တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်မှ ၃၁ ရက် အထိ
.

တနင်္ဂနွေ
.
မြို့၏ အနီးအနား နေရာများကို အလည်သွားရမည်။ အိတ်ထဲထည့်ထားသည့် ငွေအချို့ ပျောက်လိမ့်မည်။ ကြီးသူထံမှ အကူအညီ ရရန် မျှော်လင့်ချက် ရှိလာမည်။ မနာလိုသူ ပေါ်ပေါက်မည်။ လျှပ်စစ်သုံးပစ္စည်း တစ်ခု ခု ပြုပြင်ရလိမ့်မည်။ စီးပွားရေး ငွေကြေးများ နည်းနည်းစီ ဝင်နေသော်လည်း မလုံလောက်ဘဲ အခက်ကြုံနေ မည်။ ငွေတိုးယူထားသူများ ငွေတိုးအတွက် ပူပန်ရမည်။ ကုန်သည်များ အရောင်းအဝယ် ပြန်ကောင်းလာ မည်။ အမြတ် ရလာမည်။ ဝန်ထမ်းများမှာ လက်ရှိ အလုပ်မှ ရပ်နားချင်စိတ် ဖြစ်နေလိမ့်မည်။ ပွဲစားများမှာ အချင်းချင်း စကားများရမည်။ အပူတွေ့မည်။ ကျန်းမာရေးကိစ္စများတွင် ခေါင်းကိုက်မည်။ မူးဝေလိမ့်မည်။ အထူးညံ့တော့ မရှိပါ။ ကံကောင်းစေသော ဂဏန်းမှာ (၀/၄/၅)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ဂုဏ်တော်ကိုးပါး ပုတီးစိပ်ပါ။
.

တနင်္လာ
.
ဆိုင်ကယ်၊ ဖုန်း စသည် အခိုးခံရမည်။ ထိုအရာများအတွက် အပူတွေ့မည်။ အဝေးမှ လာသောသူများ သတိထား လက်ခံပါ။ အလုပ်အကိုင် ပုံမှန် ပြန်ဖြစ်လာမည်။ အလှကုန်ပစ္စည်းများ ဝင်မည်။ လှပသော ပန်း များလည်း ဝင်လာတတ်သည်။ အရှေ့အရပ် ခရီးရှောင်သင့်ပါသည်။ ဘာသာရေးကိစ္စ ဆောင်ရွက်ရမည်။ စီး ပွားရေး ဝင်ငွေသင့်ရုံဝင်မည်။ ကုန်သည်များ ပစ္စည်းမှားခြင်း၊ ပျက်စီးခြင်း ကြုံပါမည် သတိထားပါ။ ဝန်ထမ်း များမှာ ကောင်းမွန်သော ပစ္စည်းများ ဝင်လာမည်။ ရွှေဝင်ကံ ရှိနေသည်။ ပွဲစားများ အပေါင်ကိစ္စ အနည်းငယ် ဖြစ်မည်။ အချစ်ရေးတွင် ချစ်သူကြောင့် စိတ်နည်းနည်း ညစ်ရလိမ့်မည်။ စိတ်ကောက် မခေါ်ဖြစ်လိမ့်မည်။ ကျန်းမာရေးကိစ္စများမှာ ယားယံလိမ့်မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၃/၅/၈)ဖြစ်သည်။
ယတြာ။ စေတီတွင် နာနတ်သီးလှူပါ။
.

အင်္ဂါ
.
အလုပ်ကိစ္စဖြင့် ခရီးထွက်ရမည်။ အလုပ်လျှောက်ထားသူများ ငြင်းပယ်ခံရမည်။ ငွေအထွက်များနေပါ မည်။ အိမ်အတွင်း မိုးရေဝင်သဖြင့် စိတ်ညစ်ရမည်။ လမ်းတွင် ကား၊ ဆိုင်ကယ်ဆီပြတ်လိမ့်မည်။ ကြီးသူကျန်း မာရေး ပြန်ကောင်းသွားမည်။ စက်ပစ္စည်းဝင်မည်။ စိတ်အနည်းငယ် လွင့်နေမည်။ အကြံများပြီး မအောင်မြင် ဖြစ်နေအံ့။ ကုန်သည်များမှာ ဆိုင်နေရာ၊ ဂိုဒေါင်နေရာ ပြင်ရခြင်း၊ တပည့်အသစ် ခန့်ခြင်း ကြုံမည်။ ဝန်ထမ်း များမှာ အောက်လူက တော်လှန်လိမ့်မည်။ စကားများမည်။ ပွဲစားများမှာ မြေအရောင်း တည့်သော်လည်း ပွဲ စားများသဖြင့် ဝေစုနည်းလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူ၏ သူငယ်ချင်းများ ဒုက္ခပေးခံရလိမ့် မည်။ ကျန်းမာရေးကိစ္စများတွင် လက်နာမည်။ အရိုးနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၆/၉)ဖြစ် သည်။
ယတြာ။ ဘုရားမှာ ပေါင်မုန့်ကြော်လှူပါ။
.

ဗုဒ္ဓဟူး
.
ကားပြင်ရခြင်း၊ ကားအသစ် လဲလှယ်ခြင်း ကြုံမည်။ ကားတာယာ ဒုက္ခပေးလိမ့်မည်။ စီးပွားရေးကိစ္စများ အကြံကောင်း ပေါ်မည်။ ဆိုင်အသစ် ဖွင့်ရလိမ့်မည်။ ငွေအခိုးခံရတတ်သည်။ အလိမ်ခံရတတ်သည် သတိပြုပါ။ ငွေမြှုပ်နေသူများ ပြန်ပေါ်လာမည်။ ရတနာ နည်းနည်း ဝင်မည်။ အဝေးခရီး သွားလာရမည်။ နာရီ အဝင်မခံပါနဲ့။ ကုန်သည်များမှာ စာရင်းများ ရှုပ်ထွေးမည်။ စာရင်းငွေ ကွာဟနေလိမ့်မည်။ ဝန်ထမ်းများ အလုပ်ပိနေပြီး မအားမလပ် ဖြစ်လိမ့်မည်။ ပွဲစားများ အရောင်းနည်းနည်း တည့်ပါမည်။ ငယ်သူများ ချစ်သူ ပြန်လာမည်။ စိတ်ကောက်နေပါက ပြေလိမ့်မည်။ ကျန်းမာရေးတွင် အအေးမိမည်။ ဖျားလိမ့်မည်။ ကံကောင်း စေသော ဂဏန်းမှာ (၂/၆/၇)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ထီး၊ ဖိနပ် လှူပါ။
.

ကြာသပတေး
.
ခက်ခဲသော အနေအထားတစ်ခုမှ သက်သာစ ပြုလာမည်။ ကောင်းမွန်သော မိတ်ဆွေ အကူအညီ ရ လိမ့်မည်။ ယခင်က မခေါ်မပြောသော သူများက လာရောက် ပြောဆိုခင်မင်လိမ့်မည်။ အလုပ် အကိုင် တစ်ခုခု စတင်ရန် ကံအကြောင်း ပေါ်လာမည်။ စီးပွားရေးနည်းနည်း ပြန်ကောင်းလာမည်။ ထူးခြားသော ပစ္စည်းများ ဝင်လာမည်။ ငယ်သူအတွက် သောကရှိသော်လည်း ပြန်ကောင်းမွန်သွားပါမည်။ ကုန်သည် များမှာ အရောင်း အဝယ် ကောင်းသော်လည်း အမြတ်နည်းနေလိမ့်မည်။ ဝန်ထမ်းများမှာ အပြင်လူနဲ့ စကားများရမည်။ အငြင်း အခုန် ဖြစ်လိမ့်မည်။ ပွဲစားများ အပေါင်ကိစ္စ ဖြစ်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် သဘောထားကွဲ မည်။ ကြားလူ ဝင်နှောက်လိမ့်မည်။ ကျန်းမာရေး ကိစ္စများတွင် အဆိပ်ရှိသော အကောင် ကိုက်ခံရမည်။ ဆူး စူးမည်။ ကံကောင်းစေသော ဂဏန်းမှာ(၀/၅/၇)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ချိုချဉ်လှူပါ။
.

သောကြာ
.
ကောင်းသော သတင်းစကား ကြားသိရမည်။ ငွေများများနှစ်နေရာက ဝင်လာမည်။ အလုပ်ကောင်းသ ဖြင့် မအားမလပ် ဖြစ်နေလိမ့်မည်။ မိတ်ဆွေသစ် တွေ့ပြီး အကျိုးရှိပါမည်။ ထင်ရှားသော ဘုရားစေတီဖူးမျှော် ရမည်။ အကူအညီ တောင်းခံသူများနေမည်။ မရဖူးသောပစ္စည်းများ ဝင်လာလိမ့်မည်။ ကားပြင်ရတတ်သည်။ အဝတ်အစားကောင်း ဝင်လာမည်။ ကုန်သည်များမှာ ဖောက်သည်ဟောင်း ပြန်လာမည်။ ငွေမြတ်လိမ့်မည်။ ဝန်ထမ်းများ ကြီးသူကြောင့် စိတ်ညစ်ရမည်။ ပွဲစားများ မြေအရောင်း၊ အငှား တည့်လိမ့်မည်။ ငယ်သူများအ ချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ကို ရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ညောင်းညာမည်။ အ ကြောတက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၆/၉)ဖြစ်သည်။
ယတြာ။ စေတီတွင် တံခွန်လှူပါ။
.

စနေ
.
ထီထိုးရလိမ့်မည်။ ငွေပစ္စည်းကောက်တွေ့တတ်သည်။ အကြံအစည်များ အောင်မြင်လာမည်။ နေအိမ် သို့ ပရိဘောဂများ ဝင်လာမည်။ ရွှေပြန်ထွက်တတ်သည်။ ကြီးသူ ကျန်းမာရေး ညံ့မည်။ ခရီးယာယီ သွားလာ ရမည်။ သူတစ်ပါးကိစ္စ တာဝန်မခံရ ဒုက္ခတွေ့လိမ့်မည်။ ကြွေးကိစ္စ ဖြေရှင်း အဆင်ပြေပါမည်။ အဝတ်အထည် ဝင်ပါမည်။ ကုန်သည်များမှာ အရောင်းအား ပြန်ကောင်းလာမည်။ အလုပ်အောင်မည်။ ဝန်ထမ်းများ အပိုဝင် ငွေ ရလိမ့်မည်။ ပွဲစားများမှာ အိမ်အရောင်း တည့်ပြီး အဆင်ပြေမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူ အဝေးသွားခြင်း၊ မိမိကို မခေါ်ခြင်း စသည်တို့ကြောင့် စိတ်ညစ်ရမည်။ ကျန်းမာရေးကိစ္စတွင် ခါးနာမည်။ ဆီး ပူမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၅/၄/၇)ဖြစ်သည်။
ယတြာ။ စေတီတွင် စံပယ်ပန်းနှင့် ထီးဖြူ လှူပါ။
.

Journal Download

Photo of three cats