ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဩဂုတ်လ ၁၀ ရက် နံနက်အစောပိုင်းက
ဆိုင်ကယ် ၂ စီးအာ ကားဖြင့်တိုက်မိ သဖြင့် တစ်ဦးသေဆုံးခဲ့မှုတွင် ထွက်ပြေးသည့် ယာဉ်မောင်းအား
ဖမ်းဆီးရမိထားကြောင်း သိရသည်။
.
.
ပင်းတယ-အောင်ပန်းသွားကားလမ်း၊ မိုင်တိုင်အမှတ် ၈ ကီလိုမီတာနှင့်
၈-၅၀၀ ကီလိုမီတာအကြားတွင် ဩဂုတ်လ ၁၀ ရက်၊ နံနက်အစောပိုင်း (၀၀:၁၅)
အချိန်က ပင်းတယမြို့၊ ကျုံးကျေးရွာနေ သိန်းဇော် မောငးနှင်ပြီး တစ်ရွာတည်းနေ မိုးယံ
(ခ) ထွန်းဝင်း လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား မျက်နှာချင်း ဆိုင်မှ မော်တော်ယာဉ်က
ဝင်ရောက်တိုက်မိ ခဲ့ပြီးနောက် လိပ်စာတူနေ နေစိုးမောင် မောင်းနှင်လာသည့် ဆိုင်ကယ်အား
ထပ်မံတိုက်မိခဲ့ကာ မော်တော်ယာဉ်မှာ ထွက်ပြေးတိမ်းရှောင်သွးခဲ့ကြောင်း သိရသည်။
ထိုသို့ မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မှုမှုကြောင့် စိုးမောင်မှာ
ဒဏ်ရာရရှိခြင်း မရှိသော်လည်း သိန်းဇော်တွင် ဝဲဘက်ခြေသန်း/ခြေသူကြွယ် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်လက်မောင်း
ပြတ်ရှဒဏ်ရာ၊ ဝဲဘက်လက်ခုံ ဖူးရောင်ဒဏ်ရာ၊ ယာဘက်ဒူး/ခြေခုံ ပွန်းပဲ့ ဒဏ်ရာများ စိုးရိမ်ရ
ရရှိခဲ့ပြီး မိုးယံ (ခေါ်) ထွန်းဝင်းမှာ ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ကြောင်း
သိရသည်။
.
“ညတွင်းချင်း လိုအပ်တဲ့ စုံစမ်းရှာဖွေမှုတွေလုပ်တော့ သူ့သူငယ်ချင်းအိမ်မှာ
တိမ်းရှောင်နေတာကို လူရော၊ ကားရော ဖမ်းမိပါတယ်။ ထွက်ပြေးတာ၊ ခုခံတာ မရှိပါဘူး” ဟု အောင်ပန်းယာဉ်ထိန်းတပ်ဖွဲ့ခွဲ
တာဝန်ခံ ရဲအုပ်မျိုးလှိုင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ယဉ်တိုက်မှုမှ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်သူ
ထက်မြတ်သိန်း (ခ) ဒီမိုး အား နံနက် ၄ နာရီ အချိန်က ၎င်း၏ မိတ်ဆွေနေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး
အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.