟု ပြောသည်။
.
COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကာလအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်မှ ၁၅ ရက် အထိ ဓါတ်အားခ ၇၅ ယူနစ် အတွက် ကျသင့်ငွေကို အခမဲ့ ခွင့်ပြုခဲ့ ပြီးဖြစ်ရာ ဇူလိုင်လ ၁၆ ရက်မှ ၃၁ ရက် အထိ အခမဲ့ ရရှိမည့် ၇၅ ယူနစ် အတွက် ကျသင့်ငွေ ကင်းလွတ်ခွင့် အခမဲ့ကို ဩဂုတ်လမှ စတင်၍ ဓါတ် အားခတောင်းခံလွှာ များတွင် လ စဉ် စာရင်း ခုနှိမ်ပေးသွားမည် ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက ထုတ်ပြန် ကြေညာထား သည်။
.
လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီသည် တောင် ကြီးမြို့နှင့် အေးသာယာမြို့တို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ် ငန်းများ ဆောင်ရွက်ရန် အတွက် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပဋိ ဉာဉ် စာချုပ် ချုပ်ဆိုလုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats