ဆရာ ယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၄ ရက်မှ ၁၀ ရက် အထိ
.
တနင်္ဂနွေ
.
ဝါဆိုသင်္ကန်း ကပ်လှူခွင့်ရလိမ့်မည်။ စေတီ၊ ဘုရားရောက်မည်။
စီးပွားရေး အခက်အခဲမှ လွတ်လိမ့်မည်။ စာချုပ်စာတမ်း တစ်ခုခုပြုလုပ်ရမည်။
မိမိယုံကြည်သူက သစ္စာဖောက်လိမ့်မည်။ မနာလိုသူ ပေါ်ပေါက်လိမ့်မည်။ မစားဖူးသော
အစားအစာများ လက်ဆောင်ရလိမ့်မည်။ မထင် မှတ်သောသူနဲ့ ပြန်တွေ့လိမ့်မည်။ ကုန်သည်များ
ခက်ခဲသောကာလကို ဖြတ်ကျော်နေရမည်။ ဝန်ထမ်းများ လက်ရှိအလုပ်မှ
ထွက်ချင်စိတ်ဖြစ်ပေါ်လိမ့်မည်။ ပွဲစားများလူမောစိတ်မော ဖြစ်ရပြီး ဘာမှမတည့်
ကြုံနေမည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူလှည့်ကွက်ကြုံခြင်း၊ အချို့မှာ
ချစ်သူနဲ့ ငြင်းခုန်ခြင်းကြုံမည်။ ကျန်းမာရေးတွင် အထူးညံ့မရှိသေးပါ။
ကံကောင်းစေသောဂဏန်း မှာ (၅/၆/၈) ဖြစ်သည်။
ယတြာ။ ။
ကြီးသူတစ်ဦးအား မုန့်လှူပါ။
တနင်္လာ
.
ကား၊ ဆိုင်ကယ် ပျက်လိမ့်မည်။ ခရီးတို သွားရမည်။ မိမိ
အသွားအလာ နည်းသော မြို့တွင်း နေရာကို ရောက်လိမ့်မည်။ စားသောက်ဆိုင် အသစ်ရောက်မည်။
လှပသော ပစ္စည်း တစ်ခုခု ကောက်ရလိမ့်မည်။ ငွေကြေးများ ဝင်သော်လည်း မလောက်ပါ။
မိမိယခင်က မှတ်သားထားသော ကိစ္စများ ပြန်သတိရလိမ့်မည်။ အိမ်တွင်းအပူ
နည်းနည်းကြုံမည်။ ကုန်သည်များ အရောင်းအဝယ် လှောင်ကုန်များ ကျဆင်းနေလိမ့်မည်။
ပွဲစားများမှာ ကားများ၊ ဆိုင်ကယ်များ၊ ပစ္စည်းများ အပေါင်၊ အရောင်းတည့်မည်။
ငယ်သူများ အချစ်ရေးတွင် ချစ်သူ၏ အကြောင်းများ လာပြောပြသူလာမည်။ မိမိမသိတာ သိရမည်။
ကျန်းမာရေး ကိစ္စတွင် ယားယံမည်။ ဝက်ခြံထွက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၁/၃)
ဖြစ်သည်။
ယတြာ။ ။
ဝါဆိုသင်္ကန်း ကပ်လှူပါ။
.
အင်္ဂါ
.
ကားလဲလှယ်ခြင်း၊ ကားပြင်ခြင်း ကြုံမည်။
ကားငှားရမ်းခြင်းလည်း ကြုံတတ်ပါသည်။ မိုးမိ သောကြောင့် တစ်နေရာတွင်
ပိတ်မိနေလိမ့်မည်။ ချိန်းထားသော ကိစ္စပျက်ပြယ်သွားလိမ့်မည်။ ရွှေပြန်ရောင်းရမည်။
အိမ်ဘေးမှ လူများကြောင့် စိတ်အနှောင့်အယှက် နည်းနည်းကြုံမည်။ အောက်လူအတွက်
တစ်ခုခုပေးနိုင်မည်။ ကုန်သည်များမှာ အရောင်းအဝယ် တိုးချဲ့ရန်၊ အလုပ် အသွင်ပြောင်းရန်
အားထုတ်ကြိုးစားမည်။ ဝန်ထမ်းများ ငွေအပိုဝင်လာမည်။ အလုပ်များ သက် သာလာမည်။
ပွဲစားများ မြေအရောင်းအဝယ် နည်းနည်းကောင်းလာမည်။ ငယ်သူများ အချစ်ရေးတွင်
အသစ်တွေ့မည်။ ချစ်သူဟောင်းနဲ့ လမ်းခွဲရတတ်သည်။ ကျန်းမာရေး ကိစ္စတွင် အရိုးစူးခြင်း
ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၇) ဖြစ်သည်။
ယတြာ။ ။ ဘုရား
ရေသပ္ပာယ်ပါ။
.
ဗုဒ္ဓဟူး
.
အကြံအစည်များနေမည်။ တိုးတက်လိုသောစိတ် ပြင်းထန်လာမည်။
ခက်ခဲသော အနေအ ထားမှ ရုန်းထွက်နိုင်မည်။ မြုပ်နေသော ပစ္စည်း ရှိသူများ
အရောင်းထွက်ပါမည်။ ငွေချေးငှားမှု ပြုရမည်။ အိမ်ဆေးသုတ်ရမည်။ အစားကောင်း စားရမည်။
ခင်မင်ဖူးသော မိတ်ဆွေ ပြန်ဆုံပါ မည်။ နေရာထိုင်ခင်း ပြောင်းလဲလိုစိတ်လည်း
ဖြစ်ပေါ်မည်။ ကုန်သည်များ အရောင်းအဝယ် ကောင်းမွန်လာတော့မည်။ ဝန်ထမ်းများ ခရီး၊
သင်တန်းစသည်ပေါ်မည်။ အချို့မှာ ကြီးသူက တာ ဝန်အသစ်ပေးလိုက်မည်။ ပွဲစားများမှာ
အပေါင်မြေ၊ ကားစသည် အရောင်းတည့်ပါမည်။ ငယ်သူ များ ချစ်သူပေးသော လက်ဆောင်ရမည်။
ကျန်းမာရေးတွင် လက်ကျဉ် မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၄/၉) ဖြစ်သည်။
ယတြာ။ ။
စေတီစနေထောင့်တွင် တံခွန်ကုက္ကားလှူပါ။
.
ကြာသပတေး
.
ဘုန်းကြီးကျောင်း သွားရမည်။ အလှူလုပ်ရမည်။
စိတ်တည်ငြိမ်လာမည်။ ငွေနည်းနည်းဝင် လာမည်။ စီးပွားရေး တိုးချဲ့ရလိမ့်မည်။
အဝေးမှဧည့်သည် အိမ်ရောက်လာမည်။ ဖုန်းလွတ်ကျကွဲ လိမ့်မည်။ ထူးခြားသော သတင်း
ကြားသိရမည်။ တောင်ပေါ်ဒေသများ သွားလာရမည်။ သစ် ပင်ပန်းပင်များ ဝင်လာမည်။
အိပ်ယာဝတ်များ အသစ် လဲလှယ်ရမည်။ ကုန်သည်များမှာ အ ရောင်းနှေးနေမည်။ ဝန်ထမ်းများ
ပင်ပန်းမည်။ အလုပ်များနေလိမ့်မည်။ ပွဲစားများ အပေါင်ကိစ္စ အောင်မြင်မည်။ ငယ်သူများ
အချစ်ရေး ကိစ္စတွင် ကြားလူဝင် ရောက်သဖြင့် သဘောကွဲမည်။ အထင်လွဲမည်။ သတိထားပါ။
ကျန်းမာရေး ကိစ္စတွင် လေထိုး မည်။ ဗိုက်နာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၅/၆)
ဖြစ်သည်။
ယတြာ။ ။
ဘုန်းကြီးကျောင်းတွင် ပန်းအိုးလှူပါ။
.
သောကြာ
.
ကားအသစ်လဲလှယ်ရမည်။ ကားအင်ဂျင်ဝိုင်၊ ဂီယာဝိုင်များ
လဲလှယ်ရမည်။ စက်ပစ္စည်းပြင် ရမည်။ ခရီးဝေးသွားလာရမည်။
ငွေကြေးအထူးဝင်လာကိန်းရှိသည်။ ငယ်သူကြောင့် စိတ်နည်း နည်း ညစ်ရမည်။ မီးဖိုသုံးပစ္စည်း
အသစ်ဝင်မည်။ မိတ်ဆွေကောင်းကြောင့် အဆင်ပြေမည်။ အ လုပ်ချဲ့ရမည်။ ကံကောင်းလာတော့မည်။
ကုန်သည်များမှာ အရောင်းအဝယ်တွင် ပစ္စည်းမှား တတ်ပါသည်။ ဝန်ထမ်းများ ခရီးသွားရမည်။
စိတ်နည်းနည်း ပျော်ရမည်။ ပွဲစားများ မြေအပေါင်၊ အိမ်အပေါင်ကိစ္စဖြစ်လိမ့်မည်။
ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူမိဘများ ဆွေမျိုးများ ကြောင့် စိတ်ညစ်ရမည်။
ကျန်းမာရေး ကိစ္စတွင် ဝမ်းပျက်မည်။ ခေါင်းကိုက်မည်။ ကံကောင်းစေ သောဂဏန်းမှာ
(၁/၄/၅) ဖြစ်သည်။
ယတြာ။ ။ ကြီးသူအား
မုန့်တမျိုးမျိုး လှူပါ။
.
စနေ
.
ထီပေါက်မည်။ အမွေရတတ်သည်။ ကြီးမားသောအမြတ်လည်း ရတတ်ပါသည်။
မိတ်ဆွေ ဟောင်းပြန်တွေ့ပြီး အကျိုးပေးမည်။ ထင်ရှားသော သူများကိုတွေ့ရမည်။
အိမ်နည်းနည်းပြင်ရ မည်။ အိမ်ခေါင်များ မိုးယိုလိမ့်မည်။ ရွှေပြန်ထွက်လိမ့်မည်။
ကားပျက်မည်။ ပြင်ဆင်ရသဖြင့် ငွေ ကုန်မည်။ ငွေကြေးများ အထွက်များ နေလိမ့်မည်။
ကုန်သည်များ ဖောက်သည်သူများဆီရောက် လိမ့်မည်။ ဝန်ထမ်းများ ဖိအားပေးခံရမည်။
ပွဲစားများမှာ အရောင်းအဝယ်သေချာပြီးမှ ပျက်သွား လိမ့်မည်။ ငယ်ရွယ်သူများမှာ
အချစ်ရေးကိစ္စတွင် ချစ်သူအသစ်ကမ်းလှမ်းခံရမည်။ ချစ်သူနဲ့ သဘောကွဲမည်။
ကျန်းမာရေးတွင် နားနာမည်။ ရေဝင်မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၃/၇) ဖြစ်သည်။
ယတြာ။ ။စေတီတွင်
ထီးနီ ၅ လက်လှူပါ။
.