အေးသာယာ-စက်မှုဇုန်ကားလမ်းတွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာ-စက်မှုဇုန်ကားလမ်းတွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိ


စုလှိုင်
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ အေးသာယာ-စက်မှုဇုန်ကားလမ်းတွင် ယနေ့ ဩဂုတ်လ ၁၁ ရက်၊ နေ့လယ်ပိုင်းက ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
အေးသာယာ-စက်မှုဇုန်လမ်း၊ မိုင်တိုင်အမှတ် (၁/၇) အနီးတွင် ယနေ့ ဩဂုတ်လ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီ၊ ၁၅ မိနစ် ခန့်က အေးသာယာမြို့၊ ရပ်ကွက် (၁၀)၊ အကွက်ကြီး (၆၂) နေ ဇော်ထက် မောင်းနှင်ပြီး နောက်တွင် ဝေယံထွန်း၊ မင်းသူတို့ လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မှ အေးသာယာမြို့၊ ရပ်ကွက် (၁၀)၊ မုံတဝနယ်မြေနေ ထွန်းထွန်း မောင်းနှင်လာပြီး စောမြတ်မွန် လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ်တို့ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရဿည်။
.
ယာဉ်တိုက်မှုကြောင့် ဇော်ထက်တွင် ဝဲလက်မောင်းကျိုးဒဏ်ရာ၊ ဝဲဘက်ပေါင်နာကျင်ဒဏ်ရာ၊ ဝေယံထွန်းတွင် ဝဲဘက်ပါးပွန်း၊ မေးစေ့ပွန်းဒဏ်ရာ၊ ထွန်းထွန်းတွင် ဝဲဘက်ခြေညှိုး သွေးထွက်ဒဏ်ရာ ရရှိခဲ့ကာ မစောမြတ်မွန်တွင် ဝဲဘက်လက်မောင်းကျိုး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ ယာဉ်မဆင်ခြင်မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိ သဖြင့် မိမိနှင့် အခြားသူများအား ထိခိုက်ဒဏ်ရာရစေသူ ဆိုင်ကယ်ယာဉ်မောင်း ဇော်ထက်နှင့် ထွန်းထွန်းတို့ ၂ ဦးအား အေးသာယာနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၂၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats