ဗျတ္တ
.
တောင်ကြီးမြို့နယ်၊ အေးသာယာ စာပေနှင့် ယဉ်ကျေးမှု အသင်းမှ
အေးသာယာ မော်ကွန်းမဂ္ဂဇင်းကို ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် ထုတ်ဝေနိုင်ရန်
စီစဉ်ဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။
.
.
“စာပေနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေ လုပ်ဖို့အတွက် ဒီ
အသင်းလေးကို ဖွဲ့စည်းဖြစ်တာပါ။ ဆီမီးကိုးထောင်ပွဲတုန်းက စာပေပြိုင်ပွဲ၊ နံရံကပ်
ပိုစတာပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲတွေ ပထမဆုံး လုပ်ခဲ့ပါတယ်။ အခု အေးသာယာမြို့နဲ့
ပတ်သက်တဲ့ အမှတ် တရလေးတွေကို စုစည်းချင်လို့ အေးသာယာမော်ကွန်းမဂ္ဂဇင်း ကို
ထုတ်ဝေနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု အေး သာယာ စာပေနှင့် ယဉ်ကျေးမှုအသင်း
ဥက္ကဋ္ဌ စာရေးဆရာ ကောင်းမြင့်မြတ်စိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ အေးသာယာ မော်ကွန်းမဂ္ဂဇင်းကို ၂၀၂၀ ပြည့် နှစ်၊
နှစ်ကုန်ပိုင်းတွင် ထွက်ရှိနိုင်အောင် ဆောင်ရွက်လျက် ရှိပြီး တောင်ကြီးမြို့၊
အေးသာယာမြို့နှင့် အခြားမြို့နယ်ဒေသ များမှ ဝါရင့်စာရေးဆရာ/ဆရာမများ၏ စာမူများ၊
တက်သစ်စ ကလောင်ရှင်များ၏ စာမူများ၊ ဝါသနာရှင်များ၏ စာမူများ အ စုံအလင်ဖြင့်
ထုတ်ဝေသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
အေးသာယာ စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဥက္ကဋ္ဌ အဖြစ် စာရေးဆရာ
ကောင်းမြင့်မြတ်စိန်က တာဝန်ယူ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
.