တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်မှ ၂၄ ရက် အထိ
.

တနင်္ဂနွေ
.
မြေယာဆိုင်ရာကိစ္စများ၊ ဆိုင်ခန်း၊ အိမ် စသည်တို့နဲ့ စပ်လျဉ်းပြီး ပြောဆိုဆောင်ရွက်ရမည်။ စီးပွားရေး အပိုင်းတွင် ငွေကြေး အမြတ်အစွန်း နည်းနည်း ရလာလိမ့်မည်။ အောက်လူ တပည့်အသစ် ဝင်မည်။ ခင်မင် သူ အသစ်လည်း ဖြစ်တတ်ပါသည်။ အလုပ်အကိုင်များ ပြောင်းလဲလိုစိတ် ဖြစ်နေမည်။ ပစ္စည်းအိမ်တွင် လာ ရောင်းလိမ့်မည်။ အရမ်း မဝယ်ရ။ ကုန်သည်များ ခရီးထွက်ရမည်။ အရောင်း အားကောင်းလာမည်။ ဝန်ထမ်း များ အသိပညာကောင်း ရကြလိမ့်မည်။ ပွဲစားများမှာ ဘာမှ အလုပ်မဖြစ်ဘဲ အပြောနဲ့ ပြီးနေလိမ့်မည်။ ငယ် သူများ အချစ်ရေးကိစ္စတွင် ချစ်သူနေမကောင်းခြင်း၊ အနာတရ ဖြစ်ခြင်း ကြုံရလိမ့်မည်။ ကျန်းမာရေးတွင် ဝမ်းချုပ်မည်။ ဝက်ခြံထွက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၃/၉)ဖြစ်သည်။
ယတြာ။  စေတီတွင် ငှက်ပျောသီး လှူပါ။
.
တနင်္လာ
.

ယာဉ်ကိစ္စများ ဆောင်ရွက်ရမည်။ လိုင်စင်ကိစ္စများလည်း ဆောင်ရွက်ကိန်း ကြုံမည်။ ထူးခြားသော ပစ္စည်းများ ဝင်လာလိမ့်မည်။ စီးပွားရေး အလုပ်အကိုင်ကောင်း တွေ့မည်။ လုပ်ကွက်အသစ် ပေါ်လာမည်။ စိတ်ပျော်ရွှင် ကျေနပ်ရလိမ့်မည်။ လက်ဆောင်ပစ္စည်းလည်း ရတတ်ပါသည်။ အကြံအစည် အမျိုးမျိုး ပေါ်နေ မည်။ အိမ်တွင်း အပူများမည်။ ကုန်သည်များ အရောင်းကောင်းသော်လည်း ကြွေးကျတတ်ပါသည်။ ဝန်ထမ်း များမှာ ကြီးသူ အထင်လွဲခံရမည်။ ပွဲစားများ မြေကွက်ဈေးနည်းတာ အရောင်းတည့်ပါမည်။ အချစ်ရေးတွင် ချစ်သူနဲ့ မထင်မှတ်သော နေရာတွင် ဆုံလိမ့်မည်။ ကျန်းမာရေးကိစ္စများမှာ အအေးမိခြင်း၊ ဖျားခြင်း စသည် တို့ ကြုံရမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၂/၇/၆)ဖြစ်သည်။
ယတြာ။  သံဃာတော်ကို သင်္ကန်းလှူပါ။
.

အင်္ဂါ
.
ကားဝင်မည်။ ကားအရောင်းအဝယ်လည်း လုပ်ရတတ်ပါသည်။ မထင်မှတ်သော ခရီးသွားလာရမည်။ မကောင်းသတင်း ကြားသိရတတ်သည်။ အပူသည် အိမ်ရောက်လာပြီး အကူအညီ တောင်းခံလိမ့်မည်။ အ တိတ်ဟောင်းက ကိစ္စများ ပြန်ပေါ်လာလိမ့်မည်။ အနွေးထည်ကောင်း ဝင်လာမည်။ အိမ်အတွင်း သန့်ရှင်းရေး ပြုလုပ်ရမည်။ ကုန်သည်များမှာ လှောင်ကုန်လုပ်သူများ မြတ်မည်။ ဆိုင်ဖွင့်ထားသူများ အရောင်း တိုးတက် လာမည်။ ဝန်ထမ်းများမှာ အလုပ် နည်းနည်းများနေလိမ့်မည်။ ပွဲစားများမှာ အပေါင်များ ချေးငွေကိစ္စများမှ ပွဲခရလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ သဘောကွဲလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ချောင်း ဆိုးမည်။ လည်ပင်းနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၆/၇)ဖြစ်သည်။
ယတြာ။  ဘုရားမှာ ဘယာကြော် လှူပါ။
.

ဗုဒ္ဓဟူး
.
မိတ်ဆွေကောင်းကြောင့် အကူအညီ ရမည်။ ငွေဝင်တတ်သည်။ စိတ်ချမ်းသာသော စကားကြားရလိမ့် မည်။ အလုပ်ကိစ္စ အဆင်ပြေလာမည်။ အခက်အခဲ ရှိသူများ လွတ်မြောက်မည်။ အမှု ရင်ဆိုင်နေပါက လွတ် မြောက်မည်။ အမှုပြီးမည်။ ပစ္စည်းအထားမှားတတ်ပါသည် သတိထားပါ။ ရွှေမဝယ်သင့်ပါ အပူ တွေ့တတ်သည်။ ကုန်သည်များမှာ ဖောက်သည်ထံမှ အကြွေး ပြန်ရလိမ့်မည်။ ဝန်ထမ်းများ အပိုဝင်ငွေ ရလိမ့်မည်။ ပွဲစားများ မြေအပေါင် တည့်မည်။ ငယ်သူများ ချစ်သူနဲ့အတူ လည်ရမည်။ ခရီးတို သွားရမည်။ ကျန်းမာရေးတွင် သွားနာမည်။ သွားကိုက်တတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၄/၅)ဖြစ်သည်။
ယတြာ။  စေတီမှာ ပန်း အဖြူရောင် ၅ ပွင့် လှူပါ။
 .

ကြာသပတေး
.
အိမ်တွင် စိုက်ပျိုးထားသော အပင်များကို ထိန်းသိမ်းပြုပြင်ရမည်။ ချိန်းဆိုထားသော သူနဲ့ လွဲလိမ့်မည်။ စီးပွားရေး အခွင့်အလမ်းများ ပေါ်ပေါက်လာမည်။ အကြံကောင်းလည်း ပေါ်မည်။ ပရိဘောဂများ ဝင်ကံ ရှိ သည်။ ငယ်သူကြောင့် စိတ်ရှုပ်ထွေးရလိမ့်မည်။ မိမိကံအရ မြုပ်နေသောငွေ ပြန်ပေါ်မည်။ အဝေး ဧည့်သည် အိမ်သို့ ရောက်လာမည်။ ကုန်သည်များမှာ အရောင်းအဝယ် အသွင်ပြောင်းရမည်။ ပုံစံအသစ်ဖြင့် သွားရန်အ ကြံရလိမ့်မည်။ ဝန်ထမ်းများမှ မိမိနာမည်ကောင်းရမည်။ ချီးကျူးခံရလိမ့်မည်။ ပွဲစားများမှာ ဘာမှအလုပ်မ ဖြစ်နိုင်ပါ။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူက နှစ်ခွထားနေလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ယား ယံမည်။ အစားမှားမည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၆/၈)ဖြစ်သည်။
ယတြာ။  သံဃာတော်ကို မြေပဲယို လှူပါ။
.

သောကြာ
.
မသွားရတာကြာသော ခရီး သွားရလိမ့်မည်။ မိတ်ဆွေများ ပြန်လည် ဆုံတွေ့လိမ့်မည်။ အလိုရှိသော ခက်ခဲသည့် ပစ္စည်းများ ဝင်လာမည်။ ကားအင်ဂျင်ဝိုင်၊ ဂီယာဝိုင် လဲလှယ်ရတတ်သည်။ စီးပွားရေးကောင်းမွန် လာမည်။ ငွေအထူး ဝင်လာမည်။ ဝမ်းသာပျော်ရွှင်ရမည်။ သတိပြုရန်မှာ အိမ်တွင်းရှိသူများ ကျန်းမာရေး နည်းနည်းညံ့မည်။ ကုန်သည်များမှာ အထူးကောင်းမွန်သော အမြတ်များ ရလိမ့်မည်။ ရောင်းအား တက်လာ မည်။ ဝန်ထမ်းများ ခွင့်ရခြင်း။ သက်သာစွာ နေရမည့် အခွင့်အရေး ရတတ်သည်။ ပွဲစားများ အိမ်အပေါင်တည့် မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ ဆုံတွေ့ရန် အခွင့်အရေး ရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၄/၅/၇)ဖြစ်သည်။
ယတြာ။  စေတီတွင် ပေါက်စီလှူပါ။
.

စနေ
.
အငြင်းပွားခြင်း၊ ကားအသစ် ဝယ်ခြင်း ကြုံမည်။ မိတ်ဆွေ ပျက်လိမ့်မည်။ လိမ်ညာသူများ အိမ်ကို ရောက်လာမည်။ အလုပ်အကိုင် နှေးနေမည်။ မအားမလပ် ဖြစ်နေသော်လည်း ငွေမှာ မရဘဲ ဖြစ်နေလိမ့်မည်။ စက်ပစ္စည်း ဝင်မည်။ လျှပ်စစ်များ ပြင်ရမည်။ မနာလိုသူ ကြုံတွေ့ပါမည်။ ရွှေထွက်တတ်သည်။ သို့သော် မ မျှော်လင့်သော အကူအညီ ရလိမ့်မည်။ ကုန်သည်များမှာ ပစ္စည်းပျောက်မည်။ စာရင်းကွာလာမည်။ ဝန်ထမ်း များ ကြီးသူ ဖိအားပေး ခံရလိမ့်မည်။ ပွဲစားများမှာ ချေးငွေကိစ္စ အဆင်ပြေမည်။ ငယ်သူများမှာ အချစ်ရေး တွင် ချစ်သူ၏ မိသားစုဝင်ကြောင့် စိတ်ညစ်ရမည်။ ကျန်းမာရေးကိစ္စတွင် လက်နာမည်။ အကြောတင်လိမ့် မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၂/၃/၉)ဖြစ်သည်။
ယတြာ။  သံဃာတော်ကို သစ်သီးလှူပါ။
.

Journal Download

Photo of three cats