အောင်ပန်းတွင် အမျိုးသားတစ်ဦး ထွေလာဂျီပေါ်မှ ပြုတ်ကျ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် အမျိုးသားတစ်ဦး ထွေလာဂျီပေါ်မှ ပြုတ်ကျ


စုလှိုင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သရက်ပုကျေးရွာတွင် ယနေ့ ဩဂုတ်လ ၂၃ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦး မောင်းနှင်နေသော ထွေလာဂျီပေါ်မှ ပြုတ်ကျ၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
.
အောင်ပန်းမြို့၊ သရက်ပုကျေးရွာနေ ယာဉ်မောင်း ထွေးမောင် မောင်းနှင်ပြီး‌ နောက်တွင် ရာဇာ လိုက်ပါစီးနင်းလာသည့် တစ်လုံးထိုး ထွေလာဂျီယာဉ်သည် ဩဂုတ်လ ၂၃ ရက်၊ ညနေ ၄ နာရီခန့်က ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်ပန်းဘက်မှ ဟဲဟိုးဘက်သို့ မောင်းနှင်လာစဉ် သရက်ပုကျေးရွာ၊ မိုင်တိုင်အမှတ် (၈၅/၂) နှင့် (၈၅/၃) ကြား အရောက်တွင် နောက်မှ စီးနင်းလာသူ ရာဇာသည် ယာဉ်ပေါ်မှ ပြုတ်ကျသဖြင့် ယာဘက်ဦးခေါင်းဂျိုစောင်း ဖူးရောင် နာကျင်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ဖူးရောင်ဒဏ်ရာ၊ ယာဘက်ခြေမ၊ ခြေသန်း ပွန်းပဲ့ဒဏ်ရာ၊ ဝဲခြေခုံ ပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ)များ ရရှိခဲ့ပြီး အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
“ယာဉ်မောင်းကို ပုဒ်မ ၂၇၉ /၃၃၈ နဲ့ အမှုဖွင့်ထားပါတယ်” ဟု အမှတ် (၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု (ကလော) တပ်စိတ် ရုံးမှ ရဲအုပ်မျိုးလှိုင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အမျိုးသား ယာဉ်ပေါ်မှ ပြုတ်ကျမှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ထွေးမောင် အား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၄၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
[ဖြည့်စွက်ချက်] လူနာမှာ ရရှိ​သော ဒဏ်ရာ​ကြောင့် ည ၈ နာရီခန့်က ​သေဆုံးသွားပြီ ဖြစ်​ကြောင်း ​အောင်ပန်းနယ်​မြေရဲစခန်း၊ စခန်းမှူးထံမှ သိရသည်။

Journal Download

Photo of three cats