ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဩဂုတ်လ ၁၄ ရက်၊ ညနေပိုင်းက
မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် ပွတ်တိုက်ရာမှ မော်တော်ဆိုင်ကယ်ပေါ်ပါ ရဟန်းတစ်ပါး
စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
.
အောင်ပန်းမြို့၊ လွယ်မခံကျေးရွာအနီး၊ အောင်ပန်း-ပင်းတယကားလမ်းပေါ်တွင်
ဩဂုတ်လ ၁၄ ရက်၊ ညနေ ၃ နာရီ အချိန်ခန့်က အောင်ပန်းဘက်မှ ပင်းတယဘက်သို့ အောင်ပန်းမြို့၊
စေတီကုန်းကျေးရွာကျောင်းတိုက် ကျောင်းထိုင် ဆရာတော် အရှင်ပညာဝံသ မောင်းနှင်လာသော ဆိုင်ကယ်သည်
လားရာတူ ဟဲဟိုးမြို့၊ ဘော်နင်းကျေးရွာအုပ်စုနေ ဇော်ဝင်း မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့်
လက်ဝဲဘက်လမ်းအကွေ့တွင် ပွတ်တိုက်မိသဖြင့် အရှင်ပညာဝံသ တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊
နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် စိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ပြီး အောင်ပန်း တိုက်နယ်ဆေးရုံသို့
ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုမှ အရှင်ပညာဝံသနှင့် ဇော်ဝင်းတို့အား အောင်ပန်းနယ်မြေရဲစခန်းတွင်
ယာဉ်(ပ) ၄၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.