မင်းဇော်မင်း
.
ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ ပြည်သူ့ အားကစားကွင်းနှင့် မီး သတ် ဦးစီးဌာနတို့
မြေယာပိုင်ဆိုင်မှု အငြင်းပွား နေသည့် ဆက်စပ်မြေ ဧ ရိယာတွင် မီးသတ်ဦးစီးဌာနမှ အ
ဆောက်အဦ ဆောက်လုပ်နေခြင်းကို မြို့လူထုမှ လက်မှတ်ရေးထိုး၍ ကန့် ကွက်တားမြစ်ပြီး
ဖြေရှင်းပေးရန် ဩဂုတ်လ ၁၂ ရက်က စာဖြင့် တောင်း ဆိုခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ဆက်စပ် မြေပေါ်တွင် မီးသတ်ဦးစီးဌာနမှ ၃၀ ပေ x ၂၅ ပေ သံဖရိန်
အဆောက်အဦကို ဆောက် လုပ်နေကြောင်း တွေ့ရှိရသဖြင့် တစ် မြို့လုံးက သဘောမတူသည်ဖြစ်ရာ
မြို့မိမြို့ဖများ၊ မြို့သူမြို့သားများ ကိုယ်စား အောင်ပန်း အား/ကာ အဖွဲ့ အနေဖြင့်
တားမြစ်ကန့်ကွက်ကြောင်း ဖော်ပြပါရှိသည်။
“ဘောလုံးကွင်း
မြေနေရာကို ၁၉၆၅ ခုနှစ်မှာ အများပြည်သူက လူ ငယ်အားကစားသမားတွေ ပေါ်ထွန်း တိုးတက်
လာစေဖို့ လှူခဲ့တာပါ။ ၁၉၉၀ ခုနှစ်မှာ မီးသတ်ဌာန မရှိသေး ပေမဲ့ အဆောက်အဦရှိမှ
မီးသတ်ကား ရမယ် ဆိုလို့ အရန်မီးသတ်တပ်ဖွဲ့ အ နေနဲ့ အဲဒီမြေနေရာမှာ အဆောက်အ ဦ
ဆောက်ခဲ့ပါတယ်။မြို့အနေနဲ့ပါ။ ဌာန မဟုတ်ပါဘူး။ ၂၀၁၀ သင်္ကြန် ကာလက အဲဒီမှာ
မီးသတ်ဌာနအ တွက် မြေပေးမယ်၊ ကန့်ကွက်ပါဆို တော့ ဘယ်သူမှ မသိခဲ့ရဘဲနဲ့ မြေဂ ရန်
ယူသွားတယ်။ အစဉ်အဆက် မြို့လူထုအနေနဲ့ ကန့်ကွက်ခဲ့တယ်။ အခုလည်း ခဏဆိုပြီး အမြဲတမ်း
ဖြစ်သွားမှာ စိုးရိမ်လို့ ကန့်ကွက်ကြ ခြင်း ဖြစ်ပါတယ်။ လူငယ်တွေ မူး ယစ်ဆေးဝါး
အစရှိတဲ့ လမ်းမှားမ ရောက်စေဖို့နဲ့ ကျန်းမာကြဖို့ လိုပါ တယ်။ အခုဆိုရင် လူငယ်တွေ
ကစား ဖို့ ဘောလုံးကွင်း ကောင်းကောင်း မရှိကြတော့ဘူး”ဟု အောင်ပန်းမြို့
အားကစားနှင့် ကာယပညာ ကော် မတီ အတွင်းရေးမှူး ဦးကျော်စိုးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်း အားကစားကွင်းမြေနေရာ နှင့် ပတ်သက်၍ အားကစားနှင့် ကာ
ယပညာ ဦးစီးဌာနမှ ၂၀၀၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် တစ်ကြိမ်၊ ယင်း နှစ် စက်တင်ဘာလ ၁၉
ရက်တွင် တစ်ကြိမ်၊ ၂၀၀၈ ခုနှစ်၊ မေလ ၁၃ ရက်၊ ယင်းနှစ် ဇွန်လ ၃၀ ရက်၊ ၂၀၁၀
ပြည့်နှစ်၊ ဇူလိုင်လ ၅ ရက်တို့က ရုံး စာများဖြင့် ကန့်ကွက်ခဲ့ပြီး အစည်း
အဝေးများတွင်လည်း ကန့်ကွက်မှု များ ရှိခဲ့သည်ဟု သိရသည်။
.
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ က လောမြို့နယ် မီးသတ်ဦးစီးဌာနမှူး
ဦးသန်းဇော်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် “ယာယီ ဆောက်တာပါ။
ဝန်ထမ်းတွေ နေစ ရာမရှိ လို့ ခဏအနေနဲ့ ဆောက်တာ ပါ”ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
အောင်ပန်းမြို့ ပြည်သူ့အားက စားကွင်းရှိ ဧရိယာ ၀ ဒသမ ၆၈၉ ဧက
ရှိ မြေနေရာအား ၂၀၁၀ ပြည့် နှစ်၊ ဩဂုတ်လ ၈ ရက်တွင် အရန်မီး သတ် တပ်ဖွဲ့သို့ ပုံစံ
(၁၀၅) ထုတ် ပေးထားပြီး အားကစားကွင်း အ ကျယ်အဝန်း ၇ ဒသမ ၅၄၂ ဧကကို
ထိခိုက်မှုမရှိစေရေး၊ မီးသတ်ဦးစီး ဌာနမြေနှင့် အားကစားကွင်း ပြေး လမ်း မလွတ်သည့်
ကိစ္စများအားတင် ပြခဲ့ရာတွင် အထက်ဌာနများမှ လာ ရောက်ကြည့်ရှု
ညွှန်ကြားမှုများရှိခဲ့ သော်လည်း ယနေ့အချိန်အထိ ပြေ လည်မှု ရရှိခြင်း
မရှိသေးကြောင်း သိ ရသည်။
.