အနာဂတ်မြို့ပြ နားရိုင်းဒေသ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အနာဂတ်မြို့ပြ နားရိုင်းဒေသ


ဇေယျာ
.
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု ဖြစ်တာကြောင့် ကျေး လက်နေ ပြည်သူတွေ အများဆုံး နေထိုင်ကြပါတယ်။ ကျေးလက် နေ ပြည်သူတွေဟာ ပညာရေး၊ ကျန်းမာရေးက အစ ရေ၊ မီးစတဲ့ လူနေမှု အဆင့်အတန်းနဲ့ အညီ နေထိုင်ကြရဖို့ ဆိုတာဟာ အိပ် မက် တစ်ခုလိုမျိုး ပါပဲ။ ဒါပေမဲ့ အဲဒီ အိပ်မက်ကို မျက်ဝါးထင် ထင် မြင်တွေ့နိုင်ရတဲ့ ကျေးလက်ဒေသတွေလည်း ရှိပါတယ်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်က နားရိုင်းဒေသ ဟာ မြို့ပြက လူနေမှု အဆင့်အတန်းကို ပိုင်ဆိုင်ထားပါတယ်။ နမ့်စန်မြို့နယ်ဟာ များသောအားဖြင့် ပြန့်ပြူးလှတဲ့ လွင်ပြင်တွေ နဲ့အတူ လွယ်ပန်တောင်တန်းနှင့် လွယ်မောင်း တောင်တန်းတို့ တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၃၁၆၆ ပေမှာ တည်ရှိတဲ့ မြို့နယ်တစ်ခု ဖြစ်တာကြောင့် အေးပြီး ခြောက် သွေ့တဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားပါတယ်။
.
နားရိုင်း ပြည်သူ့စစ်ဌာနေ အဖွဲ့ဟာ နယ်မြေဒေသ လုံခြုံရေး ဖွံ့ဖြိုးရေးနဲ့ ပြည်သူတွေ အေးချမ်းစွာ နေနိုင်ရေးတို့အတွက် ၁၉၉၈ ခုနှစ် စက်တင်ဘာလမှာ  ဥပဒေဘောင် အတွင်းကို ဝင် ရောက်ခဲ့ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ ဌာနေပြည်သူ့စစ်အဖွဲ့ အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
.
နားရိုင်းဒေသဟာ ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်-မိုင်း စိတ် ကားလမ်းရဲ့ အရှေ့ခြမ်း၊ နမ့်စန်-မိုးနဲ ကားလမ်းရဲ့ အနောက် ခြမ်းမှာ တည်ရှိပြီး အရင်က အိမ်ခြေ ၇ အိမ်လောက်သာ ရှိခဲ့ပေမဲ့ လည်း အခုချိန်မှာတော့ အိမ်ခြေ ၄၂၀၀ ကျော်အထိ ရှိလာပြီ ဖြစ်လို့ မြို့ငယ်တစ်ခုလို့တောင် တင်စားခေါ်ဝေါ်လို့ ရနေပါပြီ။ နားရိုင်း ပြည်သူ့စစ်ဌာနေ အဖွဲ့ဟာ တပ်မတော်၊ ဌာနဆိုင်ရာ များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနဲ့ ပူးပေါင်း ပြီး နားရိုင်းဒေသ လုံခြုံရေး၊ စည်းရုံးရေး နယ်မြေတွေ ဖြစ်တဲ့ နမ့်လစ်ကျေးရွာ အုပ်စု၊ ဟိုင်းနားကြီး ကျေးရွာအုပ်စု၊ ပိန်းဆည် ကျေးရွာ အုပ်စု၊ မိုင်းစိတ်ကျေးရွာ အုပ်စုတွေရဲ့ နယ်မြေဒေသ လုံခြုံရေးကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
.
နားရိုင်းဒေသ အတွင်းမှာ ဟိုင်းနား ကျေးရွာအုပ်စု၊ နမ့်လစ် ကျေးရွာအုပ်စုနဲ့ ပိန်းဆည်ကျေးရွာအုပ်စု ၃ ခု ပါဝင်ပြီး ကျေးရွာ ပေါင်း ၃၁ ရွာနဲ့ အိမ်ထောင်စု ပေါင်း ၄၂၉၉ စု တည်ရှိတယ်လို့ သိရပါတယ်။
.
နားရိုင်းဒေသမှာ ရှမ်း၊ ကိုးကန့်၊ လားဟူ၊ လီဆူ၊ ယင်း၊ ပအိုဝ်း၊ ပလောင်၊ ဗမာ စတဲ့ တိုင်းရင်းသားတွေဟာ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်လာကြတာဟာ ရှေး နှစ်ပေါင်းများ စွာကတည်းက ယခု အထိတိုင် ဖြစ်ပါတယ်။ အရင် နယ်မြေဒေသ မငြိမ်းချမ်းတဲ့ အချိန်ကာလ ဖြစ်လို့ ဒေသတွင်း နေထိုင်ကြသူဟာ အနည်းငယ်သာ ရှိပေမဲ့လည်း ယခုအချိန်မှာတော့ ငြိမ်းချမ်း လာပြီး တရားဥပဒေ စိုးမိုးလာတာမို့ နေထိုင်သူ လူဦးရေဟာ လည်း တဖြည်းဖြည်း တိုးလာနေပါတယ်။
.
ဒေသတွင်းမှာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ပြီး မွေးမြူရေးကိုလည်း လုပ်ကိုင်ကြတာကို တွေ့မြင်ရပါတယ်။ စပါး၊ ဂျင်း၊ ပြောင်း၊ နာနတ်၊ စတဲ့ ရာသီအလိုက် သီးနှံတွေကို အများဆုံး စိုက်ပျိုးကြပြီးတော့ တစ်သျှူး ယူကလစ်၊ ယိုးဒယား ပိန္နဲ၊ သရက်၊ ထင်းရှူး၊ ကျွန်း၊ ထောပတ် စတဲ့ နှစ်ရှည် သီးနှံပင် တွေကိုလည်း စီးပွားဖြစ် စိုက်ပျိုးထားပြီး အောင်မြင် ဖြစ်ထွန်း နေတာကို တွေ့မြင်ခဲ့ရတဲ့အပြင် ရေသန့်လုပ်ငန်း၊ စက်သုံးဆီ ရောင်းဝယ်ရေး၊ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်း စတဲ့ လုပ် ငန်းတွေကို လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
.
တစ်သျှူးယူကလစ်ကနေ အထပ်သား ထုတ်လုပ်ဖို့အတွက် စက်ရုံတစ်ခု တည်ဆောက်ပြီး နှစ်ရှည်ပင် သီးနှံတွေက ထွက်တဲ့ အသီးတွေကို ပြည်တွင်းပြည်ပကို တင်ပို့ ရောင်းချဖို့ကိုလည်း စီမံ ဆောင်ရွက်နေတယ်လို့ နားရိုင်းပြည်သူ့စစ်ဌာနေ အဖွဲ့ တာ ဝန်ရှိသူတွေက ရှင်းပြပါတယ်။
.


.
နားရိုင်းပြည်သူ့စစ် ဌာနေအဖွဲ့ဟာ ဒေသအတွင်းမှာ မျိုး ဆက်သစ် ကလေးငယ်တွေကို အမှားအမှန်ကို ခွဲခြားသိမြင်နိုင် ဖို့နဲ့ ပညာ သင်ကြားနိုင်ဖို့အတွက် နားရိုင်း အခြေခံပညာ အ လယ်တန်းကျောင်း၊ နောင်ခမ်း၊ နမ့်ဟူးမိုင်း၊ ခါနန် မူလတန်း ကျောင်းတွေကို တည်ဆောက်ပေးတာ၊ အစိုးရရဲ့ ခွင့်ပြုရန်ပုံငွေ ရရှိရေး ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ အရင်အချိန်တွေ က ရင်သွေးငယ်တွေရဲ့ ပညာရေးကို အားပေး ရကောင်းမှန်း မ သိတဲ့  မိဘတွေဟာ မိမိတို့ရဲ့ ရင်သွေးငယ်တွေရဲ့ ဘဝတွေ အာမ ခံချက်ရှိဖို့ ကျောင်းပညာရေးကို အားပေးလာတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဟိုင်းနားကြီး ကျေးရွာအုပ်စု၊ တုံမုံ၊ ဟိုင်း နားလေး၊ မိုင်းစိတ်အုပ်စုရှိ စံခမ်း၊ ဟွေဆိုင်း၊ ပိန်းဆည်အုပ်စုရှိ၊ ညောင်ပင်သာ၊ ဈေးကုန်း၊ ကောင်းဆိုင်း ကျေးရွာတွေက မူလ တန်း ကျောင်းတွေမှာ လိုအပ်တာတွေကို ပံ့ပိုးကူညီပေးတာ၊ ဆ ရာ၊ ဆရာမတွေ နေထိုင်ဖို့အတွက် အဆောက်အဦတွေဆောက် လုပ်ပေးတာ၊ ဆရာ၊ ဆရာမတွေ နေထိုင်တဲ့ အိမ်တွေကို သောက် သုံးရေ သွယ်ပေးပြီး ရိက္ခာ ကူညီ ထောက်ပံ့ပေးတာတွေကိုလည်း ကူညီ ဆောင်ရွက်ပေးနေ တယ်လို့ သိရပါတယ်။
.

ကျန်းမာရေး အနေနဲ့ကတော့ နားရိုင်း ကျန်းမာရေး ဌာန အဆောက်အဦနဲ့ ခါနန်ကျေးရွာ ကျန်းမာရေးဌာန အဆောက်အဦ တွေကို နားရိုင်းပြည်သူ့စစ်ဌာနေ အဖွဲ့က ဆောက်လုပ်ပေးပြီး လျှပ်စစ်မီးနဲ့ ရေသွယ်တန်းပေးတာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင်တဲ့ လုပ်ငန်းတွေကို ကျန်းမာရေး ဝန်ထမ်းတွေနဲ့အ တူ ပါဝင်ကူညီ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ရာသီ အလိုက် ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်ဖို့အ တွက် အသိပညာတွေကို ပေးနေသလို တစ်ဘက်ကလည်း ဆေး ကုသမှုတွေကိုပါ ပေးနေပါတယ်။
.
နားရိုင်းပြည်သူ့စစ်ဌာနေ အဖွဲ့အနေနဲ့ နားရိုင်းဒေသ ရေ ရရှိ ရေးအတွက် ရေထွက်ရှိတဲ့ နေရာကနေ စိမ့်စမ်းရေ သွယ်ယူပေး ထားတယ်လို့ သိရပါတယ်။ ခါန်နန်ကျေးရွာ ရေ ရရှိဖို့အတွက် ကျေးရွာနဲ့ ၁၁ မိုင်ကျော် ကွာဝေးတဲ့ ရေထွက်ကနေ တောင်တွေ၊ လျှိုတွေကို ဖြတ်ပြီး ရေသွယ်ယူတာ၊ ဆည် တည်ဆောက်တာ၊ ကျေးရွာတွင်း ရေကန်စု တည်ဆောက်တာ၊ ကျေးရွာအတွင်း နေအိမ်အရောက် ဖြန့်ဝေပေးတဲ့ လုပ်ငန်းတွေကို နိုင်ငံတော် အ စိုးရရဲ့ ပံ့ပိုးငွေ ကျပ်သိန်း ၉၄၀ ၊ တပ်ဖွဲ့စိုက်ငွေ သိန်း ၂၅၀၀ နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
.
လျှပ်စစ်မီး ရရှိရေးအတွက် နားရိုင်းပြည်သူ့စစ် ဌာနေအဖွဲ့ အနေနဲ့ နားရိုင်းရွာမ ကျေးရွာ မီးသွယ်တန်းတာ၊ ထရန်စဖော် မာ ၂ လုံး တပ်ဆင်တာ၊ ခါန်နန်ကျေးရွာကို လျှပ်စစ်မီး သွယ်တန်း ပြီး ထရန်စဖော်မာ ၂ လုံး တပ်ဆင်တာ၊ လွယ်ဆိုင်း ကျေးရွာကို လျှပ်စစ်မီး သွယ်တန်းပြီး ထရန်စဖော်မာ ၂ လုံး တပ်ဆင်တာ တွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး ငွေကြေး အကုန် အကျခံ သွယ်တန်းပေးတာတွေကို ဆောင်ရွက် ပေးနိုင်ခဲ့တာလို့ လည်း သိရပါတယ်။
.
နားရိုင်းပြည်သူ့စစ် ဌာနေအဖွဲ့ ငြိမ်းချမ်းရေး စတင် တည် ထောင်စဉ်က ကျေးရွာတွေ မရှိခဲ့ပေမဲ့လည်း နားရိုင်းကျေးရွာ၊ နမ့်ဟူမိုင်ကျေးရွာ နောင်ခါကျေးရွာ၊ နောင်လေးကျေးရွာ၊ ဝမ် မိုင်ကျေးရွာတွေကို  တည်ထောင်ခဲ့ပြီးနောက် နမ့်လစ်ကျေးရွာ အုပ်စု၊ ခါန်နန်ကျေးရွာကို ၂၀၁၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ အမည်ပေါက် တရားဝင်ကျေးရွာအ ဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးရဲ့ ခွင့်ပြုချက်နဲ့ တည်ဆောက် ခဲ့ပါတယ်။
.
ဈေးအနေနဲ့တော့ နားရိုင်းကျေးရွာမှာ ဈေးဆိုင်ခန်း ၆၀ ခန်း ပါရှိတဲ့ ဈေး ၁ ဈေး၊ ခါန်နန်ကျေးရွာမှာ ဈေးဆိုင်ခန်း ၄၀၀ ခန်း ပါရှိ တဲ့ ဈေး ၁ ဈေး၊ ဟိုင်းနားလေး ကျေးရွာမှာ ဈေးဆိုင်ခန်း ၆၄ ခန်း ပါရှိတဲ့ ဈေး ၁ ဈေး တည်ဆောက် နိုင်ခဲ့တယ်လို့ သိရပါ တယ်။
.
လမ်းပန်းဆက်သွယ်ရေး အတွက် နမ့်စန်-မိုင်းစိတ်လမ်း က နေ နားရိုင်းကျေးရွာထိ ၈ မိုင်ကို မြေသားလမ်းကနေ ကျောက် ချောလမ်းအဖြစ် အဆင့်မြှင့်တင်တာ၊ နမ့်စန်-မိုးနဲလမ်းကနေ နား ရိုင်းအထိ မြေသားလမ်း ဖောက်လုပ်ပြီး ကျောက်ချောလမ်းအ ဖြစ် အဆင့်မြှင့်တင်တာ၊ နတလ ခွင့်ပြုရန်ပုံငွေနဲ့ ကတ္တရာလမ်း ခင်းတာ၊ မိုင်းစိတ်-နောင်ဘိုလမ်းကို မြေသားလမ်းအဖြစ် ဖောက် လုပ်တာ၊ နတလ ခွင့်ပြုရန်ပုံငွေနဲ့ ကျောက်ချောလမ်း ခင်းတာ တွေကို နားရိုင်းပြည်သူ့စစ် ဌာနေအဖွဲ့ ဆောင်ရွက်ခဲ့တဲ့အပြင် ခါန်နန်ကျေးရွာ အတွင်း ဘုရားလမ်းနဲ့ ရဟန္တာခြေတော်ရာ လမ်း ပိုင်းကို ကတ္တရာလမ်း ခင်းတာတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့ တယ်လို့ သိရပါတယ်။
.
နားရိုင်းပြည်သူ့စစ်(ဌာနေ) အဖွဲ့အနေနဲ့ ဒေသအတွင်းမှာ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးတွေကို ပါဝင်ကူညီ ဆောင်ရွက် ပေးနေပြီးတော့ ဘာသာရေး အဆောက်အဦများ အဖြစ် လွိုင် ဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တုံမုံကျေးရွာ ဘုန်းတော် ကြီးကျောင်း၊ နားရိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊  စံခမ်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွေ တည်ဆောက်ဖို့ အလှူငွေ ထည့်ဝင် လှူဒါန်း တည်ဆောက် ပေးခဲ့တဲ့အပြင် ဒေသအတွင်း က ခရစ်ယာန် ဘာသာဝင် ၃၀၀ ကျော်သော ပြည်သူတွေ ဘုရား ဝတ်ပြု ဆုတောင်းနိုင်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ ယာယီ ဘုရား ကျောင်းကို တည်ဆောက်ပေးပြီး ၂၀၁၅ ခုနှစ်မှာ ပြန်လည်ပြုပြင် တည်ဆောက်ပေးခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အတွက် ဘုန်း တော်ကြီးကျောင်း တွေ၊ စေတီတွေအပြင် ဉာဏ်တော် အတောင် ၈၀ ရှိတဲ့ အယရတေဇလာဘမုနိ စေတီတော်ကို တည်ထား ကိုး ကွယ်ထားပါတယ်။ ဒါ့အပြင် နားရိုင်းဒေသမှာ ရဟန္တာ ခြေတော် ရာကိုလည်း ဖူးတွေ့နိုင်ပါတယ်။
.
နားရိုင်းဒေသ အတွင်းမှာ ဆောက်လက်စ တိုက်ငယ်ပေါင်း များစွာကို မြင်တွေ့ရတာဟာလည်း ဒေသတွင်း ဖွံ့ဖြိုးမှုကို ထင် ဟပ်လို့ နေပါတယ်။ နားရိုင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ အခြေစိုက် တဲ့ နားရိုင်းဒေသဟာ မြို့ပြဒေသ မဟုတ်ပေမဲ့လည်း လက်ရှိမှာ ဖွံ့ဖြိုးမှုတွေ အချိန်နဲ့အမျှ တိုးတက်လာနေတာမို့ အနာဂတ်ရဲ့ မြို့ပြ တစ်ခု ဖြစ်လာနိုင်တဲ့ နားရိုင်းဒေသကို သွားရောက် လည် ပတ်ပြီး သဘာဝ အလှတွေကို ရှုစားပြီး အပန်းဖြေဖို့ လမ်းညွှန် ရင်း အနာဂတ် မြို့ပြနားရိုင်း ဒေသအကြောင်းကို တင်ဆက် လိုက်ရပါတယ်။

Journal Download

Photo of three cats