တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၁ ရက်မှ ၁၇ ရက် အထိ
.

တနင်္ဂနွေ
.
စာချုပ်စာတမ်းများ ပြုလုပ်ရမည်။ ပြောဆိုချိန်းဆိုထားသော ကိစ္စ သွားရမည်။ ငွေကြေးကိစ္စများတွင် ဝင်ငွေ နည်းပြီး ထွက်ငွေ များနေမည်။ အလုပ်အကိုင်ကောင်း၊ တွေ့ရန် ကြံစည်နေမည်။ အငြင်းပွားခြင်းများ နေလိမ့်မည်။ ရွှေပြန်ရောင်းခြင်း ပေါင်နှံခြင်း ကြုံမည်။ စနေ သားသမီးများ ကိစ္စ ဝင်ကူရတတ်ပါသည်။ မနာ လိုသူ ပေါ်ပေါက်ပါမည်။ စိတ်ပူပန်မှု အသေးစား ဖြစ်နေမည်။ ကုန်သည်များမှာ ကုန်ပစ္စည်း ဈေးကျဆင်းသော ကြောင့် အရှုံးပေါ်မည်။ ဝန်ထမ်းများမှာ အလုပ်အတွင်း နေရာထိုင်ခင်း ပြုပြင်ပြောင်းလဲခြင်း ကြုံတတ်ပါသည်။ ပွဲစားများမှာ ကတိမတည်ခြင်း၊ စကားလွန်ခြင်းကြောင့် စိတ်ရှုပ်နေရမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့ ကြီးမားသော ခိုက်ရန် မဖြစ်ဘဲ မခေါ်မပြောချင် ကြုံတွေ့နေရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အထူးညံ့ မရှိပါ။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် တံခွန်+သပြေလှူပါ။
.

တနင်္လာ
.
အကြွေးကိစ္စ၊ ငွေကိစ္စ ဖြေရှင်းပြောဆိုရမည်။ ရစရာ ပြန်မရဘဲ ပေးစရာ ခက်ခဲနေလိမ့်မည်။ ခရီးသွားချင် သော်လည်း သွားမရ ဖြစ်နေမည်။ မိတ်ဆွေဟောင်းများနဲ့ ပြန်လည်ဆုံတွေ့ပါမည်။ အလွန်ကြာမြင့်သောကာ လများက စာရင်း၊ ပစ္စည်းများ ပြန်တွေ့လိမ့်မည်။ သူတစ်ပါးကိစ္စ တာဝန်ယူပေးရလိမ့်မည်။ မီးဖိုသုံးပစ္စည်း များ ဝင်လိမ့်မည်။ ဘာသာရေးကိစ္စ ဆောင်ရွက်ရမည်။ ကုန်သည်များမှာ အလုပ် ပြန်ကောင်းလာရန် ကြိုးစား ကြံစည်နေရလိမ့်မည်။ ဝန်ထမ်းများမှာ အလုပ်ကိစ္စ စကားများမည်။ အငြင်းပွားလိမ့်မည်။ ပွဲစားများမှာ မြေ ကွက်တန်ဖိုးနည်း အရောင်းတည့်ပါမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူကြောင့် စိတ်ပျော်ရွှင်ကျေနပ် ရပါမည်။ ကျန်းမာရေးကိစ္စများတွင် နားထဲ ရေဝင်ပါမည်။ မျက်စိထဲ အကောင် ဝင်တတ်သည်။ ကံကောင်း စေသော ဂဏန်းများမှာ (၀/၄/၆)ဖြစ်သည်။
ယတြာ။ စေတီမှာ ဩဇာညွန့် လှူပါ။
.

အင်္ဂါ
.
စိတ် အခန့်မသင့်သောကြောင့် ဒေါသထွက်ရမည်။ ပေါက်ကွဲလိမ့်မည်။ အနီရောင် မဝတ်သင့်သော ကာ လဖြစ်သည်။ ချိန်းဆိုမှုများ လွဲချော်နေလိမ့်မည်။ ငွေကြေး လက်ထဲ ပြတ်သွားတတ်သည်။ အဝတ်အထည် ဝင်လာမည်။ အစားအသောက်များ ယခုရက်အတွင်း ဖြစ်သလို စားရသော ရက်များ ပါနေသည်။ မနာလိုသူ ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမည်။ ကုန်သည်များ မထင်မှတ်သော အမြတ်အစွန်း ရလိမ့်မည်။ ဝန်ထမ်း များမှာ အလုပ်ပို လုပ်ရမည်။ အလုပ်မှားသောကြောင့် ပြန်လုပ်ပေးရတတ်သည်။ ပွဲစားများမှာ နေအိမ်အပေါင် အောင်မြင်ပါမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူအတွက် ဆောင်ရွက်ပေးလိုစိတ် ကူညီလိုစိတ်ပေါ် မည်။ ကျန်းမာရေးကိစ္စများတွင် ဝက်ခြံထွက်ခြင်း၊ ယားယံခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၅/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို စာအုပ်လှူပါ။
.

ဗုဒ္ဓဟူး
.
ယာဉ်ကိစ္စ၊ စက်ပစ္စည်းကိစ္စများ ဆောင်ရွက်ရမည်။ ခရီးတိုများ သွားလာရမည်။ အစားကောင်း စားရ မည်။ အလုပ်ကောင်းမွန်လာမည်။ ငွေအပို ဝင်လာမည်။ ပိုနေသောပစ္စည်း အရောင်းထွက်မည်။ လှပသော ပစ္စည်းများ ဆန်းသစ်သော ပစ္စည်းများ ဝင်လာမည်။ မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားများ ပြန်ရှာရမည်။ ထောက်ခံစာ လုပ်ရတတ်သည်။ ကုန်သည်များမှာ ဖောက်သည်ဟောင်းများထက် ဖောက်သည်သစ်များက ပိုကောင်းနေမည်။ ဝန်ထမ်းများမှာ အလုပ်ကိစ္စ အဆင်ပြေမည်။ အပိုဝင်ငွေရလိမ့်မည်။ ပွဲစားများမှာ မြေအ ရောင်း၊ ကားအရောင်း တည့်ကြလိမ့်မည်။ ငယ်ရွယ်သူများမှာ အချစ်ရေးတွင် မပြတ်မသားဖြစ်ခြင်း၊ ချစ်သူ ရှိသူများ အသစ်ကမ်းလှမ်းခံရခြင်း ကြုံမည်။ ကျန်းမာရေးကိစ္စများတွင် ခေါင်းကိုက်မည်။ အအေးမိမည်။ ကံ ကောင်းစေသော ဂဏန်းမှာ (၁/၇/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ ကိတ်မုန့်လှူပါ။
.

ကြာသပတေး
.
အလုပ်လျှောက်ထားသူများ အင်တာဗျူးခေါ်ခံရမည်။ အလုပ် ထူထောင်ရန် အချို့ လူများကြံစည်လိမ့် မည်။ ကောင်းသော သတင်းစကား ကြားသိရမည်။ နေအိမ်တွင်း သန့်ရှင်းရေးများ ပြုလုပ်ရလိမ့်မည်။ ပန်းပင် များ ဝင်လာမည်။ လက်ဆောင်များလည်း ရတတ်ပါသည်။ ငွေကြေးများ အသင့်သင့် ဝင်လာပါမည်။ ကြွေးရ ရန် ရှိသူများ အနည်းငယ် ပြန်ရမည်။ ကုန်သည်များမှာ မထင်မှတ်သောပစ္စည်းများမှ အမြတ်ရလိမ့်မည်။ ငွေ ကြေးကျန် ပြန်ရမည်။ ဝန်ထမ်းများ အလုပ်အကိုင်အတွင်း ကျေနပ်စရာ ကြုံလိမ့်မည်။ ပွဲစားများမှာ ဘာမှ အလုပ်မဖြစ်ဘဲ ရပ်တန့်နေမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စများတွင် ချစ်သူ မရှိသေးသူများ ချစ်ရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အကောင်ကိုက်ခံရလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၄/၇)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို သင်္ကန်းလှူပါ။
.

သောကြာ
.
ခရီးသွားရန် ကြိုးစားလိမ့်မည်။ အဝတ်အစားသစ် ဝင်မည်။ နေအိမ်တွင် မီးကိစ္စဆောင်ရွက်ရမည်။ ပြင် ရမည်။ ငွေကြေးပြန်လည် ချောင်လည်လာမည်။ ပေးစရာရှိသူများ အချို့ ပေးနိုင်မည်။ မိတ်ဆွေဟောင်းများ အိမ်အလည် ရောက်လာမည်။ လိုချင်သောပစ္စည်း ဝင်လာမည်။ ကားအင်ဂျင်ဝိုင်၊ ဂီယာဝိုင်များ လဲလှယ်ရ မည်။ အတိုက်အခံ ပြုသူ အသေးစား ကြုံမည်။ ကုန်သည်များမှာ စာရင်း ကွာဟခြင်း၊ စာရင်း ရှုပ်ထွေးခြင်း များ ကြုံရလိမ့်မည်။ ဝန်ထမ်းများမှာ လစာတိုးခြင်း၊ အခွင့်အရေးကောင်း ရခြင်း ကြုံမည်။ ပွဲစားများ အပေါင် အနှံကိစ္စမှ ပွဲခရကြလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူကို စိတ်ကုန်ခြင်း ကြုံနေလိမ့်မည်။ ကျန်း မာရေးကိစ္စများတွင် လည်ပင်း နာမည်။ အသံဝင်တတ်သည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၅)ဖြစ် သည်။
ယတြာ။ ဘုရားတွင် ကောက်ညှင်းငချိတ်ပေါင်း လှူပါ။
.

စနေ
.
စားပွဲများ၊ ကုတင်များ၊ ဗီရိုများ ပြန်ပြင်ရမည်။ ဖုန်းပျက်တတ်သည်။ လွတ်ကျကွဲတတ်သည်။ နေအိမ် အတွင်း သဘောကွဲမည်။ အငြင်းပွားမည်။ အလုပ်အကိုင်ကောင်းလာမည်။ အခက်အခဲများ ရှိနေသေးသော် လည်း ကူညီသူ တွေ့လိမ့်မည်။ အကြံအစည်ကောင်း ပေါ်မည်။ ရွှေ၊ စက်များ ပြန်ရောင်းရလိမ့်မည်။ စိတ်သိပ် မငြိမ်သောကာလ ဖြစ်သည်။ ကုန်သည်များမှာ အတွင်းလူ သစ္စာဖောက်မည်။ လိမ်မည်။ ဝန်ထမ်းများမှာ အ လုပ်အနည်းငယ်များလာလိမ့်မည်။ ပွဲစားများ မြေကွက် အပေါင်တည့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့ လမ်းခွဲမည်။ အချို့မှာ သဘောကွဲနေမည်။ ကျန်းမာရေးကိစ္စတွင် ဖျားမည်။ အားနည်းနေမည်။ ကံ ကောင်းစေသော ဂဏန်းများမှာ (၂/၆/၉)ဖြစ်သည်။
ယတြာ။ စေတီတွင် ပန်းအဖြူရောင် လှူပါ။
.

Journal Download

Photo of three cats